နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ချဲလ်ဆီးက လွဲလို့ အသင်းကြီး အားလုံး အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် ၆ ပထမနေ့ ပွဲစဉ်များ

ဒီကနေ့ မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ မှာတော့ အသင်းကြီးတွေထဲက ချဲလ်ဆီး တစ်သင်းသာ ရှုံးနိမ့်ခဲ့ပါတယ်။ လစ်ဗာပူးလ်၊ ဘေယန်မြူးနစ်၊ ဘာစီလိုနာ၊ အက်တလက်တီကိုမက်ဒရစ်၊ စပါးနဲ့ မာဆေးလ်တို့ အနိုင်ရခဲ့ကြပြီး ကမ္ဘာ့ချန်ပီယံ ကလပ် ချဲလ်ဆီး ကတော့ စီးရီးအေ အလယ်အလတ် ကလပ် အတ္တလန္တာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်နဲ့ စပို့တင်းလစ္စဘွန်း ပွဲမှာတော့ ဂျာမန် ကလပ်က ပြိုင်ဘက်ကို ကင်မစ်ချ်ရဲ့ OG နဲ့ ဦးဆောင်ဂိုး စတင် ခွင့်ပြုပေးခဲ့ရပေမယ့် ချေပဂိုးတွေ ပြန်သွင်းပြီး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် အတွက် ဂိုးတွေ ကိုတော့ ဂနာဘရီ၊ ကားလ်နဲ့ တာ့ရ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘေယန်က နိုင်ပွဲ ပြန်လည် ရရှိခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ဆက်လက် ရပ်တည်နေပါတယ်။

အင်တာမီလန်နဲ့ လစ်ဗာပူးလ် ပွဲမှာတော့ လစ်ဗာပူးလ်က ပွဲချိန် ၈၈ မိနစ်မှာ ရရှိတဲ့ ဒေါမနစ် ဆဘို့ဇ်လိုင်းရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ လစ်ဗာပူးလ်က အဝေးကွင်းမှာ လာရောက် ကစားခဲ့ပေမယ့် အင်တာကို အဘက်ဘက်က အသာစီးနဲ့ ကစားခဲ့ပြီးတော့ ထိုက်တန်တဲ့ နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် လစ်ဗာပူးလ်က ရမှတ် ၁၂ မှတ်နဲ့ အတူ အမှတ်ပေးဇယား အဆင့် ၈ နေရာကို ယာယီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဖိအားတွေ များနေတဲ့ လစ်ဗာပူးလ် အတွက် ဒီချန်ပီယံလိဂ် နိုင်ပွဲက တော်တော်လေး အရေးပါခဲ့ပြီး ဆာလာ မပါပဲ နိုင်ပွဲရအောင်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အတ္တလန္တာဟာ ချန်ပီယံလိဂ်မှာ ပုံစံကောင်းတွေ ပြသနေတဲ့ အသင်းဖြစ်တာကြောင့် ချဲလ်ဆီးတို့ အတွက် အစစအရာရာ ခက်ခဲခဲ့ရပြီး စီးရီးအေ ကလပ်က ချဲလ်ဆီးကို အနိုင်ယူပြီး အဆင့် ၃ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့ ချဲလ်ဆီး

နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ချဲလ်ဆီးက အတ္တလန္တာကို အီတလီမြေမှာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပက်ဒရို၊ အန်ဇို ဖာနန်ဒက်ဇ်၊ နက်တို၊ ဂစ်တန်းစ် စတဲ့ တိုက်စစ် ကစားသမား အစုံအလင်နဲ့ အဝေးကွင်းကို လာရောက် ရင်ဆိုင်ခဲ့ပေမယ့် အိမ်ရှင် အတ္တလန္တာက အမှားအယွင်း မရှိ ကစားနိုင်ခဲ့ပြီး ချဲလ်ဆီးကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ပြန်လည် အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။ ယာအို ပက်ဒရိုက ၂၅ မိနစ်မှာ ကတည်းက ချဲလ်ဆီး အတွက် အဖွင့်ဂိုး စတင် သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပေမယ့် စကမ်မက်ကာ နဲ့ ကတ်တယ်လာရီ တို့က ဒုတိယပိုင်းမှာ အတ္တလန္တာ အတွက် ချေပဂိုးနဲ့ အနိုင်ဂိုး အသီးသီး သွင်းယူပေးနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အတ္တလန္တာဟာ ချန်ပီယံလိဂ်မှာ ပုံစံကောင်းတွေ ပြသနေတဲ့ အသင်းဖြစ်တာကြောင့် ချဲလ်ဆီးတို့ အတွက် အစစအရာရာ ခက်ခဲခဲ့ရပြီး စီးရီးအေ ကလပ်က ချဲလ်ဆီးကို အနိုင်ယူပြီး အဆင့် ၃ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာ ကတော့ ဖရန့်ဖတ်ကို နူးကမ့်ပ်မှာ နောက်ခံလူ ဂျူးလ်စ် ကွန်ဒေးရဲ့ သွင်းဂိုးတွေနဲ့ ၂-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ဖရန့်ဖတ်က ကေနော့ဖ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ကွန်ဒေးက ဒုတိယပိုင်း မိနစ် ၅၀ နဲ့ ၅၃ မိနစ် တို့မှာ နှစ်ဂိုးဆက် သွင်းယူပြီး ဘာဆာ အတွက် နိုင်ပွဲ ပြန်လည် ရှာဖွေပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာက အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေခဲ့ပြီး ဖရန့်ဖတ် ကတော့ အဆင့် ၃၀ နေရာမှာ ရှိနေခဲ့ပါတယ်။

တခြားသော ပွဲစဉ်တွေ မှာတော့ မိုနာကိုက ဂါလာတာဆာရေးကို ၁-၀၊ အက်တလက်တီကိုမက်ဒရစ်က ပီအက်စ်ဗွီကို ၂-၃၊ စပါးက ဆလားဗီးယားပရက်ဂ်ကို ၃-၀၊ မာဆေးလ်က ယူနီယံစိန့်ဂလွိုက်စ်ကို ၂-၃ ရလဒ်တွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်