နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂရာဗင်ဘာ့ချ် အတွက် လက်လျှော့ဖွယ် မရှိသေးတဲ့ ပရီးမီးယားလိဂ် အသင်းများ၊ ဘေယန် နည်းပြဟောင်းနဲ့ ချဲလ်ဆီး တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဂရာဗင်ဘာ့ချ် အတွက် လက်လျှော့ဖွယ် မရှိသေးတဲ့ ပရီးမီးယားလိဂ် အသင်းများ၊ ဘေယန် နည်းပြဟောင်းနဲ့ ချဲလ်ဆီး တာဝန်ရှိသူတွေ တွေ့ဆုံခဲ့ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၁၈ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂရာဗင်ဘာ့ချ် အတွက် လက်လျှော့ဖွယ် မရှိသေးတဲ့ ပရီးမီးယားလိဂ် အသင်းများ

ပရီးမီးယားလိဂ် ထိပ်သီး အသင်း သုံးသင်း ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ လစ်ဗာပူး တို့ဟာ လာမယ့် တစ်ပတ် အတွင်း နယ်သာလန် ကြယ်ပွင့် ရိုင်ယန် ဂရာဗင်ဘာ့ချ်ရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံဖို့ စီစဥ်ထားကြောင်း သိရပါတယ်။ 

အသက် (၂၀) အရွယ် အေဂျက်စ် ကွင်းလယ်လူဟောင်းဟာ ဘေယန်မြူးနစ်မှာ ပုံမှန်နေရာ မရရှိတာကြောင့် လာမယ့် နွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ စဥ်းစားနေတာလည်း ဖြစ်ပါတယ်။ 

ပရီးမီးယား လိဂ်
ဖူလ်ဟမ်
လိဒ် ယူနိုက်တက်
1X2 လိဒ် ယူနိုက်တက် @ 2.69
လိဒ် ယူနိုက်တက် အာရှ ဟန်းဒီးကပ် 0.00 @ 2.21
ဂိုးပေါ် 2.50 @ 1.96
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ သောမတ်စ် တူချယ် ကတော့ ဂရာဗင်ဘာ့ချ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ရည်ရွယ်ထားပြီး သူ့ကို မရောင်းချဘူး ဆိုတာ ကိုလည်း အသင်း တာဝန်ရှိသူတွေက ကစားသမားထံ အသိပေးပြီး ဖြစ်ကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ 

ဒါပေမယ့်လည်း ဂရာဗင်ဘာ့ချ်ကို ယခင်ကတည်းက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့ အာဆင်နယ်၊ လစ်ဗာပူးတို့ အပြင် အဲရစ်ခ် တန်ဟက်ဂ်ရဲ့ စိတ်ကြိုက် ဖြစ်မှုကြောင့် ဒီကစားသမားရဲ့ အပြောင်းအရွှေ့ထဲ ပါဝင်လာတဲ့ ယူနိုက်တက်တို့ ကတော့ ကစားသမားရဲ့ အေးဂျင့်နဲ့ တွေ့ဆုံပြီး အနာဂတ် အတွက် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ 


မာနေးနဲ့ ဆာနေးရန်ပွဲက ဘေယန်အတွက် အားသာချက်ဖြစ်လာနိုင်တယ်လို့ ဂွါဒီယိုလာပြော

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာက လီရွိုင်း ဆာနေးနဲ့ ဆာဒီယို မာနေးတို့ အကြား ရန်ပွဲက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ ဘေယန်မြူးနစ် အတွက် အားသာချက် ဖြစ်လာနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ 

အဆိုပါ ကြယ်ပွင့် နှစ်ယောက်ဟာ မန်စီးတီးကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပထမအကျော့ အပြီးမှာ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး မာနေးက ဆာနေးကို နှုတ်ခမ်းပေါက်အောင် ထိုးကြိတ်ခဲ့တာကြောင့် တစ်ပွဲပယ်နဲ့ ဒဏ်ငွေ ပေါင် သုံးသိန်း ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ 

ဂွါဒီယိုလာ ကတော့ ဒီအချက်က ဘွန်ဒက်စ်လီဂါ ကလပ် အတွက် အားနည်းချက် မဟုတ်ဘဲ အားသာချက် ဖြစ်လာနိုင်ကြောင်း၊ ဘေယန်မြူးနစ် အကြောင်းကို ကောင်းကောင်း သိထားကြောင်း၊ ကစားသမားတွေက အစွမ်းကုန် ကြိုးစားလာမယ် ဆိုတာ သေချာကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

မန်စီးတီးဟာ ပထမအကျော့ အိမ်ကွင်းမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိထားတာကြောင့် မြူးနစ်မှာ ကစားမယ့် ဒုတိယအကျော့ ပွဲမတိုင်ခင်မှာ ဆီမီးဖိုင်နယ် တက်ရောက်ဖို့ ရေပန်းစားနေပါတယ်။ 


ဘေယန် နည်းပြဟောင်းနဲ့ ချဲလ်ဆီး တာဝန်ရှိသူတွေ တွေ့ဆုံခဲ့

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြဟောင်းဟာ စာချုပ်ကိစ္စ အရှုပ်အထွေးတွေ ရှိနေပြီး ချဲလ်ဆီး အနေနဲ့ သူ့ကို ခေါ်ယူလိုပါက လျော်ကြေးငွေ ပမာဏ တစ်ခုကို ပေးချေရဖွယ် ရှိပါတယ်။
နေဂဲလ်စ်မန်းကို ခေါ်ယူလိုရင် လျော်ကြေးငွေ ပေးချေရဖို့ ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီး တာဝန်ရှိသူတွေဟာ ဘေယန်မြူးနစ် နည်းပြဟောင်း ဂျူလီယန် နေဂဲလ်စ်မန်းနဲ့ ပတ်သက်လို့ ဘေယန်မြူးနစ် ဘက်နဲ့ ထိတွေ့ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ ဂျာမန် လူမျိုး နည်းပြဟာ ပြီးခဲ့တဲ့ မတ်လ အတွင်း ရာထူး ကနေ ရုတ်တရက် ထုတ်ပယ်ခံခဲ့ရပြီးနောက် ချဲလ်ဆီးက နေဂဲလ်စ်မန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်နေတာပါ။ 

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြဟောင်းဟာ စာချုပ်ကိစ္စ အရှုပ်အထွေးတွေ ရှိနေပြီး ချဲလ်ဆီး အနေနဲ့ သူ့ကို ခေါ်ယူလိုပါက လျော်ကြေးငွေပမာဏ တစ်ခုကို ပေးချေရဖွယ် ရှိပါတယ်။  

ချဲလ်ဆီး တာဝန်ရှိသူတွေ ကတော့ ဒါကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားနေပြီး ဘေယန်မြူးနစ်ရဲ့ ဥပဒေဆိုင်ရာ အဖွဲ့နဲ့ တွေ့ဆုံခဲ့သလို အသင်းရဲ့ နည်းပြသစ် လျာထားစာရင်း နောက်ဆုံးအဆင့်မှာ ပါဝင်လာဖွယ် ရှိတဲ့ နေဂဲလ်စ်မန်းနဲ့လည်း တွေ့ဆုံခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်