နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်တို့ ယူရိုပါလိဂ် ချန်ပီယံကို အဝေးကွင်းမှာ အသာရသွားနိုင်မလား | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

အတ္တလန္တာ – အာဆင်နယ်

အခုတစ်ပတ် လာမယ့် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲ အချိန်မှာလည်း ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး‌တော့ အာဆင်နယ်က အတ္တလန္တာရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာပါ။

အတ္တလန္တာက ပြီးခဲ့တဲ့ နှစ် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ခဲ့ပြီးနောက် ချန်ပီယံလိဂ် ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ယူအီးအက်ဖ်အေ စူပါဖလား ပွဲစဉ်မှာ ရှုံးနိမ့်ပြီး ကတည်းက ရာသီသစ်မှာ နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၂ ပွဲ ရှိထားပါတယ်။ ဂတ်စ်ပီရီနီရဲ့ အသင်းက နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၂-၀၊ တိုရီနိုကို ၂-၁၊ အင်တာမီလန်ကို ၄-၀ ရလဒ်တွေနဲ့ ရှုံးနိမ့်ခဲ့ပြီး လက်ချီ ကိုတော့ ၀-၄၊ ဖီအိုရင်တီးနား ကိုတော့ ၃-၂ ရလဒ်တွေနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်း အရတော့ အတ္တလန္တာက လုံးဝ တည်ငြိမ်ခြင်း မရှိသေးပဲ ယုံကြည်ရခက်တဲ့ အခြေအနေ ဖြစ်ပါတယ်။

အာဆင်နယ် ကတော့ ရာသီသစ်မှာ ရှုံးပွဲ လုံးဝ မရှိသေးပဲ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျထားပါတယ်။ ဘရိုက်တန်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး သရေကျခဲ့တာက လွဲရင် အာဆင်နယ်ဟာ ခြေစွမ်းပိုင်း မဆိုးခဲ့ပါဘူး။ ပြီးခဲ့တဲ့ ပွဲမှာလည်း မြောက်လန်ဒန် ခါးသီး ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ခြေစွမ်းနိမ့်ပါးစွာ ကစားခဲ့ရပေမယ့် သူတို့ လိုချင်တဲ့ နိုင်ပွဲ ကိုတော့ ဂါဘရီရယ်ရဲ့ ခေါင်းတိုက် သွင်းဂိုးနဲ့ အရ ယူနိုင်ခဲ့ပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် အာဆင်နယ်က အဓိက ကစားသမားတွေ မပါဝင်နိုင်ရင်တောင်မှ နိုင်ပွဲ ဘယ်လို ရအောင် ကစားမလဲ ဆိုတာ ကောင်းကောင်း နားလည်နေတယ်ဆိုတာ သိသာပါတယ်။ နောက်ပြီး ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် ဖြစ်နေတာကြောင့်လည်း အာဆင်နယ်တို့ အနိုင်ကစားဖို့ မျှော်လင့်ထားမှာပါ။

 

နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ အိမ်ရှင် အသင်း ဘက်က ဘန်ဂေါ့ဖရေး၊ ဆကမ်မက်ကာ၊ ဆကယ်လ်ဗီနီ၊ တိုလွိုင်း တို့ လွဲချော်မှာ ဖြစ်ပါတယ်။ 

အာဆင်နယ် ဘက်မှာတော့ ကွင်းလယ်က ရိုက်စ် ပြန်လည် ပါဝင်လာဖို့ ရှိနေပြီးတော့ ဇင်ချန်ကို၊ ဆာကာ၊ တီယာနေး၊ ကာလာဖီအိုရီ တို့ကတော့ ပါဝင်ကစားဖို့ မသေချာသေးပါဘူး။ ဒါ့အပြင် မာတင် အိုဒီဂတ်၊ မီခဲလ် မာရင်နိုနဲ့ တိုမီယာဆု တို့ ကတော့ ကျိန်းသေပေါက် လွဲချော်မှာ ဖြစ်ပါတယ်။

 

ဖြစ်နိုင်ဖွယ် လူစာရင်း 

နောက်ပြီး ချန်ပီယံလိဂ် အဖွင့် ပွဲစဉ် ဖြစ်နေတာကြောင့်လည်း အာဆင်နယ်တို့ အနိုင်ကစားဖို့ မျှော်လင့်ထားမှာပါ။
နောက်ဆုံး ၆ ပွဲဆက် မရှုံးထားတဲ့ အာဆင်နယ်

အတ္တလန္တာ – ကာနက်ဆက်ချီ၊ ဂျင်မ်စီတီ၊ ဟိန်း၊ ကိုလာဆီနက်ချ်၊ ဘယ်လာနိုဗာ၊ အီဒါဆင်၊ ဒီရွန်၊ ရူဂါရီ၊ ဒီ ကယ်တယ်လာရီ၊ လွတ်ခ်မန်း၊ ရတ်တီဂူအီ

အာဆင်နယ် – ရာယာ၊ ဝှိုက်၊ ဆလီဘာ၊ ဂါဘရီရယ်၊ တင်ဘာ၊ ရိုက်စ်၊ ပါတေး၊ ဆာကာ၊ ထရော့ဆက်ဒ်၊ စတာလင်၊ ဟာဗက်ဇ်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း ဥရောပ ပြိုင်ပွဲ တစ်ခုမှာ ပထမဦးဆုံး အကြိမ် အဖြစ် ထိပ်တိုက် တွေ့ဆုံ ကစားကြမှာလည်း ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ  အတ္တလန္တာ နိုင်ရင် ၃.၆၄ ဆ၊ အာဆင်နယ် နိုင်ရင် ၁.၈၇ ဆ၊ သရေ ဆိုရင်တော့ ၃.၄၃ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အာဆင်နယ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ဖွင့်ပေးထားပြီးတော့ ဂိုးပေါင်း ကတော့ နှစ်သင်းပေါင်း ၃ လုံး သွင်းမှ ဂိုးပေါ်သမားတွေ ပျော်ရွှင်ရမယ့် ကြေးမျိုး ဖြစ်ပါတယ်။ အာဆင်နယ်က လက်တလောမှာ ဒဏ်ရာရ ကစားသမားတွေ များနေပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ ကစားနေတာ တွေ့ရပါတယ်။ အရင်နဲ့ မတူတာက မီခဲလ် အာတေးတားရဲ့ အသင်းက နိုင်ပွဲ တစ်ပွဲကို ဘယ်လို ပုံစံနဲ့ ရအောင် ကစားမလဲ ဆိုတာ သိလာခဲ့တာ ဖြစ်ပါတယ်။ အတ္တလန္တာ ကတော့ ရာသီသစ်မှာ ခြေစွမ်းပိုင်း မတည်ငြိမ်သေးပါဘူး။ အိမ်ကွင်းမှာ ကစားရမှာ မှန်ပေမယ့် အဖွင့်ပွဲမှာ ရလဒ်ကောင်းချင်နေမယ့် အာဆင်နယ် ကိုတော့ ယှဉ်နိုင်မယ် မထင်ပါဘူး။ အာဆင်နယ်တို့ အဝေးကွင်းမှာ ၁-၂ လောက်နဲ့ အနိုင်ရသွားမယ် ထင်ပါတယ်။

 

ခန့်မှန်းရလဒ်

အတ္တလန္တာ ၁-၂ အာဆင်နယ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်