ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၆ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တဲ့ ဆာဘစ်ဇာ
ဘေယန်မြူးနစ် ကွင်းလယ်လူ မာကယ်လ် ဆာဘစ်ဇာဟာ ဒေါ့မန်ကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ ကွင်းလယ်လူဟာ မနှစ်က ယူနိုက်တက်ကို အငှားနဲ့ သွားရောက် ကစားခဲ့ပြီး လက်ရှိနွေ မှာတော့ ဘွန်ဒက်စ်လီဂါ လက်ရှိ ချန်ပီယံ အသင်း ကနေ အပြီးသတ် ထွက်ခွာခဲ့တာပါ။
ဆာဘစ်ဇာကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်က စိတ်ဝင်စားခဲ့ပေမယ့် ဘေယန်မြူးနစ်တို့ တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်းနဲ့ သန်း (၂၀) ကို ပေးချေဖို့ ဆန္ဒမရှိခဲ့ပါဘူး။ အဲ့ဒီနောက် မှာတော့ ဆာဘစ်ဇာအတွက် ဒေါ့မန်တို့ ကြိုးစားလာခဲ့ကာ ပြောင်းရွှေ့ကြေး ယူရို (၁၉) သန်းနဲ့ အတူ ဆာဘစ်ဇာကို (၂၀၂၇) ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ဟယ်ရီကိန်းကို လက်လွှတ်ရရင် မူအာနီကို ပြန်ခေါ်မယ့် စပါး

တော့တင်ဟမ်ဟော့စပါးဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လက်လွှတ်ခဲ့ရမယ် ဆိုရင် သူ့နေရာမှာ အစားထိုးဖို့ အတွက် ဖရန့်ဖတ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာ စပါးက ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ရရှိမယ် ဆိုရင် ရောင်းချဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီအင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ရဲ့ နေရာကို ချက်ချင်း အစားထိုးမှာ ဖြစ်ပြီး ဘွန်ဒက်စ်လီဂါ ကြယ်ပွင့် မူအာနီကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာပါ။




မာနေး အတွက် စတင် ကမ်းလှမ်းလိုက်ပြီ ဖြစ်တဲ့ အယ်လ်နာဆာ
အဆိုပါ ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်ကို ဘေယန်မြူးနစ်တို့ လက်ရှိ နွေရာသီမှာ အရောင်းစာရင်း တင်ထားပြီး ကစားသမား ဘက်ကလည်း ဘွန်ဒက်စ်လီဂါကို စွန့်ခွာဖို့ ပြင်ဆင်ထားပါတယ်။ အသက် (၃၁) နှစ် အရွယ် မာနေးကို ခေါ်ယူဖို့ အတွက် အယ်လ်နာဆာတို့ ပြီးခဲ့တဲ့ရက် အနည်းငယ်ကတည်းက စတင် စိတ်ဝင်စားခဲ့ပြီး လက်ရှိအချိန် မှာတော့ ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်းဝန်းကျင်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
ဒီပမာဏဟာ ဘေယန်မြူးနစ်တို့ လက်သင့်ခံနိုင်တဲ့ ပမာဏ ဖြစ်ပြီး မာနေး ကိုလည်း အယ်လ်နာဆာတို့ တစ်ပတ် လုပ်ခ ပေါင် (၆) သိန်းခွဲ အနည်းဆုံး ပေးချေသွားမယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.