နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတုဂတ် အတွက် လွယ်ကူတဲ့ နိုင်ပွဲ ဖြစ်လာမလား | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ဝါဒါဘရီမင် – စတုဂတ်

အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၀ မှာတော့ ဝါဒါဘရီမင်က စတုဂတ်ကို အိမ်ကွင်း ဖြစ်တဲ့ wohninvest WESERSTADION မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဘွန်ဒက်စ်လီဂါ ဇယား ထိပ်ကနေ ရာသီသိမ်းနိုင်ဖို့ ကြိုးပမ်းနေတဲ့ စတုဂတ်တို့ နိုင်ပွဲပျောက်နေတာ ကြာပြီ ဖြစ်တဲ့ ဝါဒါဘရီမင်ကို အသာရသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဝါဒါဘရီမင် ကတော့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီးတော့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာ ချန်ပီယံ ဖြစ်သွားတဲ့ လေဗာကူဆင်ကို ၅ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားတဲ့ ဝါဒါဘရီမင်က ခြေစွမ်းပိုင်း တော်တော်လေး နိမ့်နေခဲ့ပါတယ်။ ဝါဒါဘရီမင်ဟာ တိုက်စစ်ပိုင်း အားနည်းနေသလို ခံစစ် ကလည်း ပေးဂိုးတွေ များနေပါတယ်။ ဝါဒါဘရီမင်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၅ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားပါတယ်။

စတုဂတ် ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဘိုချမ်ကို ရှုံးနိမ့်ပြီးကတည်းက ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိခဲ့ပါဘူး။ ဆဘက်ရှန် ဟိုးနက်စ်ရဲ့ အသင်းက လက်ရှိမှာ အဆင့် ၂ နေရာက ဘေယန်မြူးနစ်ကို ရမှတ်တူ ဂိုးကွာခြားချက်နဲ့ ဖိအားပေးနေပြီး အဆင့် ၂ နေရာကနေ ရာသီသိမ်းနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။ စတုဂတ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ၂ ပွဲမှာ ဆိုရင် ဒေါ့မန်၊ ဖရန့်ဖတ်တို့လို အသင်းတွေကို အနိုင်ရခဲ့ပြီး အကောင်းဆုံး ပုံစံ တစ်ခုကို ပြသထားနိုင်တာ ဖြစ်ပါတယ်။ စတုဂတ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၉ ပွဲနိုင်၊ ၅ ပွဲ ရှုံးထားပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ ဝါဒါဘရီမင် ဘက်က စတေ့ဂျ်၊ နာဘီ ကေတာတို့ ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိပြီး ပိုင်ပါ၊ အာရွန်၊ ပက်ဗ်လန်ကာ၊ စတာ့ခ်၊ အဲလ်ဗာရို တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာပါ။

စတုဂတ် ဘက်မှာတော့ ဇာဂါဒူ၊ ဗက်ဂ်နိုမန်၊ ဒါဟွတ်၊ နာတေး၊ ဘန်နက်ဒက်တိုတို့ လွဲချော်ဖို့ ရှိပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

ဝါဒါဘရီမင် – ဇတ်တာရာ၊ ဖရိုင်ဒဲလ်၊ ဂျန်း၊ ဗယ်လစ်ဂျ်ကိုဗစ်၊ လိုင်နန်၊ ရှမစ်ဒ်၊ ဘစ်တန်ကော့တ်၊ ဝိုင်ဆာ၊ အဂူ၊ ဒက်ကတ်ရှ်၊ ဝိုလ်တီမိတ်ဒ်

စတုဂတ် – နူဘယ်၊ အီတို၊ အန်တွန်၊ စတာဂီယူ၊ မစ်တဲလ်စတတ်ဒ်၊ ကာရာဇော၊ စတီလာ၊ လီဝဲလ်လင်း၊ ဖူးလ်ရစ်ချ်၊ အန်ဒက်ဗ်၊ ဂူရက်ဆီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၁ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဝါဒါဘရီမင်က စတုဂတ်ကို ၆ ပွဲနိုင်၊ ၇ ပွဲ သရေ၊ ၈ ပွဲ ရှုံးခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး တွေ့ဆုံမှု ၅ ကြိမ်မှာတော့ စတုဂတ်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ဝါဒါက ၁ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဝါဒါဘရီမင်က ၁ ပွဲ သရေ ၄ ပွဲ ရှုံးခဲ့ပြီး စတုဂတ် ကတော့ ၄ ပွဲနိုင်၊ ၁ ပွဲ သရေကျခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ ဝါဒါဘရီမင် နိုင်ရင် ၄.၈၀ ဆ၊ စတုဂတ် နိုင်ရင် ၁.၅၃ ဆ၊ သရေ ဆိုရင်တော့ ၄.၁၂ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ စတုဂတ်က တစ်လုံး တစ်ဝက် ရှုံး၊ တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ဖွင့်ထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဝါဒါဘရီမင်ရဲ့ လက်ရှိ ခြေစွမ်းအရ စတုဂတ်ကို ဘယ်လိုမှ ယှဉ်ကစားဖို့ မဖြစ်နိုင်ပါဘူး။ စတုဂတ် ဂိုးပြတ် နိုင်မယ့် ပွဲပါ။

ခန့်မှန်းရလဒ်

ဝါဒါဘရီမင် ၁-၃ စတုဂတ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်