ဝိုင်ဂယ်လ်ကို အပြီးသတ် ခေါ်ယူလိုက်တဲ့ မိုချန်ဂလာဘတ်၊ ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယမြောက် လုပ်ခ လစာ အများဆုံး ဖြစ်လာမယ့် ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၆ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဝိုင်ဂယ်လ်ကို အပြီးသတ် ခေါ်ယူလိုက်တဲ့ မိုချန်ဂလာဘတ်
ဘွန်ဒက်စ်လီဂါ ကလပ် မိုချန်ဂလာဘတ်ဟာ ဘင်ဖီကာ ကွင်းလယ်လူ ဂျူလီယန် ဝိုင်ဂယ်လ်ကို အပြီးသတ် ခေါ်ယူလိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
အသက် (၂၇) နှစ်အရွယ် ကွင်းလယ်လူဟာ လက်ရှိ ရာသီ မှာလည်း မိုချန်ဂလာဘတ်မှာ အငှားနဲ့ လာရောက် ကစားနေတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူက အသင်းနဲ့ (၂၀၂၈) ခုနှစ်၊ ဇွန်လ (၃) ရက်နေ့အထိ သက်တမ်းရှိတဲ့ (၅) နှစ်စာချုပ်ကို ချုပ်ဆိုခဲ့ပါပြီ။
မိုချန်ဂလာဘတ်ကို အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့တဲ့ အပေါ် ဝိုင်ဂယ်လ်က အခုလိုမျိုး သဘောတူညီမှု ရရှိခဲ့တဲ့ အတွက် တကယ်ကို ပျော်ရွှင်မိကြောင်း၊ ရှေ့ဆက်ရမယ့် အနာဂတ် အတွက် အရမ်းကို စိတ်လှုပ်ရှားနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ဒါရိုက်တာ ရိုလန် ဗာကက်စ် ကလည်း ဝိုင်ဂယ်လ်က အသင်းကို စတင်ရောက်ရှိချိန် ကတည်းက အသင်းရဲ့ ဦးဆောင်သူ တစ်ယောက် ဖြစ်ကြောင်း၊ သူ မိုချန်ဂလာဘတ် အတွက် ကစားပေးတဲ့ အတွက် ကျွန်တော်တို့ ပျော်ရွှင်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယမြောက် လုပ်ခ လစာ အများဆုံး ဖြစ်လာမယ့် ဘယ်လင်ဟမ်
အဆိုပါ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် အတွက် ရီးရဲလ်မက်ဒရစ်တို့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၂၀) အထိ ပေးချေသွားမယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။ ဘယ်လင်ဟမ် အနေနဲ့ ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းရွှေ့ဖြစ်ခဲ့ရင် အသင်းနဲ့ အတူ (၆) နှစ် စာချုပ်ချုပ်ဆိုမှာ ဖြစ်ပြီး အသင်းရဲ့ လုပ်ခလစာ အများဆုံးရတဲ့ ကစားသမား စာရင်းမှာ ဒုတိယ နေရာက ရပ်တည်နိုင်မှာပါ။
လက်ရှိ ရီးရဲလ်မက်ဒရစ်မှာ တောင်ပံကစားသမား အီဒင် ဟာဇက်က လုပ်ခလစာ အများဆုံးရရှိထားပြီး ရီးရဲလ်မက်ဒရစ် အနေနဲ့ ဘယ်လင်ဟမ်ကို ယူရို (၁) ဘီလီယံ လျော်ကြေး ပါဝင်တဲ့ စာချုပ်တစ်ရပ်ကိုပါ ချုပ်ဆိုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ဘုတ်အဖွဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းပြီး ဘွန်ဒက်စ်လီဂါကို အာရုံစိုက်မယ့် ဘေယန်မြူးနစ်
ဘေယန်မြူးနစ်ဟာ လာမယ့် မေလ (၂၂) ရက်နေ့မှာ ကျင်းပမယ့် ဘုတ် အဖွဲ့အစည်းအဝေးကို ရက်ရွှေ့ဆိုင်းလိုက်ပြီး ဒါဟာ ဘွန်ဒက်စ်လီဂါကို အပြည့်အဝ အာရုံစိုက်နိုင်ဖို့ အတွက် ဖြစ်ကြောင်း သိရပါတယ်။
ဘေယန်မြူးနစ်ဟာ ဒီရာသီမှာ သူတို့ရဲ့ နောက်ဆုံးသော ဖလား မျှော်လင့်ချက် အဖြစ် ဘွန်ဒက်စ်လီဂါ ကိုသာ မျှော်လင့်စရာ ရှိတော့ပြီး ဂျာမန် ပိုကယ်လ်ဖလား၊ ချန်ပီယံလိဂ်တို့ ကနေ ထွက်ခွာခဲ့ရပြီး ဖြစ်ပါတယ်။
အသင်းရဲ့ တရားဝင် ကြေညာချက် အရ ဘုတ် အဖွဲ့အစည်းအဝေးကို လာမယ့် မေလ (၃၀) ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီအစည်းအဝေးမှာ နည်းပြ သောမတ်စ် တူချယ်၊ အသင်း အမှုဆောင် အရာရှိချုပ် အိုလီဗာ ခန်းနဲ့ အားကစား ဒါရိုက်တာ ဟာဆန်ဆာလီဟာမစ်ဇစ် တို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားဖွယ် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.