နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အသင်းကို ဟန်ချက်ညီ မှန်ကန်စေဖို့ ကြိုးစားနေရဆဲ ဖြစ်ကြောင်း ဝန်ခံလာခဲ့တဲ့ အေစီမီလန် နည်းပြ ကွန်ဆီကာအို | ချန်ပီယံလိဂ်

အေစီမီလန် ကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ပလေးအော့ဖ် ပွဲစဉ်မှာ ဖီယင်နော့ဒ်ကို ၁-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲမှာ အေစီမီလန်က ပြိုင်ဘက် တောင်ပံ ကစားသမား ပိုင်ရှိုရဲ့ ပွဲချိန် ၃ မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ အေစီမီလန်က တိုက်စစ်မှူး ၄ ဦးစလုံးကို အတူတကွ အသုံးပြုခဲ့ပေမယ့် လိုအပ်နေတဲ့ ဂိုးတွေတော့ ရှာဖွေနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါကြောင့် ပွဲအပြီးမှာ အေစီမီလန် နည်းပြ ဆာဂျီယို ကွန်ဆီကာအိုက သူ့ အနေနဲ့ အသင်းကို ဟန်ချက်ညီ မှန်ကန်စေဖို့ ကြိုးစားနေရဆဲ ဖြစ်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ကွန်ဆီကာအိုက “ကျွန်တော်တို့ ဒီပွဲကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားသလိုမျိုး ပြင်ဆင်ခဲ့ပါတယ်။ ဒီမှာ အလုပ်လုပ်ရတာ ဘယ်လောက်ခက်ခဲတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် အရင်က ကစားသမား တစ်ယောက် ဖြစ်ခဲ့ပြီးတော့ နည်းပြ အဖြစ်လည်း ၁၄ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အောက်တန်းလိဂ်က ပြိုင်ဘက်တွေနဲ့ ချန်ပီယံလိဂ် ပြိုင်ဘက်တွေကို တန်းတူ လေးစားမှုထားပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “လူတိုင်းက သုံးသပ်ရင်တော့ ဆရာကြီးတွေပါပဲ။ ပွဲမစခင် ကတည်းက ကျွန်တော့် အနေနဲ့ အဲဒီ ၄ ဦးကို ဘာလို့ တပြိုင်နက်တည်း သုံးတယ် ဆိုတာ သိချင်နေကြမှန်း သိပါတယ်။ ဒါပေမယ့် နောက်ထပ် ကစားသမား ၇ ယောက်လည်း ရှိပါသေးတယ်။ ကျွန်တော် ကတော့ အသင်း အတွက် ဟန်ချက်ညီမှု ရှာဖွေရမှာ ဖြစ်ပြီး အဲဒါကို လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။” လို့ ကွန်ဆီကာအိုက ပြောကြားသွားခဲ့ပါတယ်။

အေစီမီလန်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် နောက်ဆုံး အဝေးကွင်း ၁၂ ပွဲမှာ ၄ ပွဲသရေ၊ ၈ ပွဲ ရှုံးပြီး နိုင်ပွဲ မရသေးပါဘူး။
ဖီယင်နော့ဒ်ကို ဒုတိယအကျော့ အဖြစ် ဆန်စီရိုမှာ ရင်ဆိုင်ရမယ့် အေစီမီလန်

အေစီမီလန် အနေနဲ့ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်ကို တက်လှမ်းဖို့ ဆိုရင်တော့ ဒုတိယအကျော့ ဆန်စီရိုမှာ ပထမအကျော့ အရှုံးကို ပြန်လည် ချေဖျက်နိုင်ဖို့ လိုအပ်သွားခဲ့ပြီလည်း ဖြစ်ပါတယ်။ ညက ပွဲမှာ အေစီမီလန် တိုက်စစ်က ဆာဂျီယို ဂျင်မီနက်ဇ်၊ ယာအို ဖီးလစ်၊ ရာဖေးလ် လီယောင်၊ ပူလီဆစ်တို့ ပါဝင်ခဲ့သလို ချူကွီဇီ၊ ကာမာဒါ၊ အေဘရာဟမ် တို့လည်း လူစားလဲ ဝင်ရောက် ကစားခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အေစီမီလန်တို့ တစ်ပွဲလုံး ဂိုးပေါက် ကန်ချက် စုစုပေါင်း ၁၂ ကြိမ် ပြုလုပ်ခဲ့သလို ဂိုးပေါက် တည့်မှု ၆ ကြိမ် ရှိခဲ့ပေမယ့် သွင်းဂိုးတော့ မရခဲ့ပါဘူး။

အေစီမီလန်ဟာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် နောက်ဆုံး အဝေးကွင်း ၁၂ ပွဲမှာ ၄ ပွဲသရေ၊ ၈ ပွဲ ရှုံးပြီး နိုင်ပွဲ မရသေးပါဘူး။ ဒါ့အပြင် အေစီမီလန်ဟာ ဒီရာသီ ပြိုင်ပွဲစုံ အရပ်ရပ် အဝေးကွင်း ရှုံးပွဲ ၄၄ ရာခိုင်နှုန်း (၁၆ ပွဲ ကစား၊ ၇ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၇ ပွဲ ရှုံး) ရှိထားပါတယ်။ ဒါဟာ ၂၀၁၃/၂၀၁၄ ဘောလုံးရာသီ နောက်ပိုင်း ဆိုးရွားတဲ့ ရှုံးပွဲ ရာခိုင်နှုန်းလည်း ဖြစ်ပါတယ်။ဒါပေမယ့်လည်း ကွန်ဆီကာအို အနေနဲ့ လာမယ့် ဒုတိယအကျော့ ဆန်စီရိုမှာ ကစားမယ့် ပွဲစဉ် မှာတော့ သူ့ရဲ့ အသင်းက အခုထက် ပိုပြီး တိုးတက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အေစီမီလန်နဲ့ ဖီယင်နော့ဒ် တို့ဟာ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ အဖြစ် လာမယ့် တစ်ပတ် ဗုဒ္ဓဟူးနေ့ ဆန်စီရိုကွင်းမှာ ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။ သေချာတာ ကတော့ ၁၆ သင်း အဆင့်ကို ဘယ်အသင်း တက်လှမ်းလှမ်း အာဆင်နယ် သို့မဟုတ် အင်တာမီလန်နဲ့ တွေ့ဆုံရမှာ ဖြစ်လို့ ကျိန်းသေပေါက် ခက်ခဲဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်