နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အတက်ကြမ်းနေတဲ့ ဝက်စ်ဟမ်းကို ငှက်ကြားတွေ တားဆီးနိုင်မှာလား – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

နယူးကာဆယ် – ဝက်စ်ဟမ်း

အခုတစ်ပတ်မှာ ပိတ်ရက်မှာတော့ ထုံးစံအတိုင်း ပရီးမီးယားလိဂ် ပွဲစဉ်တွေ ဆက်ကစားဖို့ ရှိပြီး ခြေတက်နေတဲ့ ဝက်စ်ဟမ်း ကတော့ နယူးကားဆယ် အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ် ကလည်း နောက်ပိုင်းပွဲတွေမှာ သိသိသာသာ ခြေစွမ်းမာကျောလာတာ တွေ့ရလို့ ဝက်စ်ဟမ်းတို့ လွယ်လွယ်ကူကူ အနိုင်ရမယ့် အသင်းတော့မဟုတ်ပါဘူး။

နယူးကာဆယ်ရဲ့ လက်ရှိ ပရီမီးယားလိဂ် ရပ်တည်မှုကို ကြည့်ရင် အားရစရာ မရှိပေမယ့် ပြီးခဲ့တဲ့ ပွဲတွေမှာ ပြိုင်ဘက်ကို ဘယ်လိုကစားပြသွားသလဲ ဆိုတာ နောက်ဆုံး ၅ ပွဲကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နယူးကာဆယ်တို့ တန်းဆင်းဇုန် ဖိအားရှိနေလို့ပဲလားတော့ မသိပါဘူး။ နောက်ပိုင်း ပွဲစဉ်တွေမှာ တတ်နိုင်သမျှ ရမှတ်ရှာဖွေဖို့ အသားကုန် တွန်းတင်နေတာ တွေ့ရပါတယ်။ ဝက်စ်ဘရွန်း၊ အက်စတွန်ဗီလာ တို့ကို သရေကစားပြီး ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပေမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ သရေ၊ ဘန်လေ ကိုတော့ ရှုံးနေရာကနေ အနိုင်ပြန်ယူပြခဲ့တဲ့ နယူးကာဆယ်တို့ရဲ့ ရုန်းအားကို ပြိုင်ဘက်တွေ အထင်သေးရင် မှားပါမယ်။ လက်တလော အသင်းမှာ ရှား၊ ဟေဒန်၊ လက်စ်ဆဲလက်စ်၊ ဖရေဆာတို့ ဒဏ်ရာရရှိနေလို့ အခုပွဲမှာ ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

ဒေးဗစ်မွိုက်စ်ရဲ့ ဝက်စ်ဟမ်း ကတော့ မထင်မှတ်ထားတဲ့ ခြေစွမ်း နဲ့အတူ မထင်မှတ်ထားတဲ့ အဆင့်တစ်ခု အထိ ရောက်ရှိနေပြီး ကစားသမားတွေ ကလည်း တစ်ပွဲထက်တစ်ပွဲ ပုံစံကောင်းတစ်ခုကို ဆက်လက် ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး အဆင့် ၃ နေရာက လက်စတာစီးတီးကို ပြီးခဲ့တဲ့ပွဲမှာ အနိုင်ရခဲ့တာကြောင့် ရမှတ်ကွာဟချက် လျှော့ချနိုင်ခဲ့လို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့တောင် ပစ်မှတ်ထားနေပါလိမ့်မယ်။ အသင်းကို အငှားနဲ့ လာကစားနေတဲ့ ဂျက်ဆီလင်ဂတ်ရဲ့ တကျော့ပြန် တောက်ပမှုတွေက ဝက်စ်ဟမ်းတို့ ရလဒ်တွေ ကောင်းလာခြင်းရဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်း အတွက် ပရီးမီးယားလိဂ် ၈ ပွဲ ကစားပေးထားပြီး ၆ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ လင်ဂတ်ကို အခုပွဲမှာလည်း ကျိန်းသေပေါက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ တစ်ချက်ရှိတာက ခရက်စ်ဝဲလ်၊ ဒီကလန်ရိုက်စ်၊ နိုဘယ်၊ အန်တိုနီယို၊ ယာမိုလန်ကို၊ ရန်းဒေါ့ဖ်တို့ ဒဏ်ရာပြသနာ အသီးသီး ရှိနေတာကြောင့် အသင်းလိုက်ကစားပုံ အနည်းငယ် အားနည်းနေနိုင်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နယူးကာဆယ်နဲ့ ဝက်စ်ဟမ်းတို့ ပြီးခဲ့တဲ့ ထိပ်တိုက်တွေဆုံမှု တော်တော်များများမှာတော့ နယူးကာဆယ်တို့ အသာရခဲ့တာ တွေ့ရပြီး နယူးကာဆယ်က တို့ ၁၀ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၅ ပွဲ ရှုံးနိမ့်ထားပါတယ်။ ဒီရာသီ အတွက် ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှုမှာတော့ နယူးကာဆယ်က ဝက်စ်ဟမ်းကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

နယူးကာဆယ် – ဝက်စ်ဟမ်း

??
နယူးကာဆယ် vs ဝက်စ်ဟမ်း အချိန်ပြည့် 1X2 သရေ @ ၃.၃၀ ဆ
ဧပြီလ ၁၇ ရက်, ည ၆:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၃၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၃၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိမှာ ဝက်စ်ဟမ်းတို့ ခြေတက်နေပေမယ့် နယူးကာဆယ်ရဲ့ ရုန်းအားကြောင့် အနိုင်ရဖို့ ခက်ခဲသွားနိုင်ပါတယ်။ နောက်ပြီး ဒဏ်ရာရ ကစားသမားတွေ များလာလို့ နယူးကာဆယ်နဲ့ တွေ့တိုင်း အသာမရခဲ့တဲ့ ဝက်စ်ဟမ်းတို့ ဒီတစ်ကြိမ်မှာလည်း သရေလောက်ပဲ မျှော်လင့်ထားလို့ ရပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်