နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တူရင်မှာ ရုန်းကန်ရဦးမယ့် အပြာရောင် မန်ချက်စတာ | ချန်ပီယံလိဂ် (ပွဲကြိုသုံးသပ်ချက်)

ဂျူဗင်တပ်စ် – မန်ချက်စတာစီးတီး

ချန်ပီယံလိဂ် လိဂ် အဆင့် ပွဲစဉ် ၆ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ဂျူဗင်တပ်စ်တို့ မန်ချက်စတာစီးတီးကို အလိုင်းရန့်ဇ်မှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ရလဒ်တွေ ယိမ်းယိုင်နေတဲ့ အသင်းကြီး နှစ်သင်း ဘယ်အသင်းက အသာရသွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

နည်းပြ သီယာဂို မော့တာရဲ့ ဂျူဗင်တပ်စ်က ဒီရာသီမှာ ရှုံးပွဲ မရှိသလောက် နည်းနေပေမယ့် သရေ ပွဲကတော့ တော်တော်လေး များနေတယ်လို့ ပြောရပါမယ်။ ဂျူဗင်တပ်စ်က စီးရီးအေ မှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေပေမယ့် နိုင်ပွဲထက် သရေ ပွဲက ပိုများနေပြီး ၉ ပွဲ အထိ ရှိထားတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်က ချန်ပီယံလိဂ် မှာတော့ ၂ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး စတုဂတ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဂျူဗင်တပ်စ်က ရမှတ် ၈ မှတ်နဲ့ အတူ လိဂ် အမှတ်ပေးဇယား အဆင့် ၁၉ နေရာမှာ ရှိနေပြီး နောက်တစ်ဆင့် တက်ရေး အတွက် ရလဒ်ကောင်းဖို့ လိုအပ်နေတဲ့ အသင်း ဖြစ်ပါတယ်။

ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကတော့ အားလုံး သိထားကြတဲ့ အတိုင်း ဒီရာသီမှာ တော်တော်လေး ရုန်းကန်နေရပါတယ်။ မန်စီးတီးက နောက်ဆုံး ၉ ပွဲမှာ နော့တင်ဟမ်ဖောရက်စ် တစ်သင်း ကိုသာ အနိုင်ရထားပြီးတော့ သရေ ၂ ပွဲနဲ့ ရှုံးပွဲ ကတော့ ၆ ပွဲအထိ ရှိထားပါတယ်။ ချန်ပီယံလိဂ် မှာလည်း ၂ ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ထားသလို ဂျူဗင်တပ်စ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့်သာ အဆင့် ၁၇ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းက ခြေစွမ်း တော်တော်လေး ကျဆင်းနေသလို စိတ်ဓာတ်ပိုင်း ကလည်း ရှုံးပွဲတွေ ဆက်ခဲ့တာကြောင့် ရုန်းထဖို့ ခက်ခဲနေဆဲပါ။ မန်စီးတီးရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၄ ပွဲ အထိ ရှုံးနိမ့်ထားတာကြောင့် အားရစရာတော့ မရှိပါဘူး။

 

နှစ်ဖက်အသင်း သတင်းများ

ချန်ပီယံလိဂ် မှာတော့ ၂၀၁၅ ခုနှစ်က နောက်ဆုံး တွေ့ဆုံထားပြီးတော့ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး မန်စီးတီးကို အနိုင်ရထားတာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ မန်စီးတီး

အခုပွဲကိုတော့ ဂျူဗင်တပ်စ် ဘက်က အဓိက ကစားသမားတွေ ဖြစ်တဲ့ ကမ်ဘီယာဆို၊ မီလစ်ခ်၊ ဘရီမာ၊ ကာဘယ်တို့ လွဲချော်ဖို့ ရှိပြီး ဂွန်ဇာလက်ဇ် ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

မန်စီးတီး ဘက်မှာတော့ ရိုဒရီ ကျိန်းသေပေါက် လွဲမှာ ဖြစ်သလို ဖိုဒန် ကလည်း အဖျားကြောင့် ပါလာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် အာကန်ဂျီ ပါဝင်ကစားဖို့ မသေချာသေးကြောင်း သိရပြီး ကိုဗာချစ်၊ နေသန် အေခီ၊ ဘော့ဘ် တို့လည်း လွဲချော်ကြမှာပါ။

 

ဖြစ်နိုင်ဖွယ် လူစာရင်း

ဂျူဗင်တပ်စ် – ပီရင်၊ ဆာဗွန်နာ၊ ကာလူလူ၊ ဂတ်တီ၊ ဒန်နီလို၊ လိုကတ်တယ်လီ၊ သူရမ်၊ ကွန်ဆီကာအို၊ ကူ့ပ်မိုင်းနားစ်၊ ဝီယာ့ရ်၊ ဗလာဟိုဗစ်

မန်ချက်စတာစီးတီး – အော်တီဂါ၊ ဝေါလ်ကာ၊ ဒီးရာ့စ်၊ ဂဗာဒီယိုလ်၊ လီဝစ်၊ ဂွန်ဒိုအန်၊ ဆာဗင်ဟို၊ ဒီဘရွန်းနား၊ ဆေးလ်ဗား၊ နူညက်စ်၊ ဟာလန်း

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ဥရောပအဆင့်မှာ ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီးတော့ ဂျူဗင်တပ်စ်က ၂ ကြိမ်နိုင်၊ ၂ ကြိမ် သရေနဲ့ မန်စီးတီးကို လုံးဝ မရှုံးထားပါဘူး။ ချန်ပီယံလိဂ် မှာတော့ ၂၀၁၅ ခုနှစ်က နောက်ဆုံး တွေ့ဆုံထားပြီးတော့ ဂျူဗင်တပ်စ်ဟာ အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး မန်စီးတီးကို အနိုင်ရထားတာ ဖြစ်ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဂျူဗင်တပ်စ် နိုင်ရင် ၃.၃၆ ဆ၊ မန်ချက်စတာစီးတီး နိုင်ရင် ၂.၀၅ ဆ၊ သရေ ဆိုရင်တော့ ၃.၁၇ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ အဝေးကွင်းမှာ လာရောက် ကစားရမယ့် မန်စီးတီးက သရေ အရှုံး၊ တစ်လုံး တစ်ဝက်စား ကြေးတွေ ပေးထားတာက နည်းနည်းတော့ ထူးဆန်းပါတယ်။ ဂိုးပေါင်းကြေး ကလည်း ဂိုးအောက်သွားဖို့ ဦးတည်နေတဲ့ အခြေအနေပါ။ လက်ရှိမှာ ခြေစွမ်းပိုင်းအရ နှစ်သင်းစလုံး အားရစရာ မရှိဘူး ဆိုပေမယ့် မန်စီးတီး အနေနဲ့ ဂျူဗင်တပ်စ်ကို အဝေးကွင်းမှာ အနိုင်ကန်နိုင်မယ်လို့ ယုံကြည်ချက် မရှိပါဘူး။ သရေ ရလဒ်ကိုပဲ အရဲစွန့် ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ်

ဂျူဗင်တပ်စ် ၁-၁ မန်ချက်စတာစီးတီး

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်