နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းမဆင်းရရေး ရုန်းမယ့် ဝါဒါဘရီမင်ကို ပိုကြိုက်တယ် – ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်

countdown banner

ဝါဒါဘရီမင် – မိုချင်ဂလတ်ဘတ်

ဘွန်ဒက်စ်လီဂါမှာ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ဝင်ခွင့်တွေရတဲ့ အသင်းတွေ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပေမယ့် ယူရိုပါကွန်းဖရင့်လိဂ် ဝင်ခွင့်နဲ့ တန်းဆင်းဇုန် တိုက်ပွဲတွေက စိတ်ဝင်စားဖို့ ကောင်းနေပါသေးတယ်။ လာမယ့် မေလ ၂၂ ရက်မှာ တပြိုင်တည်း ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေထဲက တန်းဆင်းဇုန်က ရုန်းထွက်ဖို့ မျှော်လင့်နေတဲ့ ဝါဒါဘရီမင်နဲ့ မိုချင်ဂလတ်ဘတ် တို့ရဲ့ တွေ့ဆုံမှုကလည်း ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ရှိလို့ SBOTOP ပရိသတ် အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

ဝါဒါဘရီမင်တို့ လက်ရှိ ရမှတ်နဲ့ အဆင့်ရပ်တည်မှုအရဆိုရင် မနှစ်ကလို အခြေအနေမျိုး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဝါဒါတို့ မနှစ်က ရာသီအကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့လို့ တန်းဆင်းဇုန် Play-off ကစားခဲ့ရပြီး ကံကောင်းလို့သာ ဘွန်ဒက်စ်လီဂါ ၂ ကို ဆင်းပြီး မကစားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ဆိုရင် တန်းမဆင်းရရေး ရုန်းကန်ရမယ့် အသင်း ၃ သင်း ရှိနေပြီး အာမီးနီးယား၊ ဝါဒါဘရီမင်နဲ့ ကိုလုံးတို့ သုံးသင်းထဲက တစ်သင်းပဲ ဘွန်ဒက်စ်လီဂါ မှာ ကျန်ရှိခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးပွဲစဉ်မှာ ပွဲအခြောင်ဆုံးက ကိုလုံး ဖြစ်ပြီး ဝါဒါဘရီမင် ကတော့  မိုချင်ဂလတ်ဘတ်နဲ့ ကစားရမှာ ဖြစ်ပေမယ့် အိမ်ကွင်း အားသာချက်ရှိနေပါတယ်။ ဝါဒါဘရီမင်ဟာ နောက်ဆုံး ၁၀ ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ခြေစွမ်းပိုင်းက လုံးဝ အားရစရာ မရှိပါဘူး။ နိုင်ပွဲပျောက်ခဲ့တယ် ဆိုတာလည်း လေဗာကူဆင်နဲ့ တစ်ပွဲပဲ သရေကျခဲ့ပြီး ကျန်ပွဲစဉ် ၉ ပွဲစလုံး ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဝါဒါဘရီမင်တို့ ပြီးခဲ့တဲ့ လေဗာကူဆင်နဲ့ ပွဲကစလို့ ခြေစွမ်းပိုင်း မသိမသာ တိုးတက်လာတာ တွေ့ရပြီး တန်းမဆင်းရဖို့ ရုန်းကန်တဲ့ သဘောလည်း ဖြစ်နိုင်ပါတယ်။ ဗဟိုခံစစ် ကစားသမား ဂရော့စ် ပွဲပယ်ပြစ်ဒဏ် ထိထားတာက ဝါဒါဘရီမင် ခံစစ်က ကျိန်းသေပေါက် အားနည်းသွားနိုင်ပါတယ်။

