ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ပထမအကျော့ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဒေါ့မန်နဲ့ လိုင်လီတို့ SIGNAL IDUNA PARK မှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာလည်း အဝေးကွင်းမှာ လာရောက် ကစားခဲ့တဲ့ လိုင်လီက ပိုကောင်းတဲ့ ခြေစွမ်းကို ပြသနိုင်ခဲ့ပြီးတော့ သရေရအောင် ယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ဒေါ့မန်က အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ ကိုဘယ်၊ ရိုင်ယာဆန်၊ ချန်၊ ရှလော့တ်တာဘက်ခ်၊ ဆဗန်ဆန်၊ ဆာဘစ်ဇာ၊ ဂရော့စ်၊ အဒီယီမီ၊ ဘရန့်တ်၊ ဂစ်တန်စ်၊ ဂူယက်ဆီ တို့ ပါဝင်ကစားခဲ့ကြပါတယ်။ လိုင်လီ ဘက်မှာတော့ အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပေမယ့် ဂျွန်နသန် ဒေးဗစ်ကို တိုက်စစ်မှာ ဦးဆောင်စေပြီး ဟာရဲလ်ဆန်၊ မူကာအူ၊ အီသန် အမ်ဘာပေး၊ ဘူရက်ဒီ၊ အန်ဒရီ၊ အစ္စမေလီ၊ ရီဘိုင်ရို၊ ဒီယာကိုက်၊ မူနီယာ၊ ချီဗေလီယာ တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။
ပထမပိုင်းဟာ ဒေါ့မန် အတွက်လို့ ပြောနိုင်ပြီး ပွဲကစားချိန် အများစုမှာ ပြိုင်ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၂၂ မိနစ်မှာ ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပြီးတော့ ဒီဂိုး ကိုတော့ တောင်ပံ ကစားသမား အဒီယီမီက ၁၈ ကိုက် စည်းထိပ် ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် နှစ်သင်းစလုံး အပိုင်အခွင့်အရေး ကိုယ်စီ ရရှိခဲ့ပေမယ့် ကန်သွင်းချက်တွေက ဂိုးတိုင်ဘေး ကနေ ကပ်ပြီး ထွက်နေခဲ့လို့ ဂိုးတွေတော့ မရခဲ့ပါဘူး။ ပထမပိုင်း ပြီးခါနီးမှာ ပါစကယ် ဂရော့စ်က ဒေါ့မန် အတွက် ဒုတိယမြောက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် လူကျွံနေလို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ကတော့ လိုင်လီ အတွက်ပဲ ဖြစ်ခဲ့ပြီး တင်ကစားသလောက် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ လိုင်လီက တောင်ပံတွေ ကနေ တဆင့် ဖြတ်တင်ဘောတွေနဲ့ ဒေါ့မန် ခံစစ်ကို ဆက်တိုက် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၈ မိနစ် မှာတော့ ဂျွန်နသန် ဒေးဗစ်ရဲ့ ဖန်တီးပေးမှု ကနေ ဟာရဲလ်ဆင်က အကောင်းဆုံး အဆုံးသတ်ခဲ့တာ ဖြစ်ပြီး လိုင်လီ အတွက် ဒီနေ့ပွဲရဲ့ ပထမဦးဆုံး ဂိုးပေါက်တည့် ကန်ချက် ကနေ သွင်းဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချေပဂိုး ပေးလိုက်ရချိန်မှာ ဒေါ့မန်တို့ ကစားပုံ သိသိသာသာ ကျဆင်းသွားပြီး လိုင်လီ ကလည်း ပွဲကို ထိန်းကစားသွားတဲ့ ပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့် လက်ကျန် မိနစ်တွေမှာ ပွဲက တော်တော်လေး အီသွားခဲ့ပြီး စိတ်ဝင်စားစရာလည်း မကောင်းတော့ပါဘူး။ နှစ်သင်းစလုံး လူစား အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပေမယ့် သွင်းဂိုးတွေ ထပ်မရတော့တာကြောင့် ၁-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး ဒုတိယ အကျော့ ကတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာတော့မှာ ဖြစ်ပါတယ်။
ဒီနှစ်သင်းက ပထမဦးဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်လို့ တစ်သင်း အကြောင်း တစ်သင်း ကောင်းကောင်း မသိသေးတာကြောင့်လည်း ကစားရခက်ခဲခဲ့ပုံပါပဲ။ ဒေါ့မန်ဟာ နီကို ကိုဗက် လက်ထက်မှာ ခြေစွမ်းပိုင်း မတည်ငြိမ်သေးသလို ရလဒ်ပိုင်း ကလည်း မတည်ငြိမ်သေးပါဘူး။ ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါမှာ ရုန်းကန်နေရသလို ချန်ပီယံလိဂ် မှာလည်း ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ဖို့ ဆိုရင်တော့ ဒုတိယအကျော့ ပြင်သစ်မြေမှာ ရုန်းကန်ရတော့မှာပါ။ လိုင်လီ ကတော့ နောက်ပိုင်း ပွဲတွေမှာ ခြေစွမ်း မတည်ငြိမ်ပေမယ့် ဒီနေ့ ပွဲမှာတော့ မထင်မှတ်ထားတဲ့ ခြေစွမ်းတွေကို ပြသသွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ အနိုင်၊ အရှုံး အဖြေမပေါ်ခဲ့တာကြောင့်တော့ ဒုတိယအကျော့ ပြင်သစ်မြေမှာ ကစားရမယ့် ပွဲစဉ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ဘယ်အသင်း တက်ရောက်သွားမလဲ ဆိုတာ အဆုံးအဖြတ် ဖြစ်လာတော့မှာပါ။ ဒေါ့မန်တို့ ဒုတိယအကျော့ အဝေးကွင်းမှာ ရလဒ်ကောင်း ရှာဖွေနိုင်မလား။ ဒါမှမဟုတ် လိုင်လီ ကပဲ အိမ်ကွင်း အားသာချက်ကို အသုံးချသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.