နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘီရယ်ဆာတို့ အုပ်စု အန်ဖီးလ်မှာ မထင်မှတ်ထားတာတွေ လုပ်ပြဦးမှာလား – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ရဲ့ လက်ကျန်ပွဲစဉ် တစ်ပွဲ အဖြစ် လိဒ်စ်ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ ဧပြီလ ၂၀ ရက်နေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားကြဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် အနိုင်နဲ့အတူ ချန်ပီယံလောင်း မန်ချက်စတာစီးတီးကိုပါ အီတီဟတ်မှာ အနိုင်ရထားတဲ့ လိဒ်စ်ယူနိုက်တက်တို့ လစ်ဗာပူးလ်ကိုရော ပထမအကျော့တုန်းကလို ခက်ခဲစေဦးမှာလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ရဲ့ ဒီရာသီအတွက် ပစ်မှတ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ အတွင်း ဝင်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် လိဒ်စ်တို့ရဲ့ ထုံးစံအတိုင်း မထင်မှတ်တာတွေ လုပ်ပြပြီး သူတို့ ပစ်မှတ်ထားတဲ့ ရည်မှန်းချက်ကို လက်တွေ့ကျကျ အကောင်အထည်ဖော်နေပါပြီ။ မာဆယ်လို ဘီရယ်ဆာရဲ့ သူများနဲ့ မတူတမူထူးခြားတဲ့ ကစားဟန်ဟာ ဘယ်လောက်အထိ အလုပ်ဖြစ်ခဲ့သလဲဆိုတာ ပြီးခဲ့တဲ့ ပွဲတွေမှာတုန်းက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ လက်တလော ပရီးမီးယားလိဂ် မှာတော့ ၃ ပွဲဆက် အနိုင်နဲ့ အတူ နောက်ဆုံးပွဲမှာဆိုရင် မန်ချင်စတာစီးတီးကို အဝေးကွင်းမှာ ဒုတိယပိုင်း တစ်ပိုင်းလုံး တစ်ယောက်လျော့နဲ့ ကစားပြီး အနိုင်ယူခဲ့လို့ အားလုံးက အံ့အားသင့်ခဲ့ရပါတယ်။ ဘီရယ်ဆာရဲ့ အသင်းက နားရက် ရရင် အင်အားအပြည့်နဲ့ ပြိုင်ဘက်ကို ရင်ဆိုင်နိုင်သလို ဒုက္ခလည်း ပေးတတ်တဲ့ အသင်းဖြစ်လို့ ဒီတစ်ကြိမ်မှာရော ခြေစွမ်း အတက်အကျ မမှန်ဖြစ်နေတဲ့ ဂျာဂျင်ကလော့ပ်ရဲ့ လစ်ဗာပူးလ်ကို ဘယ်လောက်အထိ ခက်ခဲစေဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။ ဒါးလက်စ်၊ ရာဖင်ညာ၊ ဘမ်းဖို့ဒ်တို့ရဲ့ တိုက်စစ်က တော်တော်လေး လျင်မြန်တာကြောင့် အမှားများလွန်းနေတဲ့ လစ်ဗာပူးလ် နောက်တန်းကို အလုပ်ရှုပ်စေဦးမှာ သေချာပါတယ်။ လက်တလော အသင်းမှာ ရိုဒရီဂို၊ ဖော်ရှောတို့ ဒဏ်ရာပြသနာ အသီးသီးရှိနေလို့ ပါဝင်လာနိုင်မှာ မဟုတ်သလို ဗဟိုခံစစ်မှူး လီယမ်ကူးပါးလည်း ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ပါလိမ့်မယ်။

တခြားပြိုင်ပွဲတွေမှာသာ ရလဒ်ဆိုးနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်းပြန်မှန်နေပြီး နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပြန်ရထားပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ လစ်ဗာပူးလ်

လစ်ဗာပူးလ် ကတော့ ဒီရာသီအတွက် ဆုဖလား အိမ်မက်တွေအားလုံး အဆုံးသတ်သွားခဲ့ပြီ ဖြစ်လို့ လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာအတွက် ဆက်လက် တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။ တခြားပြိုင်ပွဲတွေမှာသာ ရလဒ်ဆိုးနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်းပြန်မှန်နေပြီး နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပြန်ရထားပါတယ်။ ဝုဗ်၊ အာဆင်နယ်တို့ကို ခြေစွမ်းအသာနဲ့ အနိုင်ရခဲ့ပေမယ့် နောက်ဆုံးပွဲမှာတော့ အက်စတွန်ဗီလာကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရထားခဲ့တာ တွေ့ရပါတယ်။ လက်တလော ရမှတ် ပိုင်ဆိုင်မှုအရ လစ်ဗာပူးလ်တို့ အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၃ မှတ်သာ ကွာဟတာကြောင့် အခွင့်အရေး ရတဲ့အချိန်မှာ မိုက်မဲလိမ့်မယ် မထင်ပါဘူး။ တစ်ချက်ရှိတာက တိုက်စစ် ထက်မြတ်ပြီး လျင်မြန်တဲ့ ပြိုင်ဘက်နဲ့ဆိုရင် လစ်ဗာပူးလ် ခံစစ်က အလှူပေးတတ်တာကိုတော့ သတိပြုရပါမယ်။ နောက်ဆုံး သတင်းတွေ အရဆိုရင် လစ်ဗာပူးလ်မှာ ကာတစ်ဂျုံးစ်၊ အိုရီဂီ၊ ဂျိုးဂိုးမက်ဇ်၊ မက်တစ်ပ်၊ ဟန်ဒါဆင်၊ ဗန်ဒိုက်ချ်တို့ ဒဏ်ရာပြသနာတွေကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လိဒ်စ်ယူနိုက်တက်နဲ့ လစ်ဗာပူးလ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု အကြိမ် တော်တော်များများမှာ လစ်ဗာပူးလ်တို့ အနိုင်ရခဲ့တာတွေ့ရပါတယ်။ လစ်ဗာပူးလ်တို့ အကြိမ် ၆၀ အထိ အနိုင်ရခဲ့ပြီး သရေပွဲကတော့ အကြိမ် ၃၀ ထိ ရှိခဲ့ကာ လိဒ်စ်ယူနိုက်တက် ကတော့ ၂၈ ပွဲ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ဒီရာသီ ပထမအကျော့တွေ့ဆုံမှု မှာတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အကြိတ်အနယ် ရှိခဲ့ပြီး လစ်ဗာပူးလ်က ၄-၃ နဲ့ အန်ဖီးလ်မှာ ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။
 

လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ်

??
လိဒ်စ်ယူနိုက်တက် – လစ်ဗာပူးလ် 1×2 သရေ @ ၄.၅၀ ဆ
ဧပြီလ ၂၀ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၄.၅၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၆၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းအရ လိဒ်စ်ယူနိုက်တက်တို့ အမြင့်ဆုံးမှာ ရှိနေပြီး လစ်ဗာပူးလ် ကတော့ အားနည်းချက်တွေ တော်တော်လေး များနေပါတယ်။ ဒါပေမယ့်လည်း ဂျာဂျင်ကလော့ပ်ရဲ့ အသင်းက ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မျှော်လင့်ထားလို့ အတတ်နိုင်ဆုံး ရမှတ်အပြည့်ရဖို့ အားထုတ်လာပါလိမ့်မယ်။ ထုံးစံအတိုင်း အပြန်အလှန်သွင်းဂိုးတွေ နဲ့ သရေကျသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်