နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်း အားသာချက် ရှိနေတဲ့ ယူနီယံဘာလင်တို့ နိုင်ပွဲ ရှာတွေ့သွားနိုင်တယ် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner

ယူနီယံဘာလင် – ကိုလုံး 

ကြာဿပတေးနေ့ မနက် အစောပိုင်းမှာတော့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး ယူနီယံဘာလင်က ကိုလုံးကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ဒီရာသီ ယူနီယံဘာလင်ရဲ့ အခြေအနေက တော်တော်လေး ဆိုးရွားနေပါတယ်။ ချန်ပီယံလိဂ်ကို အားစိုက်လိုက်တာကြောင့်လည်း ဘွန်ဒက်စ်လီဂါ အပါအဝင် ပြည်တွင်း ပြိုင်ပွဲတွေမှာ တိုင်ပတ်သွားတာပါ။ အခုတော့ ယူနီယံဘာလင်တို့ ပြည်တွင်း ပွဲစဉ်တွေမှာ အပြည့်အဝ အားပြန်စိုက်နိုင်ပါပြီ။ အမှတ်ပေးပွဲစဉ် ၁၄ ပွဲ ကစားပြီးချိန် အထိ နိုင်ပွဲ ၃ ပွဲသာ ရထားပြီး ရှုံးပွဲ ၁၀ ပွဲအထိ ရှိထားတဲ့ ယူနီယံဘာလင်ဟာ တန်းဆင်းဇုန်ရဲ့ အထက်မှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၁၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ယူနီယံဘာလင်တို့ အိမ်ကွင်း ခြေစွမ်းကလည်း အားရစရာ မရှိပါဘူး။ ဒါပေမယ့် သူတို့ အခု တွေ့ဆုံနေတဲ့ အသင်း ကလည်း အဘက်ဘက်မှာ ကျဆင်းနေတဲ့ ကိုလုံး ဖြစ်နေတာကြောင့်တော့ ရလဒ်ကောင်း ရှာတွေ့သွားမလား ဆိုတာ စောင့်ကြည့်ရပါမယ်။

ကိုလုံး ကလည်း ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ယူနီယံဘာလင်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အထက်အောက် ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။ ယူနီယံဘာလင်နဲ့ နောက်ဆုံး ၃ ကြိမ် တွေ့ဆုံမှုမှာ ကိုလုံးတို့ ရလဒ် မကောင်းခဲ့သလို လက်ရှိ ခြေစွမ်းအရလည်း အဝေးကွင်းမှာ သရေ တစ်မှတ် ရဖို့တောင် ခက်ခဲဦးမယ့် သဘော ရှိပါတယ်။ 


နှစ်ဖက်အသင်း သတင်းများ

ယူနီယံဘာလင် ဘက်မှာ ဒိုခီနဲ့ ရော်ဘင် ဂိုဆန်စ်တို့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ကျန်အဓိက ကစားသမား အားလုံး ကတော့ ကြံ့ခိုင်မှု ပြည့်ဝနေကြပါတယ်။

ကိုလုံး ကလည်း ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ယူနီယံဘာလင်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အထက်အောက် ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ထဲ ရောက်နေတဲ့ ကိုလုံး

ကိုလုံး ဘက်မှာတော့ ပါကွာရာဒါ၊ အဒါမီယန် တို့ ဒဏ်ရာကြောင့် အနားယူနေရဆဲ ဖြစ်ပြီး ချာဘော့တ် ကတော့ ပွဲပယ်ပြစ်ဒဏ်ထိထားလို့ လွဲချော်မှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း 

ယူနီယံဘာလင် – ရွန်နောင်း၊ ဂျူရန်နိုဗစ်၊ ကွန်ချီ၊ ဒီယိုဂို၊ ရူဆီလွန်၊ ခီဒီရာ၊ ဟာဘာရာ၊ ဟိုလာဘက်ချ်၊ ဗိုလန်း၊ ဘက်ကာ၊ ဘယ်ရန်စ်

ကိုလုံး – ရှဝက်ဘ်၊ ကာစတန်ဆန်၊ ဟူဘားစ်၊ ကီလီရန်၊ ဟိန့်ဇ်၊ မာတဲလ်၊ လူဘီချစ်၊ သိုင်းလ်မန်း၊ ကိန့်ဇ်၊ မေနာ၊ ဆဲလ်ခီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း အကြား နောက်ဆုံး ၁၅ ကြိမ် တွေ့ဆုံမှုမှာ ယူနီယံဘာလင်က ၈ ကြိမ် နိုင်ပြီး ကိုလုံးက ၄ ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာလည်း ယူနီယံဘာလင်တို့ ကိုလုံးကို မရှုံးခဲ့ပဲ ၃ ပွဲနိုင်၊ ၂ ပွဲ သရေကစားခဲ့ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ယူနီယံဘာလင်က ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲသရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။ ကိုလုံး ကလည်း ၁ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ ယူနီယံဘာလင် နိုင်ရင် ၂ ဆ၊ ကိုလုံး နိုင်ရင် ၃.၄၈ ဆနဲ့ သရေ ဆိုရင်တော့ ၃.၁၉ ဆ ပေးထားပါတယ်။ အာရှဟန်းဒီကပ် မှာတော့ အိမ်ရှင် အသင်း ဘက်က သရေ အရှုံးလောက် ဖွင့်ပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး သရေ လောက်က စဖွင့်ပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိ ခြေစွမ်းက အတူတူနဲ့ အနူနူ ပါပဲ။ ဘယ်အသင်းက တစ်မူး ပိုရှူသွားနိုင်မလဲပဲ စောင့်ကြည့်ရမှာပါ။ မဖြစ်မနေ ရွေးချယ် ရမယ် ဆိုရင်တော့ အိမ်ကွင်း အားသာချက် ရှိပြီး အစဉ်အလာ အရ အနည်းငယ် ပိုသာနေတဲ့ ယူနီယံဘာလင်ကိုပဲ ရွေးချယ်ရပါမလိမ့်မယ်။ ဂိုးပြတ်မယ့် အလားအလာတော့ မမြင်မိပါဘူး။


ခန့်မှန်းရလဒ်

ယူနီယံဘာလင် ၁-၀ ကိုလုံး 

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်