နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပထမအကျော့ ၂ ဂိုးပြတ် အရှုံးကို လာဇီယိုတို့ အိုလံပီကိုမှာ ပြန်လည် ချေပနိုင်မလား | ကိုပါအီတလီယာဖလား (ပွဲကြိုသုံးသပ်ချက်)

countdown banner

လာဇီယို – ဂျူဗင်တပ်စ်

အခုတစ်ပတ် ကြားရက် မှာတော့ ကိုပါအီတလီယာဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ပထမအကျော့ အိမ်ကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရထားတဲ့ ဂျူဗင်တပ်စ် ကတော့ လာဇီယိုရဲ့ အိုလံပီကိုကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

လာဇီယိုတို့ အိမ်ကွင်း အားသာချက်နဲ့ အတူ ကိုပါအီတလီယာဖလား ပထမအကျော့ ရလဒ် ၂-၀ ကို ပြန်လည် ချေပသွားရမှာ ဖြစ်ပါတယ်။ ၂ ဂိုးပြတ် ရှုံးထားလို့ မျှော်လင့်ချက် နည်းနေပေမယ့် ပြိုင်ဘက်က အနည်းငယ် ခြေစွမ်းကျနေလို့ လာဇီယိုတို့ အခွင့်အရေး ယူနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လာဇီယိုက မဖြစ်မနေ သွင်းဂိုးတွေ လိုအပ်နေတာကြောင့် တိုက်စစ်ဖွင့် ကစားလာဖို့ ရှိပြီး ဂျူဗင်တပ်စ်ရဲ့ ခံစစ်ကို ကျော်ဖြတ်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လာဇီယိုက နောက်ဆုံး ၂ ပွဲဆက် နိုင်ပွဲ ပြန်ရထားပြီး ဆယ်လာနီတာနာကို ဂိုးပြတ်နိုင်ပြီး ဂျီနိုအာ ကိုတော့ တစ်ဂိုးတည်းနဲ့ ကပ်နိုင်ထားတာ ဖြစ်ပါတယ်။

ပထမအကျော့တုန်းက ဂျူဗင်တပ်စ်ဟာ လာဇီယိုကို ခြေစွမ်းအသာနဲ့ ကစားခဲ့ပြီးတော့ ကိုပါအီတလီယာဖလား ဗိုလ်လုပွဲ တက်ဖို့ အခြေအနေကောင်း တစ်ခု ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဗလာဟိုဗစ်၊ ခီယေဇာ တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး စီးရီးအေ ရှုံးကြွေးကို ခပ်မြန်မြန်ပဲ ပြန်ဆပ်နိုင်ခဲ့တာပါ။ လက်တလော မှာတော့ ဂျူဗင်တပ်စ်က ခြေစွမ်းပိုင်း အနည်းငယ် ပြန်လည် ကျဆင်းနေပြီး နောက်ဆုံး နှစ်ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပါတယ်။ တိုရီနိုနဲ့ ဂိုးမရှိ သရေ၊ ကက်ဂလီယာရီ ကိုတော့ ၂ ဂိုးစီ သရေကျခဲ့တာ ဖြစ်ပါတယ်။ တစ်ခု ရှိတာက ဂျူဗင်တပ်စ်ဟာ အဝေးကွင်း နောက်ဆုံး ၆ ပွဲမှာ နိုင်ပွဲ တစ်ပွဲမှ မရထားခဲ့တာ ဖြစ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

လာဇီယိုတို့ အိမ်ကွင်း အားသာချက်နဲ့ အတူ ကိုပါအီတလီယာဖလား ပထမအကျော့ ရလဒ် ၂-၀ ကို ပြန်လည် ချေပသွားရမှာ ဖြစ်ပါတယ်။
နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားတဲ့ လာဇီယို

အခုပွဲကိုတော့ ဂျူဗင်တပ်စ် ဘက်က ဇကာညီ၊ ဂွန်ဒိုဇီ၊ ပရိုဗီဒယ်တို့ လွဲချော်ဖို့ ရှိနေပြီး ဂျူဗင်တပ်စ် ဘက်မှာတော့ မီရတ်တီနဲ့ မွိုက်စ် ကင်းန်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

လာဇီယို – မန်းဒက်စ်၊ ကတ်ဆေးလ်၊ ပက်ထရစ်၊ ဂီလာ၊ ဗက်စီနို၊ ကာမာဒါ၊ လက်ဇာရီ၊ မာရူဆစ်၊ အန်ဒါဆင်၊ အဲလ်ဘတ်တို၊ ကတ်စတယ်လာနို့စ်

ဂျူဗင်တပ်စ် – ရှက်ဇီနီ၊ ဘရီမာ၊ ဒန်နီလို၊ ဂတ်တီ၊ အဲလ်ကာရက်ဇ်၊ လိုကတ်တယ်လီ၊ ရာဘီယော့တ်၊ ဝီယာ့၊ ကမ်ဘီယာဆို၊ ဗလာဟိုဗစ်၊ ခီယေဇာ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၃၉ ကြိမ် တွေ့ဆုံခဲ့ရာမှာ လာဇီယိုက ၇ ကြိမ် နိုင်၊ ဂျူဗင်တပ်စ်က ၂၇ ကြိမ် နိုင်ပြီး ၅ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ မနှစ်က ကိုပါအီတလီယာ ကွာတားဖိုင်နယ်မှာ နောက်ဆုံး တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီးတော့ ဂျူဗင်တပ်စ်က ၁-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၅ ကြိမ် တွေ့ဆုံမှုကို ပြန်ကြည့်ရင်တော့ ဂျူဗင်တပ်စ်က ၃ ကြိမ် နိုင်ပြီး လာဇီယိုက ၂ ကြိမ် နိုင်ခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လာဇီယို နိုင်ရင် ၂.၇၅ ဆ၊ ဂျူဗင်တပ်စ် နိုင်ရင် ၂.၄၆ ဆ၊ သရေ ဆိုရင်တော့ ၃.၀၀ ဆရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ်မှာ ဒဲ့ကြေးနဲ့ သရေ အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံးက စဖွင့်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ပထမအကျော့က ၂ ဂိုးပြတ်နဲ့ အနိုင်ရထားလို့ သူ့အိမ်ကွင်းမှာ ကျိန်းသေပေါက် ထိန်းကစားပါလိမ့်မယ်။ ဂျူဗင်တပ်စ်ဟာ ခံစစ်လည်း ကောင်းနေလို့ လာဇီယိုတို့ ကျော်ဖြတ်ဖို့ ခက်ခဲပါလိမ့်မယ်။ အယ်လီဂရီရဲ့ အနိမ့်ဆုံး သရေကစားရင်း နှစ်ကျော့ပေါင်း ဂိုးကွာခြားချက် အသာနဲ့ နောက်တစ်ဆင့် တက်သွားဖို့ များပါတယ်။


ခန့်မှန်းရလဒ်

လာဇီယို ၁-၁ ဂျူဗင်တပ်စ် (နှစ်ကျော့ပေါင်းရလဒ် ၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်