နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစွမ်းကျဆင်းနေတဲ့ ဂီရိုနာကို အာဆင်နယ်တို့ အသာရသွားမလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဂီရိုနာ – အာဆင်နယ်

ချန်ပီယံလိဂ် ပွဲစဉ် ၈ ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် အာဆင်နယ်က ဂီရိုနာကို စပိန်မြေမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးထားတဲ့ ဂီရိုနာကို ပုံစံကောင်း ပြန်ရနေတဲ့ အာဆင်နယ်တို့ အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဂီရိုနာက ဒီနှစ် ချန်ပီယံလိဂ် မှာ ၁ ပွဲသာ အနိုင်ရထားပြီး ၆ ပွဲ ရှုံးကာ ရမှတ် ၃ မှတ်နဲ့ စောစောစီးစီး ထွက်ခွာထားရတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပါတယ်။ ဂီရိုနာ အတွက် ဘာမျှော်လင့်ချက်မှ မရှိတော့မယ့် ဂုဏ်သိက္ခာအရတော့ အိမ်ကွင်းမှာ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားလာပါလိမ့်မယ်။ ဂီရိုနာက နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲဆက် အနိုင်ရပြီးနောက် နောက်ဆုံး ၃ ပွဲဆက် ပြန်ရှုံးထားပါတယ်။ ချန်ပီယံလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးထားပေမယ့် နောက်ဆုံး ၃ ပွဲမှာ လစ်ဗာပူးလ်၊ အေစီမီလန် တို့လို အသင်းကြီးတွေကို ၁-၀ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဂီရိုနာက အသင်းကြီးတွေကို မယှဉ်နိုင်လို့သာ ရှုံးထားပေမယ့် ကစားရတော့ ခက်တဲ့ အသင်း ဆိုတာ သေချာပါတယ်။

အာဆင်နယ်က ဒီရာသီ ချန်ပီယံလိဂ် မှာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အတ္တလန္တာနဲ့ သရေ၊ အင်တာမီလန်ကို ရှုံးခဲ့တာက လွဲရင် ကျန်ပွဲတွေမှာ အနိုင်ရထားတာ တွေ့ရပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်ရောက်နိုင်ဖို့ အခြေအနေ ကောင်းနေတဲ့ အာဆင်နယ်

အာဆင်နယ်က ဒီရာသီ ချန်ပီယံလိဂ် မှာ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အတ္တလန္တာနဲ့ သရေ၊ အင်တာမီလန်ကို ရှုံးခဲ့တာက လွဲရင် ကျန်ပွဲတွေမှာ အနိုင်ရထားတာ တွေ့ရပါတယ်။ အာဆင်နယ်က ချန်ပီယံလိဂ် နောက်ဆုံး ၃ ပွဲဆက် ဂိုးပြတ်တွေချည်း အနိုင်ရထားပြီး ရမှတ် ၁၆ မှတ်နဲ့ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်လှမ်းဖို့ ရာနှုန်းပြည့် သေချာနေပြီ ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ရင်တော့ ဂိုးကွာခြားချက်အရ ထိပ်ဆုံး ၈ သင်းထဲ ဝင်နိုင်ဦးမှာပါ။ ဒါကြောင့် ဒီပွဲက နှစ်သင်းစလုံး အတွက် အရေးမကြီးတော့တဲ့ ပွဲလို့ ပြောနိုင်ပြီး ရလဒ်ကောင်း တစ်ခု အတွက်ပဲ ကစားကြမှာ ဖြစ်ပါတယ်။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဂီရိုနာ ဘက်က ဘရိုင်ယန် ဂီးလ်၊ ခရက်စီ၊ ဂူတီယာရက်ဇ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။

အာဆင်နယ် ဘက်မှာတော့ ဘန်ဝှိုက်၊ ဆာကာ၊ ဂျေဇုစ်၊ တိုမီယာဆု တို့ လွဲချော်ဖို့ ရှိပြီး မာရင်နို ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဂီရိုနာ – လိုပက်ဇ်၊ မာတီနက်ဇ်၊ D လိုပက်ဇ်၊ ဂျူအန်ပီ၊ ဖရန့်စ်၊ ရိုမီယူ၊ ဟာရဲရား၊ ဆီဂန်ကော့ဗ်၊ ဗန်ဒီဘိခ်၊ ဒန်ဂျူးမား၊ ရူအစ်ဇ်

အာဆင်နယ် – ရာယာ၊ တင်ဘာ၊ ဆလီဘာ၊ ခီဗီယော၊ လီဝစ် စကယ်လီ၊ အိုဒီဂတ်၊ ဂျော်ဂျင်ဟို၊ ရိုက်စ်၊ နွမ်နရီ၊ ဟာဗက်ဇ်၊ မာတင်နယ်လီ

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ပထမဦးဆုံး အကြိမ် ထိပ်တိုက်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ပြန်ကြည့်ရင်တော့ ဂီရိုနာက ၂ ပွဲနိုင်၊ ၃ ပွဲ ရှုံးထားပြီး အာဆင်နယ်က ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဂီရိုနာ နိုင်ရင် ၄.၅၅ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၆၅ ဆ၊ သရေ ဆိုရင်တော့ ၃.၆၄ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဂီရိုနာက သရေရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး ပြန်ခွာကြေးတွေ ပေးထားပြီး ဂိုးပေါင်းက ၃ လုံး သွင်းဖို့ လိုအပ်ပါတယ်။ လက်ရှိ ခြေစွမ်းအရ ဆိုရင် အာဆင်နယ် အတွက် ဂီရိုနာက ပြိုင်ဘက် ဟုတ်မနေပါဘူး။ ဂီရိုနာက ချန်ပီယံလိဂ်နဲ့ နည်းနည်း စိမ်းတဲ့ အသင်းပီပီ နိုင်ပွဲ ရအောင် မကစားတတ်ပါဘူး။ အာဆင်နယ်တို့ နောက်တစ်ဆင့်ကို တိုက်ရိုက်တက်ရောက်ဖို့ သေချာနေပေမယ့် ပိုသေချာအောင်လို့တော့ အနိုင်ကစားပါလိမ့်မယ်။ အာဆင်နယ် အနိုင်သေချာပြီး ဂိုးလည်း ပြတ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်

ဂီရိုနာ ၀-၂ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်