နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနီယံဘာလင်ကို ချီးကျူးလိုက်တဲ့ တိုနီ ခရူးစ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနီယံဘာလင်ကို ချီးကျူးလိုက်တဲ့ တိုနီ ခရူးစ်

ဘွန်ဒက်စ်လီဂါ ကလပ် ယူနီယံဘာလင်ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ တိုနီ ခရူးစ်ရဲ့ ချီးကျူးခြင်းကို ရရှိခဲ့ပါတယ်။ အဆိုပါ ကလပ်ဟာ လက်ရှိရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ရီးရဲလ်မက်ဒရစ်၊ နာပိုလီ၊ ဘရာဂါ တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။ 

ဒါ့အပြင် ယူနီယံဘာလင်မှာ တိုနီ ခရူးစ်နဲ့ ညီအစ်ကို တော်စပ်တဲ့ ဖီးလစ်လည်း ကစားနေပြီး တိုနီ ခရူးစ် ကတော့ အဆိုပါ ဂျာမန် ကလပ်နဲ့ ပတ်သက်လို့ ချီးကျူး ပြောကြားခဲ့တာပါ။ 

တိုနီ ခရူးစ်က ချန်ပီယံလိဂ် အုပ်စု အဆင့်က ပြဿနာရှိကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ ယူနီယံဘာလင်က ကျွန်တော့် အတွက် ဘောလုံးမိသားစုလို ဖြစ်နေကြောင်း၊ သူတို့က တကယ် ကောင်းမွန်တဲ့ ပုံစံကောင်း တစ်ခုကို အချိန်တို အတွင်း ပြသထားနိုင်ကြောင်း၊ ယူနီယံဘာလင်ရဲ့ ကစားပုံတွေကို လေ့လာပြီးတဲ့နောက် သူတို့က မလွယ်ကူဘူး ဆိုတာကို ပြောနိုင်ကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။ 


မာနေးရဲ့ ငယ်သူငယ်ချင်း ကိုပါ စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဘေယန်မြူးနစ် 

လက်ရှိ နွေရာသီမှာတော့ မာနေးက ဘွန်ဒက်စ်လီဂါ ကလပ် ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပြီး အက်ဇ်ကန်ပို ကလည်း အခုချိန်မှာ ဘေယန်မြူးနစ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာပါ။
ဘေယန်မြူးနစ်နဲ့ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်တဲ့ အက်ဇ်ကန်ပို

ဘေယန်မြူးနစ်ဟာ အသင်းရဲ့ ကစားသမားဟောင်း ဆာဒီယို မာနေးရဲ့ ငယ်သူငယ်ချင်း ဖြစ်သူ ဆက်ဘီ အက်ဇ်ကန်ပိုနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ မာနေး ဘေယန်မြူးနစ်ကို ရောက်ရှိလာခဲ့ပြီးနောက် အက်ဇ်ကန်ပို ကလည်း မာနေးရဲ့ အကူအညီနဲ့ ဘေယန်မြူးနစ် အရန် အသင်းမှာ ခြေစွမ်း စမ်းသပ်ပြီး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

လက်ရှိ နွေရာသီမှာတော့ မာနေးက ဘွန်ဒက်စ်လီဂါ ကလပ် ကနေ အယ်လ်နာဆာကို ပြောင်းရွှေ့သွားခဲ့ပြီး အက်ဇ်ကန်ပို ကလည်း အခုချိန်မှာ ဘေယန်မြူးနစ်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာပါ။ 

အက်ဇ်ကန်ပိုဟာ ဘေယန်မြူးနစ် အရန် အသင်း အတွက် (၂၈) ပွဲကစား၊ (၁၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး အခုချိန်မှာတော့ ဘယ်လ်ဂျီယံ ဒုတိယတန်း ကလပ် RFC Seraing နဲ့ တစ်နှစ်သက်တမ်းရှိ စာချုပ် တစ်ရပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ 


ဘေယန်က ထွက်ခွာသွားခဲ့တဲ့ ပါဗက်ကို ဝေဖန်လိုက်တဲ့ ကစားသမားဟောင်း 

ဘေယန်မြူးနစ်ရဲ့ ကစားသမားဟောင်းကြီး မာရီယို ဘတ်စ်လာဟာ အသင်း ကနေ ထွက်ခွာသွားခဲ့တဲ့ နောက်ခံလူ ဘင်ဂျာမင် ပါဗက်နဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားလိုက်ပါတယ်။ ပါဗက်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ထွက်ခွာခွင့်တောင်းခဲ့ပြီးနောက် အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့တာပါ။ 

အဆိုပါ ပြင်သစ် လက်ရွေးစင် နောက်ခံလူကို ဘေယန်မြူးနစ်တို့ အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိခဲ့ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းကနေ ထွက်ခွာဖို့ ဆန္ဒပြင်းပြခဲ့တာပါ။ 

ပါဗက်နဲ့ ပတ်သက်လို့ ဘတ်စ်လာက ခံစစ်တန်းမှာ ဘေယန်မြူးနစ်တို့ ညာနောက်ခံလူ မရှိဘဲ ချန်ပီယံလိဂ် ပြိုင်ပွဲကို ကစားရမှာက ခက်ခဲကြောင်း၊ ပါဗက် ကလည်း ဘာကြောင့် ဘေယန်မြူးနစ်ကို စွန့်ခွာဖို့ စဉ်းစားခဲ့ရလဲ ဆိုတာကို မသိနိုင်ကြောင်း၊ သူ့ခေါင်းထဲမှာ ဘာတွေတွေးနေခဲ့လဲ ဆိုတာကို မသိနိုင်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်