နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနီယံဘာလင် – ကိုလုံး | ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၈ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ယူနီယံဘာလင် – ကိုလုံး

ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၈ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ယူနီယံဘာလင်တို့ အိမ်ကွင်းမှာ ကိုလုံးကို ဧည့်ခံကစားရဖို့ ရှိနေပါတယ်။ ဥရောပဝင်ခွင့် တစ်နေရာ အတွက် တိုက်ပွဲဝင်နေတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှု ဖြစ်တာကြောင့် ကျိန်းသေပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာ သေချာပါတယ်။

ရာသီ အစမှာ ရလဒ်တွေ တောက်လျောက် ကောင်းခဲ့တဲ့ ယူနီယံဘာလင်တို့ ဇန်နဝါရီလကုန်ခါနီး လောက်က စပြီး ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားခဲ့လို့ ရှုံးပွဲတွေ များနေခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၇ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့လို့ အဆင့် ၉ နေရာအထိ ဆင်းခဲ့ရပြီး လက်ရှိမှာ ဥရောပဝင်ခွင့် တစ်နေရာ အတွက်တောင် မသေချာဖြစ်နေခဲ့ပါပြီ။ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပြီး ခံစစ်က ပေးဂိုး ၆ ဂိုး ရှိခဲ့ပေမယ့် တိုက်စစ် ကတော့ ၁ ဂိုးသာ ပြန်ရထားခဲ့ပါတယ်။ လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၅ နေရာက လိုက်ပ်ဇစ်နဲ့ ၇ မှတ် ဟော့ဖန်ဟိမ်းနဲ့ ၆ မှတ်သာ ကွာဟနေတာကြောင့် ယူနီယံဘာလင်တို့ လက်ကျန် ၇ ပွဲကို ကျိန်းသေပေါက် အားစိုက်လာဖို့ ရှိနေပါတယ်။ နောက်ပြီး ယူနီယံဘာလင်ဟာ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ အသင်း ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ အိမ်ကွင်း နောက်ဆုံး ၂၉ ပွဲမှာ ၂၇ ပွဲ ရှုံးပွဲ မရှိခဲ့တာ တွေ့ရပါတယ်။ လက်ရှိ အသင်းမှာ အဓိက ကစားသမားတွေ ဒဏ်ရာက ပြန်လည် သက်သာလာခဲ့လို့ လူစာရင်း အပြည့်အစုံနဲ့ ပွဲထွက်လို့ ရနေပြီး တိုင်ဝို အာဝန်နီရီ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဘက်ကာ၊ ဟာရာဂူချီ၊ ခီဒီရာ၊ ထရင်မဲလ် တို့လည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။

မနှစ်က တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်ခဲ့ရတဲ့ ကိုလုံး ကတော့ ဒီနှစ် ဘွန်ဒက်စ်လီဂါ မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခြင်းနဲ့ အတူ ဥရောပပြိုင်ပွဲ ဝင်ခွင့် ရဖို့တောင် ပစ်မှတ်ထားနေခဲ့တာ တွေ့ရပါတယ်။
အခုနှစ် ဘွန်ဒက်စ်လီဂါရဲ့ အဝေးကွင်း သရေပွဲ အများဆုံး အသင်း ဖြစ်နေတဲ့ ကိုလုံး

မနှစ်က တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်ခဲ့ရတဲ့ ကိုလုံး ကတော့ ဒီနှစ် ဘွန်ဒက်စ်လီဂါ မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်လာခြင်းနဲ့ အတူ ဥရောပပြိုင်ပွဲ ဝင်ခွင့် ရဖို့တောင် ပစ်မှတ်ထားနေခဲ့တာ တွေ့ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့တဲ့ ကိုလုံးတို့ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၂ ပွဲမှာ လေဗာကူဆင်နဲ့ ဒေါ့မန်တို့ ဆီက အမှတ်တွေ ယူနိုင်ခဲ့ပါတယ်။ လက်ရှိ အဆင့် ၄ နေရာက လိုက်ပ်ဇစ်နဲ့ ၅ မှတ် ကွာဟနေပြီး အဆင့် ၆ နေရာက ဟော့ဖန်ဟိမ်းနဲ့ ၄ မှတ်သာ ကွာဟနေလို့ ယူနီယံဘာလင် လိုပဲ ဥရောပပြိုင်ပွဲ ဝင်ခွင့် အတွက် လက်ကျန် ပွဲစဉ်တွေမှာ အားစိုက် ရုန်းလာဖို့ ရှိပါတယ်။ ဒီလို အခြေအနေမျိုးမှာ ဒူဒါ၊ ရှဟက်ဘ်၊ ဖလော်ရီယန် ကိန့်ဇ်၊ ဆက်ဟီရီ၊ ရှမစ် တို့လို အဓိက ကစားသမား အများစု ပွဲထွက်နိုင်ဖို့ မသေချာသေးတာက ကိုလုံး အတွက်တော့ စိတ်ပျက်စရာ ဖြစ်ပါတယ်။ ဒါပေမယ့် အသင်း ရရှိထားတဲ့ သွင်းဂိုး စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို တစ်ဦးတည်း ဒိုင်ခံ သွင်းယူပေးထားတဲ့ မိုဒက်စ်နဲ့ အတူ ဆဘက်ရှန် အန်ဒါဆန်တို့ တိုက်စစ်မှာ ဦးဆောင်လာနိုင်ပြီး အက်သ်၊ လူဘီချစ်ခ်၊ သီးလ်မန်း၊ ကီလီရန်၊ ဟူဘာ၊ ရှဝါဘီ တို့လည်း ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဒီနှစ်သင်းရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၂ ကြိမ်မှာ ယူနီယံဘာလင်က ၆ ကြိမ်နိုင်ပြီး ကိုလုံးက ၄ ကြိမ် အနိုင်ရထားပါတယ်။ ၂ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပြီး ဒီရာသီ ဘွန်ဒက်စ်လီဂါ ပထမအကျော့ ပွဲစဉ် မှာလည်း တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ ပြီးဆုံးထားခဲ့ပါတယ်။ နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု အများစုမှာ ယူနီယံဘာလင်တို့ ကိုလုံးကို အသာရခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက် မရှုံးအောင် ကစားထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ ယူနီယံဘာလင် အတွက် ၂.၄၄ ဆ၊ ကိုလုံး အတွက် ၂.၈၉ ဆ၊ သရေ အတွက် ၃.၂၂ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိမှာ နှစ်သင်းလုံး ခြေစွမ်း အတက်အကျ မတည်ငြိမ်မှုနဲ့အတူ ရမှတ်တွေ ဆုံးရှုံးထားလို့ မဖြစ်မနေ နိုင်ပွဲ ပြန်ရှာဖို့ အားစိုက်လာမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ အဝေးကွင်း ဆိုရင် ရုန်းကန်ရတတ်တဲ့ ကိုလုံးထက် အိမ်ကွင်း ခြေစွမ်း မဆိုးလှတဲ့ ယူနီယံဘာလင် ကိုပဲ ရွေးချယ်ထားသင့်ပါတယ်။ အပြန်အလှန် သွင်းဂိုးတွေ ရှိနိုင်ပြီး အိမ်ရှင် တို့ပဲ ကျဉ်းမြောင်းတဲ့ ရလဒ်နဲ့ အနိုင်ရသွားဖို့ များပါတယ်။


ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်