နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင်တို့ အမှတ်ပေးဖလားကို ပထမဦးဆုံး အကြိမ် ဆွတ်ခူးနိုင်တော့မှာလား | ဘွန်ဒက်စ်လီဂါ

countdown banner

ဒီနေ့မှာတော့ ဂျာမန် ဘွန်ဒက်စ်လီဂါမှာ ဘယ်အသင်းတွေ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေပြီလဲ ဆိုတာနဲ့ ပတ်သတ်ပြီး ခန့်မှန်းသုံးသပ်ကြည့်ရအောင်ပါ။

ဘွန်ဒက်စ်လီဂါလို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်ကြမှာ ဘေယန်မြူးနစ် ဖြစ်မယ် ထင်ပါတယ်။ ဘေယန်မြူးနစ် ဂျာမန်ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်သလို ဘွန်ဒက်စ်လီဂါ ဖလား ကိုလည်း ၃၃ ကြိမ် အထိ အများဆုံး ရရှိထားပြီး ပြီးခဲ့တဲ့ ၁၁ နှစ် ဆက်တိုက် ချန်ပီယံ ဖြစ်ထားတဲ့ အသင်းပါ။ ဘေယန်ဟာ တခြားဖလားတွေနဲ့ လွဲရင် လွဲမယ် အချိန်တန်ရင်တော့ ဘွန်ဒက်စ်လီဂါ အရယူမယ်လို့ ပြောရတဲ့ အထိ ဂျာမနီမှာ သူ့ကို ယှဉ်နိုင်တဲ့ အသင်း ရှားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဘေယန်မြူးနစ်ရဲ့ ဘုန်းမီးနေလ တောက်ခဲ့တဲ့ အချိန်တွေ ကုန်ဆုံးပြီလို့ ပြောရလောက်အောင် သူတို့ ထမင်းစားရေသောက် ယူနေတဲ့ ဖလားရဖို့ မျှော်လင့်ချက် တော်တော်လေး နည်းနေပါပြီ။

လက်တလော ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေတဲ့ ဘေယန်မြူးနစ်က လေဗာကူဆင်နဲ့ ၁၀ မှတ် အထိ ကွာဟနေပါပြီ။ လက်ကျန် ပွဲစဉ် ၈ ပွဲသာ ကျန်ရှိတော့ချိန်မှာ ဒီလိုမျိုး အမှတ်ပြတ်နေခဲ့တာက ဘေယန်မြူးနစ် အတွက်တော့ စိတ်ပျက်စရာ အခြေအနေလို့ပဲ ပြောလို့ပဲ ပြောရပါမယ်။ ဒီလိုမျိုး ဘေယန်မြူးနစ်တို့ ခြေစွမ်းသိသိသာသာ ကျဆင်းသွားရခြင်းရဲ့ အဓိက တရားခံ က‌တော့ တခြားသူတွေ မဟုတ်ပဲ အသင်းရဲ့ တာဝန်ရှိသူတွေပဲ ဖြစ်ပါတယ်။ ပထမဦးဆုံး အမှားကတော့ နေဂဲလ်စ်မန်းကို ထုတ်ပြီး သောမက်စ် တူချယ်ကို ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

နောက်တစ်ချက် ကတော့ ဘောလုံး ပရိသတ်တွေ လှောင်ပြောင် စနောက်နေကြတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ဟယ်ရီကိန်းနဲ့ ဒိုင်ယာ ကြောင့်ပါ။ ဒီကစားသမား နှစ်ယောက်က စပါးနဲ့ ဖလား လက်မဲ့ ဖြစ်မှုကို အဆုံးသတ်ဖို့ ဖလား ရဖို့ သေချာတဲ့ အသင်းကို ပြောင်းလာခဲ့ပေမယ့် သူတို့ ရောက်တဲ့ရာသီမှာပဲ ဘေယန်မြူးနစ်က ဖလားလက်မဲ့ ဖြစ်ဖို့ နီးစပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအချက်က အပြည့်အဝကြီး မသက်ဆိုင်ပေမယ့် အများစု ကတော့ ဖလား လက်မဲ့ ကျိန်စာသင့်နေတဲ့ ဒီကစားသမားတွေကြောင့်လို့ လက်ခံနေကြတာ တွေ့ရပါတယ်။

