နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရရှိဖို့ ကြိုးပမ်းမယ့် ပါဗက် (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၁၄ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရရှိဖို့ ကြိုးပမ်းမယ့် ပါဗက်

ဘေယန်မြူးနစ် နောက်ခံလူ ဘင်ဂျာမင် ပါဗက်ဟာ အသင်း ကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရဖို့ အတွက် ကြိုးစားသွားမယ်လို့ သိရပါတယ်။အဆိုပါ ပြင်သစ် လက်ရွေးစင် နောက်ခံလူဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိခဲ့ပါပြီ။

ဒါပေမယ့် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ဘွန်ဒက်စ်လီဂါ ဘီလူးကြီးက ပယ်ချခဲ့ပြီး ပါဗက်ကို အသင်းမှာ ဆက်ထိန်းထားဖို့ နည်းပြ သောမတ်စ် တူချယ် ကလည်း ဆန္ဒရှိနေပါတယ်။ ကစားသမား ကိုယ်တိုင် ကတော့ ဂျာမနီမြေ ကနေ ထွက်ခွာလိုနေတာကြောင့် လာမယ့် ရက်ပိုင်း အတွင်း ယူနိုက်တက်ကို ပြောင်းရွှေ့ခွင့်ရဖို့ အသင်းထံ တောင်းဆိုသွားဖွယ် ရှိပါတယ်။

ယူနိုက်တက်ဟာ ပါဗက် အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၃၀) နဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ဘေယန်မြူးနစ် ဘက်ကတော့ အနည်းဆုံး ယူရိုသန်း (၆၀) နဲ့ အထက် အလိုရှိနေပါတယ်။


ဂျာမနီလို ဟဲလို တစ်လုံးတည်းတတ်တယ်လို့ ဖွင့်ဟလိုက်တဲ့ ဟယ်ရီကိန်း

ဘေယန်မြူးနစ် တိုက်စစ်မှူးသစ် ဟယ်ရီကိန်းက ဂျာမန်ဘာသာစကားနဲ့ ပတ်သက်လို့ သူတတ်မြောက်တာ တစ်လုံးတည်းသာ ရှိကြောင်း ဖွင့်ဟလိုက်ပါတယ်။ တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက ဘွန်ဒက်စ်လီဂါ ကလပ် ကို စတင် ရောက်ရှိလာခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဘွန်ဒက်စ်လီဂါ ကလပ် ကို စတင် ရောက်ရှိလာခဲ့ပါတယ်။
ဘေယန်မြူးနစ် အတွက် ဂျာမန် စူပါဖလားမှာ ပထမဦးဆုံး ပွဲထွက်ကစားခဲ့တဲ့ ဘေယန်မြူးနစ်

ကို ရောက်ရှိပြီး (၂၄) နာရီ အတွင်း မှာတင် ဟယ်ရီကိန်းက လိုက်ပ်ဇစ်ကို သုံးဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ဂျာမန် စူပါဖလား ပွဲစဉ်မှာ လူစားဝင်ကစားသမား အဖြစ် ပါဝင်ခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ တိုက်စစ်မှူးကြီး ဂျာမန်လို တတ်တာ ဟဲလို ဆိုတဲ့ တစ်လုံးတည်း ရှိကြောင်း၊ အသင်းနဲ့ အမြန်ဆုံး အသားကျချင်တာကြောင့် ဘာသာစကားကို တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ် သင်ယူမှာ ဖြစ်ကြောင်းနဲ့ ဒီနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေ ကိုပါ လေ့လာသွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ဟယ်ရီကိန်းကို ဂုဏ်ပြုခဲ့ကြောင်း NFL ဂန္တဝင် ပြောကြား

NFL ရဲ့ ဂန္တဝင်ကစားသမားကြီး တွမ် ဘရက်ဒီက ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တဲ့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဟယ်ရီကိန်းကို ဂုဏ်ပြုစကား ပြောကြားခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဟယ်ရီကိန်းဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟော့စပါး ကနေ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကို ပြောင်းရွှေ့ခဲ့တာပါ။

အမျိုးသမီးကမ္ဘာ့ဖလား 2023
စပိန်
ဆွီဒင်
1X2 Tဆွီဒင် @ 2.99
ဂိုးပေါ် 2.25 @ 2.13
ဂိုးပေါင်း 0-1 @ 2.25
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဆိုပါ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်က ဂျာမနီမြေမှာ အသင်း အတွက် ပထမဆုံး ပွဲဦးထွက် ကိုပါ ပါဝင်ကစားပေးခဲ့ပြီး ဖြစ်ပါတယ်။

ဟယ်ရီကိန်းနဲ့ ပတ်သက်လို့ ဘရက်ဒီက ကျွန်တော် သူ့ကို ဂုဏ်ပြု စကားပြောကြားခဲ့ကြောင်း၊ ဟယ်ရီကိန်းက ကျွန်တော့်ရဲ့ ကာလရှည် သူငယ်ချင်း ဖြစ်ကြောင်း၊ သူက ကျွန်တော့်ကို အချိန်အကြာကြီး အားပေးခဲ့ပြီး ကျွန်တော်လည်း အတူတူပဲ ဖြစ်ကြောင်း၊ သူ့အတွက် မတူညီတဲ့ ခွန်အားအသစ်တွေ ဘေယန်မြူးနစ်မှာ ရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်