နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တဲ့ မာနေး (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်တဲ့ မာနေး

ဘေယန်မြူးနစ်ရဲ့ တိုက်စစ် ကြယ်ပွင့် ဆာဒီယို မာနေးဟာ လက်ရှိအချိန်မှာ ဆော်ဒီ အာရေဗျကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကစားသမားကို ခေါ်ယူဖို့ အတွက် အယ်လ်နာဆာ ဥက္ကဌ ကိုယ်တိုင် လှုပ်ရှားနေတာ ဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်နဲ့ လည်း တွေ့ဆုံ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ လက်ရှိအချိန် မှာတော့ အယ်လ်နာဆာရဲ့ အားကစား ဒါရိုက်တာနဲ့ မာနေးတို့ တိုက်ရိုက် ဆွေးနွေးနေပြီး မကြာခင်မှာပဲ တရားဝင် သဘောတူညီမှု ရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ ပြီးခဲ့တဲ့ ရာသီကမှ လစ်ဗာပူးလ် ကနေ ပေါင် (၃၅) သန်းနဲ့ ခေါ်ယူထားတဲ့ မာနေးကို ဒီနွေမှာ ပေါင် (၁၇) သန်းဝန်းကျင်နဲ့ ပြန်လည် လက်လွှတ်ခံသွားဖို့ ပြင်ဆင်ထားပါတယ်။


နီကိုရှလ်ဇ်ကို စာချုပ်ဖျက်သိမ်းလိုက်တဲ့ ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ဟာ အသင်းရဲ့ ကစားသမား ဖြစ်တဲ့ နီကို ရှလ်ဇ်ကို စာချုပ်ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒေါ့မန် အနေနဲ့ အဆိုပါ နောက်ခံကစားသမားနဲ့ လိုအပ်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးတဲ့နောက် နှစ်ဦး နှစ်ဖက် အကြား တရားဝင် သဘောတူညီမှုနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

အသင်းရဲ့ အားကစားဒါရိုက်တာ ဆဘက်စတီယန်ခါးလ် ကလည်း နောက်ပိုင်းနှစ်တွေမှာ ဒေါ့မန် အတွက်ရော၊ ကစားသမား အတွက်ပါ လိုအပ်တဲ့ မျှော်လင့်ချက်တွေ မပြည့်ဝခဲ့တာကို သိရှိခဲ့ကြောင်း၊ ဘာပဲဖြစ်ဖြစ် နီကို အတွက် သူ့ရဲ့ အနာဂတ်မှာ ကစားသမားဘဝ အတွက်ရော၊ ပြင်ပဘဝ အတွက်ပါ အကောင်းဆုံးတွေ ဖြစ်ဖို့ ဆုတောင်းပေးကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒေါ့မန်ဟာ လက်ရှိနွေရာသီမှာ အခြားသော နောက်ခံလူ တစ်ယောက် ဖြစ်တဲ့ ရာဖေးလ် ဂွါရဲရိုးနဲ့လည်း စာချုပ်သက်တမ်း မတိုးဖြစ်ခဲ့ဘဲ ဂွါရဲရိုး ကတော့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။


ဆာဘစ်ဇာကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဒေါ့မန်

ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ်ရဲ့ ကွင်းလယ်လူ မာကယ်လ် ဆာဘစ်ဇာကို ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။
မာကယ်လ် ဆာဘစ်ဇာကို ခေါ်ယူချင်နေတဲ့ ဒေါ့မန်

ဒေါ့မန်ဟာ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ဘေယန်မြူးနစ်ရဲ့ ကွင်းလယ်လူ မာကယ်လ် ဆာဘစ်ဇာကို ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။
ဆာဘစ်ဇာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဒုတိယရာသီဝက်မှာ မန်ချက်စတာယူနိုက်တက်ကို အငှားနဲ့ သွားရောက် ကစားခဲ့ပြီး လက်ရှိအချိန် မှာတော့ ဘေယန်မြူးနစ်နဲ့ အတူ ရာသီကြို အစီအစဉ်တွေမှာ ပူးပေါင်း ပါဝင်လျက် ရှိပါတယ်။ အဆိုပါ ကွင်းလယ်လူကို ဘေယန်မြူးနစ်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင်နဲ့ ရောင်းချဖို့ ပြင်ဆင်ထားပြီး ယူနိုက်တက်က ဆာဘစ်ဇာကို အပြီးသတ် ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေးကြောင့် မခေါ်ယူဖြစ်ခဲ့တာပါ။

အခုချိန်မှာတော့ ဒေါ့မန် တာဝန်ရှိသူတွေက ဆာဘစ်ဇာနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ ကြိုးစားနေပြီး ကစားသမား ကိုယ်တိုင် ကလည်း ပုံမှန်ပွဲထွက်ခွင့် ရရှိမယ့် အသင်းမှာသာ ကစားခွင့်ရမယ် ဆိုရင် ဘေယန်မြူးနစ် ကနေ ထွက်ခွာဖို့ ဆန္ဒရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်