နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ် အသင်းသားတွေ ချန်ပီယံလိဂ် Mode ဝင်နေပြီ ဆိုတဲ့ အန်ဆယ်လော့တီ | ချန်ပီယံလိဂ်

countdown banner

လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် နည်းပြ ကာလို အန်ဆယ်လော့တီက သူ့ရဲ့ နည်းပြ ဘဝ ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဆင်နွှဲဖို ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အီတလီ လူမျိုး နည်းပြကြီးက ဒေါ့မန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အတွက် စိတ်လှုပ်ရှားနေခြင်း မရှိပဲ လက်ရှိ အချိန်မှာ ပျော်ရွှင်တဲ့ ရက်သတ္တပတ် အဖြစ် ဖြတ်သန်းရမယ်လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဇွန်လ ၂ ရက်နေ့ အင်္ဂလန် နိုင်ငံက ဝင်ဘလေကွင်းမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဒေါ့မန်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမှာ ဖြစ်ပြီး သူတို့ အသင်း အတွက် စံချိန်တင် ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီးနဲ့ ဘေယန်မြူးနစ် အသင်းတွေကို ကျော်ဖြတ်လာခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ဖလားကို ၁၅ ကြိမ် အထိ စံချိန်တင် ကိုင်မြှောက်နိုင်ဖို့ စိတ်အားထက်သန်နေသလို အများစု ကလည်း ဒီနှစ် ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်ပဲ ဗိုလ်စွဲလိမ့်ဦးမယ်လို့ တွက်ဆထားကြတာ ဖြစ်ပါတယ်။

အန်ဆယ်လော့တီဟာ ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ကစားသမားဘဝမှာ ၃ ကြိမ်၊ နည်းပြ ဘဝမှာတော့ ၆ ကြိမ် အထိ တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဗိုလ်လုပွဲ နောက်ဆုံး ၅ ကြိမ်မှာ ချန်ပီယံ ၄ ကြိမ် ဖြစ်ထားတဲ့ ဒီနည်းပြကြီးဟာ အေစီမီလန်နဲ့ ၂ ကြိမ်၊ ရီးရဲလ်မက်ဒရစ်နဲ့ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားတာပါ။

ဒါပေမယ့်လည်း အန်ဆယ်လော့တီဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ပီအက်စ်ဂျီ တို့ကို အနိုင်ယူ ကျော်ဖြတ်လာခဲ့တဲ့ ဒေါ့မန်နဲ့ သူတို့ရဲ့ ကစားသမားတွေကို လျှော့တွက်လို့ မရကြောင်း ပြောကြားခဲ့ပါတယ်။

အန်ဆယ်လော့တီက “ပျော်ရွှင်ဖို့ ရက်သတ္တပတ် ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေ၊ ပြိုင်ဘက်တွေနဲ့ အတူ သောကြာနေ့ မတိုင်ခင် အထိ ပျော်ရွှင်နေရပါလိမ့်မယ်။ ဗိုလ်လုပွဲ ရောက်တာက အမြဲတမ်း အောင်မြင်မှု တစ်ခုပါ။ ကျွန်တော်တို့ ရေပန်းစားနေတယ် ဆိုတာကို ခေါင်းထဲ မထည့်ထားပါဘူး။ အရမ်းကောင်းတဲ့ အသင်းတစ်သင်းနဲ့ ကစားရမှာပါ၊ သူတို့ဟာ ဘယ်လောက်ကောင်းကြောင်း သက်သေပြထားပြီးသားပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မန် တို့ဟာ ချန်ပီယံလိဂ်မှာ ၁၀ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်က ၄ ကြိမ်နိုင်၊ ဒေါ့မန်က ၃ ကြိမ် နိုင်၊ ၃ ကြိမ် ကတော့ သရေကျထားခဲ့ပါတယ်။
ချန်ပီယံလိဂ် ဖလားကို ၁၅ ကြိမ်မြောက် ဗိုလ်စွဲနိုင်ဖို့ ရေပန်းစားနေတဲ့ ရီးရဲလ်မက်ဒရစ်

“ ပွဲကြီးတစ်ပွဲ အတွက် ဘယ်လိုမျိုး တည်ဆောက်ထားရမလဲ ဆိုတာ အမြဲတမ်း အတူတူပါပဲ၊ ပျော်ရွှင်မှုတွေ ပြီးရင်တော့ စိတ်ပူပန်စရာတွေ လာတော့မှာပါပဲ။ အကြောက်တရားတွေ ရှိလာမှာ ဖြစ်ပေမယ့် အဲဒါတွေကို ပျော်ပျော်ကြီး ကျွန်တော်တို့ ရင်ဆိုင်သွားမှာပါ” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အန်ဆယ်လော့တီက “စနေနေ့ မွန်းလွဲပိုင်းဆို ချွေးစေးတွေ ထွက်လာပါလိမ့်မယ်။ ဒါက ပုံမှန်ပါပဲ၊ ကျွန်တော်တို့မှာ ပွဲအတွေ့အကြုံတွေ ရှိပါတယ်။ ကျွန်တော့် အသင်း အပေါ် အများကြီး ယုံကြည်မှု ရှိတယ်။ သူတို့ဟာ ချန်ပီယံလိဂ် မုဒ် ဝင်နေပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဒေါ့မန် တို့ဟာ ချန်ပီယံလိဂ် မှာ ၁၀ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပြီး ရီးရဲလ်မက်ဒရစ်က ၄ ကြိမ်နိုင်၊ ဒေါ့မန်က ၃ ကြိမ် နိုင်၊ ၃ ကြိမ် ကတော့ သရေကျထားခဲ့ပါတယ်။ အုပ်စု အဆင့် မဟုတ်တဲ့ ဖိုင်နယ် အဆင့် မှာတော့ ၄ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး နှစ်ကြိမ်စီ အနိုင်ရထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒေါ့မန်ဟာ လက်ရှိမှာ ရီးရဲလ်မက်ဒရစ် ထက် အဘက်ဘက်မှာ အားနည်းနေပေမယ့် အစဉ်အလာ အရတော့ ဒုက္ခပေးတတ်တဲ့ အသင်းလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်