မိုချင်ဂလတ်ဘတ်မှာ မနှစ်ကလို ခြေစွမ်းမျိုး လုံးဝ မမြင်တွေရတော့ပဲ တစ်ပွဲနဲ့တစ်ပွဲ ခြေအတက်အကျ အရမ်းကို မြန်ဆန်လွန်းနေပါတယ်။ အစောပိုင်းမှာ နိုင်ပွဲတွေ ပြန်ရလာလို့ ဘွန်ဒက်စ်လီဂါ အဆင့် ၇ နေရာ အထိ ပြန်ရောက်လာပေမယ့် ဘေယန်မြူးနစ်ကို ၆-၀၊ စတုဂတ်ကို ၁-၂ တို့နဲ့ ရှုံးနိမ့်ခဲ့လို့ လက်တလော ယူရိုပါကွန်းဖရင့် ဝင်ခွင့် အတွက်ပဲ မျှော်လင့်ရတော့မယ့် အခြေအနေ ဖြစ်ပါတယ်။ တစ်ဖက်က ယူနီယံဘာလင်တို့ လိုက်ပ်ဇစ်နဲ့ ကစားရမှာကို ဂလတ်ဘတ် အနေနဲ့ အခွင့်ကောင်း ယူနိုင်ဖို့ လိုအပ်ပါတယ်။ ခက်တာက ကစားသမားကောင်းတွေ ပွဲထွက်နိုင်ရဲ့သားနဲ့ ဂိုးပြတ်တွေ ရှုံးနေလို့ ဂလတ်ဘတ်ကို ယုံကြည်ဖို့ ခက်ပါတယ်။ လာမယ့်ရာသီ ဒေါ့မန်ကို ပြောင်းမယ့် နည်းပြ မာကိုရို့စ် အနေနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာ အတွက် ဂလတ်ဘတ်ကို အတတ်နိုင်ဆုံး ဥရောပဝင်ခွင့် တစ်နေရာရဖို့ စွမ်းဆောင်နိုင်မလား ဆိုတာတော့ စောင့်ကြည့်ရပါမယ်။

ဝါဒါတို့ မနှစ်က ရာသီအကုန်မှာ အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့လို့ တန်းဆင်းဇုန် Play-off ကစားခဲ့ရပြီး ကံကောင်းလို့သာ ဘွန်ဒက်စ်လီဂါ ၂ ကို ဆင်းပြီး မကစားခဲ့ရတာ ဖြစ်ပါတယ်။
မနှစ်ကလို တန်းဆင်းဇုန်ထဲက Play-off မကစားရဖို့ ကြိုးစားရမယ့် ဝါဒါဘရီမင်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂၄ ကြိမ်မှာ ဝါဒါဘရီမင်တို့ ဂလတ်ဘတ်ကို အသာရခဲ့ခြင်း မရှိပဲ ၅ ပွဲနိုင်၊ ၈ ပွဲသရေ၊ ၁၁ ပွဲ အထိ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဝိုဟင်ဘတ်စ်မှာ ကစားခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာလည်း ဝါဒါဘရီမင်တို့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၃ ပွဲရှုံး၊ ၁ ပွဲသရေကျထားပါတယ်။ အခုနှစ် ဘွန်ဒက်စ်လီဂါ ပထမအကျော့ ဂလတ်ဘတ် အိမ်ကွင်းမှာလည်း အိမ်ရှင်တို့က အဲလ်ဗက်ဒီရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၆၂ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၄၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၉၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေအရ ဝါဒါဘရီမင်တို့ ဂလတ်ဘတ်ကို အသာမရခဲ့ပေမယ့် အခုပွဲမှာတော့ မထင်မှတ်တာတွေ ဖြစ်သွားနိုင်ပါတယ်။ ဂလတ်ဘတ်ရဲ့ ရာသီကုန်ခါနီး ကစားအား လျော့လာတာ အပြင် ဝါဒါတို့ကလည်း တန်းဆင်းဇုန် ကနေ ရုန်းထွက်ဖို့ ရေကုန်ရေခမ်း ကစားလာမယ့် သဘောရှိလို့ အိမ်ရှင် အသင်းကိုပဲ သဘောကျပါတယ်။ ၂-၁ လောက်နဲ့ ဝါဒါဘရီမင် ကပ်နိုင်မယ် ထင်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်