နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စတန်နီဆစ်ရဲ့ နောက်ကျဂိုးနဲ့ ရှုံးပွဲ မရှိစံချိန်ကို ဆက်ထိန်းခဲ့တဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဒေါ့မန် ၁-၁ လေဗာကူဆင်

လေဗာကူဆင် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဒေါ့မန်ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရပေမယ့် ၁-၁ ရလဒ် ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် လေဗာကူဆင်ဟာ ပြိုင်ပွဲစုံ ၄၅ ပွဲဆက် ရှုံးပွဲ မရှိတဲ့ စံချိန်သစ်ကို ရေးထိုးနိုင်ခဲ့ပြီး ဘွန်ဒက်စ်လီဂါမှာလည်း ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ဖို့ ခြေတစ်လှမ်း ထပ်တိုးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ဒေါ့မန်က ကိုဘယ်၊ ရှလော့တ်တာဘက်ခ်၊ ဟမ်းမဲလ်စ်၊ မတ်ဆန်၊ ရိုင်ယာဆန်၊ ချန်၊ ဘရန့်တ်၊ ဆဘစ်ဇာ၊ ဆန်ချို၊ ဘိုင်နို ဂစ်တင်န်စ်၊ ဖူးလ်ခရက်ဂျ် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင် ကတော့ ဟွာဒက်ကီ၊ တာ့ရ်၊ ဟင်ကပ်ပီ၊ ချာကာ၊ အန်းဒရစ်ချ်၊ ဂရီမဲလ်ဒို၊ ဆတန်နီဆစ်၊ တယ်လာ၊ ဖရင်ပေါင် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။

ပူပူးနွေးနွေး ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားတဲ့ လေဗာကူဆင်ဟာ ပွဲစကတည်းက မြင့်မားတဲ့ စိတ်ဓာတ်နဲ့ ဒေါ့မန်ရဲ့ အဝါရောင် တံတိုင်းကို အရောင်ဆိုးဖို့ ကြိုးစားခဲ့ပြီး အလုပ်လည်း ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း တစ်ပိုင်လုံး လေဗာကူဆင် ခြေထဲမှာပဲ ဘောလုံး ရှိနေခဲ့ပြီး ပြိုင်ဘက်ရဲ့ နောက်တန်းကိုလည်း အလုပ်ရှုပ်စေခဲ့ပါတယ်။ ဒေါ့မန် နောက်တန်း ကောင်းနေလို့သာ ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင် ကွင်းလယ်က အန်းဒရစ်ချ်၊ ချာကာ၊ စတန်နီဆစ်နဲ့ ဂရီမဲလ်ဒိုတို့ လုပ်အားနှုန်း ကောင်းခဲ့ပါတယ်။ ပထမပိုင်းဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး လိုအပ်နေတဲ့ အနိုင်ရလဒ် အတွက် တိုက်စစ် တင်ကစားခဲ့ပြီး အိမ်ရှင် ဒေါ့မန် တို့လည်း အခွင့်အရေးတွေ ရခဲ့ပါတယ်။ လေဗာကူဆင် ကတော့ ဝစ်ဇ်၊ ရှစ်ခ်၊ ဘိုနီဖေ့စ် တို့ ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ချိန်မှာ ကစားပုံ ပိုကောင်းလာခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၁ မိနစ် မှာတော့ ဖူးလ်ခရက်ဂျ်က ဆဘစ်ဇာရဲ့ ဖန်တီးပေးမှု ကနေ ဒေါ့မန် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲက ပြီးခါနီးလေ ဇာတ်ရှိန်တက်လေ ဖြစ်ပြီး ၈၈ မိနစ်မှာ ဘိုနီဖေ့စ် အနီကတ် ပြခံခဲ့ရပေမယ့် VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခဲ့လို့ သက်သာရာရခဲ့ပါတယ်။ ပွဲမပြီးသေးရင် လေဗာကူဆင် မရှုံးဘူး ဆိုတဲ့ အတိုင်း ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို ၇ မိနစ် အရောက်မှာတော့ လေဗာကူဆင်တို့ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဆတန်နီဆစ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး လေဗာကူဆင် အတွက် ၄၅ ပွဲဆက် ရှုံးပွဲ မရှိစံချိန်သစ် တစ်ခုကို ရေးထိုးသွားနိုင်ခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဒေါ့မန်ဟာ ရမှတ် ၅၇ မှတ်နဲ့ အဆင့် ၅ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီးတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆက်လက် ရုန်းကန်ရတော့မှာ ဖြစ်ပါတယ်။ ဒေါ့မန်ဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာက လိုက်ပ်ဇစ်နဲ့ ၂ မှတ် ကွာဟနေပြီး လက်ကျန်ပွဲစဉ်တွေမှာ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။ ဒေါ့မန်ဟာ လာမယ့် တစ်ပတ်မှာ လိုက်ပ်ဇစ်နဲ့ အရေးပါတဲ့ ပွဲစဉ် ကစားရဖို့ ရှိပြီး ဒီပွဲပြီးရင်တော့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ကစားရမှာ ဖြစ်ပါတယ်။\

လေဗာကူဆင် ကတော့ ဘွန်ဒက်စ်လီဂါမှာ နိုင်ပွဲဆက်မှု ရပ်တန့်သွားခဲ့ရပေမယ့်လည်း ရှုံးပွဲ မရှိ မှတ်တမ်းကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အဆင့် ၂ နေရာက ဘေယန်မြူးနစ်ကို ၁၄ မှတ် ဖြတ်ထားပြီး တစ်ရာသီလုံး ရှုံးပွဲ မရှိအောင် ကစားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ လာမယ့် တစ်ပတ်မှာ စတုဂတ်နဲ့ ပွဲကြပ် ကစားရမှာ ဖြစ်ပြီး အဲ့ဒီ ပွဲပြီးရင်တော့ ရိုးမားနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်