ဖရန့်ဖတ် – မိုချန်ဂလာဘတ်
ကြာဿပတေး မနက်မှာ ကစားမယ့် ဘွန်ဒက်စ်လီဂါ ပွဲစဉ် (၁၆) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဖရန့်ဖတ်နဲ့ မိုချန်ဂလာဘတ် ပွဲနဲ့ ပတ်သတ်လို့ ပွဲကြိုအချက်အလက်နဲ့ ခန့်မှန်းချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဖရန့်ဖတ်တို့ ရာသီ အစမှာ ခြေစွမ်း မဆိုးခဲ့ပေမယ့် နောက်ပိုင်းမှာ တောက်လျောက် နိုင်ပွဲတွေ ပျောက်နေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲမှာ ဖရန့်ဖတ်တို့ ဘေယန်မြူးနစ်ကို ၅-၁ ရလဒ်နဲ့ အံအားသင့်ဖွယ် အနိုင်ရခဲ့တာက လွဲရင် ကျန်ပွဲ အားလုံး နီးပါး ရှုံးထားခဲ့ပါတယ်။ တစ်ချက် ရှိတာက ဖရန့်ဖတ်တို့ ယူရိုပါကွန်းဖရင့်လိဂ်မှာ ရှုံးထွက်တက်သွားခဲ့ပြီ ဖြစ်တာကြောင့် ဘွန်ဒက်စ်လီဂါ ဘက်ကို ပြန်လည် အားစိုက်လာနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ခြေစွမ်း ကတော့ ဘယ်လိုမှ ယုံကြည်လို့ မရနိုင်တဲ့ အခြေအနေပါ။ လက်ရှိမှာ ဖရန့်ဖတ်က ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရမှတ် ၂၁ မှတ်နဲ့ ရပ်တည်နေပြီး ဇယား ထိပ်ပိုင်းကို တဖြည်းဖြည်း ပြန်တက်ဖို့တော့ မျှော်လင့်ချက် ရှိနေပါတယ်။
နောက်ပိုင်း ပွဲတွေမှာ မိုချန်ဂလာဘတ်ရဲ့ ခြေစွမ်းက မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် ဒေါ့မန်ကို ရှုံးတာ လက်ခံလို့ ရပြီး ယူနီယံဘာလင်လို ခြေပျက်နေတဲ့ အသင်းကို ဂိုးပြတ် ရှုံးတာ ကတော့ သူတို့ အသင်း ခြေမမှန်တာကို သိသာစေပါတယ်။ ဂလာဘတ်ဟာ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေပြီး နောက်ဆုံး ၄ ပွဲဆက် ရှုံးထားတဲ့ အဝေးကွင်း စွမ်းဆောင်ရည် ကတော့ အားရစရာ မရှိပါဘူး။
နှစ်ဖက်အသင်း သတင်းများ
ဖရန့်ဖတ် ဘက်မှာ ဂျာကစ်၊ လွန်း၊ ရော်ဘင် ကော့ချ်၊ ရိုဒီ၊ ချန်ဒလာ တို့ ဒဏ်ရာရနေပြီး အလာရီယို ကတော့ ပွဲပယ် ပြစ်ဒဏ် ထိထားပါတယ်။ ဖျားနာနေတဲ့ မာမို့ရှ် ကတော့ ပြန်လည် သက်သာလာပြီ ဖြစ်လို့ ပြန်လည် ပါဝင်လာနိုင်ပါတယ်။
မိုချန်ဂလာဘတ် မှာလည်း ဒဏ်ရာရ ကစားသမား များနေပြီး ဝုဖ်၊ အွန်မ်လင်၊ အီတာကူရာ၊ အူးလ်ရစ်ချ်၊ လိုင်နာ၊ ပီဖော့ခ်၊ ဂျန့်ရှာခီတို့ အားလုံး အခုပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖရန့်ဖတ် – ထရပ်၊ တူတာ၊ စမိုးလ်ချစ်၊ ပါချို၊ ဘူတာ၊ စခီရီ၊ လာဆင်၊ မက်စ်၊ အီဘင်ဘီ၊ မာမွတ်ရှ်၊ နော့ဖ်
မိုချန်ဂလာဘတ် – နီကိုးလက်စ်၊ စကယ်လီ၊ အဲလ်ဗီဒီ၊ ဝိုဘာ၊ ဟိုနိုရတ်၊ ရိုက်ဇ်၊ ဝိုင်ဂဲလ်၊ ကိုနေး၊ နတ်ဇ်၊ ပလီယာ၊ ဆီဗန်ကာရာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်း အကြား ၂၇ ကြိမ် တွေ့ဆုံထားခဲ့ရာမှာ ဖရန့်ဖတ်က ၇ ကြိမ် နိုင်ပြီး မိုချန်ဂလာဘတ်က ၁၂ ကြိမ် အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ ဖရန့်ဖတ်က ၂ ပွဲနိုင်၊ ဂလာဘတ် က ၁ ပွဲနိုင်ပြီး ၂ ပွဲ ကတော့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်မှုကို ကြည့်မယ် ဆိုရင်တော့ ဖရန့်ဖတ်က နိုင်ပွဲ ၁ ပွဲသာ ရခဲ့ပြီး ရှုံးပွဲ ၄ ပွဲအထိ ရှိခဲ့ပါတယ်။ ဂလာဘတ် ကတော့ ၂ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ ဖရန့်ဖတ် နိုင်ရင် ၁.၈၆ ဆ၊ မိုချန်ဂလတ်ဘတ် နိုင်ရင် ၃.၅၂ ဆနဲ့ သရေ ဆိုရင်တော့ ၃.၅၇ ဆ ပေးထားပါတယ်။ အာရှ ဟန်းဒီးကပ် မှာတော့ ဖရန့်ဖတ် က သရေ အရှုံးလောက် ကြေးပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံး အနိုင်လောက်ကို ပေါက်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ပိုင်း တွေ့ဆုံမှုတွေကို ပြန်ကြည့်ရင် အပြန်အလှန် ဂိုးတွေ သွင်းခဲ့ကြတာကို မြင်ရပါလိမ့်မယ်။ လက်ရှိမှာ နှစ်သင်းစလုံး ခြေစွမ်း မတည်ငြိမ်လို့ ဘယ်အသင်း အနိုင်ရသွားမလဲ ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ကျနော် ကတော့ ဒီပွဲကို ဂိုးပေါ်ပဲ အကြိုက်တွေ့မိပါတယ်။ အပြန်အလှန် ဂိုးတွေသွင်းပြီး သရေကျသွားနိုင်တဲ့ ပွဲပါ။
ခန့်မှန်းရလဒ်
ဖရန့်ဖတ် ၂-၂ မိုချန်ဂလာဘတ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.