ဘေယန်မြူးနစ်ဟာ ပွဲစဉ် ၂၆ ပွဲ ကစားပြီးချိန်မှာ ၁၉ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ရှုံးပွဲ ၄ ပွဲ အထိ ရှိထားပါတယ်။ ဒါ့အပြင် သောမက်စ် တူချယ်ရဲ့ အသင်းက လက်ကျန် ပွဲစဉ်တွေ အဖြစ် ဒေါ့မန်၊ ဟိုင်ဒန်ဟိမ်း၊ ကိုလုံး၊ ယူနီယံဘာလင်၊ ဖရန့်ဖတ်၊ စတုဂတ်၊ ဝုဖ်ဘတ်၊ ဟော့ဖန်ဟိမ်း တို့နဲ့ ကစားဖို့ ကျန်နေပါသေးတယ်။ ဘေယန် အတွက် ဟိုင်ဒန်ဟိမ်း၊ ကိုလုံး၊ ယူနီယံဘာလင် ပွဲစဉ်တွေက လွယ်ကူနိုင်ပေမယ့် ဒေါ့မန်၊ ဖရန့်ဖတ်၊ စတုဂတ်၊ ဝုဖ်ဘတ်နဲ့ ဟော့ဖန်ဟိမ်း ပွဲစဉ်တွေ ကတော့ တိမ်မယောင်နဲ့နက်၊ လွယ်မယောင်နဲ့ ခက်ပါတယ်။ ဒါ့အပြင် ဘေယန်မြူးနစ်ဟာ ချန်ပီယံလိဂ် ကစားရဦးမှာ ဖြစ်ပြီး အခုလာမယ့် ကွာတားဖိုင်နယ်မှာ ခြေစွမ်းထက်မြတ်နေတဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သူတို့ပဲ ခက်ခဲနိုင်သလား ဆိုတော့ မဟုတ်ပါဘူး။ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လေဗာကူဆင် အတွက်လည်း လက်ကျန် ပွဲစဉ်တွေက အရေးကြီးနေတယ်လို့ ပြောလို့ ရပါတယ်။ လေဗာကူဆင်ဟာ လက်ကျန်ပွဲစဉ်တွေမှာ ဟော့ဖန်ဟိမ်း၊ ယူနီယံဘာလင်၊ ဝါဒါဘရီမင်၊ ဒေါ့မန်၊ စတုဂတ်၊ ဖရန့်ဖတ်၊ ဘိုချမ်၊ အော့စ်ဘတ် တို့နဲ့ ကစားရဦးမှာပါ။ ဒီထဲကမှ လေဗာကူဆင်ကို ဒုက္ခပေးနိုင်တာ ဒေါ့မန်၊ စတုဂတ်နဲ့ ဖရန့်ဖတ် တို့ ဖြစ်ပြီး ဒီပွဲတွေမှာသာ အမှတ်ယူနိုင်ရင် အိုခေပါပြီ။ လက်ရှိမှာ လေဗာကူဆင်က ဘေယန်ကို ၁၀ မှတ်၊ စတုဂတ်ကို ၁၄ မှတ်အထိ ဖြတ်ထားပြီး ဒါဟာ ဖလားရဖို့ အလားအလာကောင်း တစ်ခု ဖြစ်ပါတယ်။ တစ်ခု ရှိတာက လေဗာကူဆင်ဟာ ယူရိုပါလိဂ် အပြင် ပိုကယ်ဖလား ကလည်း ကစားရဦးမှာ ဖြစ်တာကြောင့် နည်းပြ ဇာဘီ အလွန်ဆို အနေနဲ့ Plan ကောင်းကောင်း ချထားဖို့ လိုအပ်ပါတယ်။

လေဗာကူဆင်ဟာ သမိုင်းတစ်လျှောက် ဘွန်ဒက်စ်လီဂါမှာ ဒုတိယ ၅ ကြိမ် ရခဲ့ပြီး ချန်ပီယံဆု ကိုတော့ တစ်ကြိမ်တစ်ခါမှ ဆွတ်ခူးထားနိုင်ခြင်း မရှိသေးပါဘူး။ လူငယ် နည်းပြ အလွန်ဆို အနေနဲ့ လေဗာကူဆင် ပရိသတ်တွေ တောင့်တနေတဲ့ အမှတ်ပေးချန်ပီယံဆု အပြင် ပိုကယ်နဲ့ ယူရိုပါလိဂ်ပါ အရယူပေးပြီး ဖလား ၃ လုံး အောင်မြင်မှု ရရှိသွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်