နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ | ဘွန်ဒက်စ်လီဂါ

ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းအထိ ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဆာနေး ကို ရောင်းချဖို့ စိတ်ကူး မရှိတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ် ကတော့ အသင်းရဲ့ တောင်ပံကစားသမား လီရွိုင်း ဆာနေးကို ရောင်းချဖို့ စိတ်ကူး မရှိဘူးလို့ သိရပါတယ်။ အသက် (၂၆) နှစ်အရွယ် ဂျာမန် လက်ရွေးစင်ဟာ နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်း လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရပြီး ခြေစွမ်းပိုင်းကလည်း ခန့်မှန်းရ ခက်နေတာကြောင့် ဆာနေး တစ်ယောက် ဘေယန်မြူးနစ်ကို စွန့်ခွာသွားဖွယ် ရှိနေတယ် ဆိုပြီး သုံးသပ် ဖော်ပြနေတာ တွေ့ရတယ်။

ဒီကစားသမားကို ပရီးမီးယားလိဂ် အသင်းကြီး တချို့က စိတ်ဝင်စားနေတယ်လို့ သိရပြီး ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း ဆားနေးဟာ အေးဂျင့် ကနေ တစ်ဆင့် ရီးရဲယ်မက်ဒရစ်ကို ဆက်သွယ် ကမ်လှမ်းခဲ့တယ် ဆိုပြီး သတင်းတွေ ထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဘေယန်မြူးနစ် တာဝန်ရှိသူတွေ ကတော့ ဆာနေးကို ရေရှည် အတွက် အလားအလာရှိတဲ့ ကစားသမား အဖြစ် သတ်မှတ်ထားတာကြောင့် နောက်ထပ် တစ်ရာသီ အခွင့်အရေး ထပ်ပေးဖို့ ဆန္ဒရှိနေကြောင်း ဂျာမနီ Sky Sport က ဖော်ပြခဲ့ပါတယ်။

ဂျာမန် လက်ရွေးစင် တောင်ပံ ကစားသမား ဟာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ ၂ ရာသီ အတွင်း အမှတ်ပေးချန်ပီယံဆု ၂ ကြိမ်၊ ဂျာမန် စူပါဖလား၊ ယူအီးအက်ဖ်အေ စူပါဖလားနဲ့ ဖီဖာ ကလပ် ကမ္ဘာဖလား ချန်ပီယံဆု ၁ ကြိမ်စီ ကိုင်မြှောက်ထားနိုင်သူလည်း ဖြစ်ပါတယ်။


ဗီလာကြယ်ပွင့်ကို ထိပ်တန်း အသင်းတွေနဲ့ အပြိုင် လိုက်နေတဲ့ ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန် ကတော့ အက်စတွန်ဗီလာရဲ့ ကွင်းလယ် ကြယ်ပွင့် ချူကွီမီကာကို ဥရောပထိပ်တန်း အသင်းတွေနဲ့ အပြိုင် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဒီကစားသမားဟာ ပြီးခဲ့တဲ့ ရာသီမှာ ဗီလာ အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ပွဲ ပါဝင် ကစားပေးခဲ့ပါတယ်။

ချူကွီမီကာကို ခေါ်ယူဖို့ ဒေါ့မန် အပြင် ဥရောပထိပ်တန်း အသင်းတွေ ဖြစ်တဲ့ ပီအက်စ်ဂျီ၊ ဘာစီလိုနာနဲ့ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် တို့ကလည်း စိတ်ဝင်စားနေတာပါ။ အင်္ဂလန် ယူ-၁၉ အသင်းခေါင်းဆောင် ဖြစ်ခဲ့တဲ့ ချူကွီမီကာ အတွက် ဗီလာက ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ သတ်မှတ်ထားပါတယ်။

၂၀၀၃ ခုနှစ်ဖွား ချူကွီမီကာဟာ နော့သမ်တန်တောင်း အကယ်ဒမီ ကနေ ကစားသမား ဘဝ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က အက်စတွန်ဗီလာကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ အသင်းရဲ့ ကွင်းလယ်လူ အမ်မရီ ချန်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေသလို လာမယ့် နွေရာသီမှာလည်း ဘယ်လင်ဂမ်ကို လစ်ဗာပူးက ခေါ်ယူဖို့ ကြိုးစားလာနိုင်တာကြောင့် အခုတည်းက ချူကွီမီကာနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။


အာဆင်နယ်ကို ပြောင်းမလား ဆိုတဲ့ မေးခွန်းကို ချက်ချင်း ငြင်းသွားတဲ့ မူလာ

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် အသင်းရဲ့ ကြယ်ပွင့် သောမတ်စ် မူလာ ကတော့ ပရိသတ် တစ်ဦးရဲ့ အာဆင်နယ်ကို ပြောင်းမလား ဆိုတဲ့ မေးခွန်းကို အချိန် လုံးဝ မဆိုင်းဘဲ ချက်ချင်း ပြန်လည် ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အတွက် ပွဲပေါင်း ၆၂၀ ကျော် ကစားပေးထားတဲ့ ဘေယန်မြူးနစ်

ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘေယန်မြူးနစ် အသင်းရဲ့ ကြယ်ပွင့် သောမတ်စ် မူလာ ကတော့ ပရိသတ် တစ်ဦးရဲ့ အာဆင်နယ်ကို ပြောင်းမလား ဆိုတဲ့ မေးခွန်းကို အချိန် လုံးဝ မဆိုင်းဘဲ ချက်ချင်း ပြန်လည် ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

ဂျာမန် လက်ရွေးစင် ကွင်းလယ် တိုက်စစ် ကစားသမား သောမက်စ် မူလာဟာ ကစားသမားဘဝ သက်တမ်း တစ်လျှောက်လုံး ဘေယန်မြူးနစ်နဲ့ပဲ ဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၆၂၆ ပွဲ ကစားကာ ၂၂၇ ဂိုး သွင်းယူပေးထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် မူလာ ဟာ တစ်ရာသီကို အနည်းဆုံး ဂိုးဖန်တီးမှု ၁၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဘောလုံးသမိုင်းရဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားတွေထဲက တစ်ဦး လည်း ဖြစ်ပါတယ်။

ဒီစီယူနိုက်တက်ကို ၂-၆ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲအပြီးမှာ ပရိသတ် တစ်ဦးက မူလာ အမှတ်တရ လက်မှတ်ရေးထိုးပေးနေချိန် “အာဆင်နယ်ကို ပြောင်းရွှေ့မလား ဆိုပြီး မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မူလာ ကတော့ ချက်ချင်းပဲ “No” ဆိုတဲ့ စကားလုံးကို ၄ ခါတိတိ ပြောပြီး ငြင်းဆန်သွားခဲ့ပါတယ်။

မူလာဟာ ဒီစီယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဘေယန်မြူးနစ် အတွက် ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်