လိုက်ပ်ဇစ် ကွင်းလယ်လူကို အနီးကပ် စောင့်ကြည့်နေတဲ့ နယူးကာဆယ်၊ အလာဘာကြောင့် ရီးရဲလ်ကို ပိုပြီး အာပေးဖြစ်မယ့် မူလာ စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လိုက်ပ်ဇစ် ကွင်းလယ်လူကို အနီးကပ် စောင့်ကြည့်နေတဲ့ နယူးကာဆယ်
နယူးကာဆယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ ကွင်းလယ်လူ ဒိုမီနစ်ခ် စဘို့ဇ်လိုင်းကို ခေါ်ယူဖို့ အတွက် အနီးကပ် စောင့်ကြည့်လျက်ရှိတယ်လို့ သိရပါတယ်။ ဟန်ဂေရီ ကြယ်ပွင့်ဟာ လိုက်ပ်ဇစ် အတွက် နှစ်ရာသီ အတွင်း (၈၈) ပွဲ ကစားပေးထားပြီး ဒီရာသီ မှာလည်း အကောင်းဆုံး ပုံစံတွေ ပြသလျက် ရှိပါတယ်။
ဒါကြောင့်လည်း လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ နီးစပ်နေတဲ့ နယူးကာဆယ်က ချန်ပီယံလိဂ် ကစားချင်နေတဲ့ စဘို့ဇ်လိုင်းကို အနီးကပ် စောင့်ကြည့်နေတာလည်း ဖြစ်ပါတယ်။
အလာဘာကြောင့် ရီးရဲလ်ကို ပိုပြီး အားပေး ဖြစ်မယ့် မူလာ
လက်ရှိအချိန်မှာ ချန်ပီယံလိဂ်က ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဥ်တွေ ပြီးဆုံးသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ် ကလည်း ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်။ အလာဘာဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ရီးရဲလ်မက်ဒရစ်ကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ် ဖလားလည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။
မူလာ ကတော့ ပုဂ္ဂိုလ်ရေးအရ ပြောရရင် အလာဘာကြောင့် ရီးရဲလ်မက်ဒရစ်ကို ပိုအားပေးကြောင်း၊ ဘောလုံးအမြင်နဲ့ ကြည့်ရင်တော့ နှစ်သင်းလုံးက ထိပ်တန်း အဆင့် ရှိပြီး စောင့်ကြည့်ချင်စရာ ကောင်းကြောင်း၊ ဒုတိယအကျော့က ထိပ်တန်း ပွဲ တစ်ပွဲ ဖြစ်လာဖို့ ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကျွန်တော့် အသည်းနှလုံးက နီတာထက်တောင် ပိုတယ် ဆိုတဲ့ မူလာ
နည်းပြ သောမတ်စ် တူချယ် လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးလာတဲ့နောက် မူလာ အနေနဲ့ အသင်း ကနေ ထွက်ခွာဖို့ စဥ်းစားနေကြောင်း သတင်းတွေက ဖော်ပြနေခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာ ခန်းနဲ့ နည်းပြ တူချယ် တို့က ဒီသတင်းတွေကို ငြင်းဆန် ပယ်ချထားပါတယ်။ အခုချိန်မှာလည်း ဘွန်ဒက်စ်လီဂါ ဝါရင့် ကစားသမားက သူ့ရဲ့ နှလုံးသားဟာ အခုချိန်ထိ အနီရောင် အဖြစ်ပဲ ရှိနေကြောင်း၊ လူတိုင်းရဲ့ အသည်းနှလုံးက နီတယ် ဆိုပေမယ့် ကျွန်တော်က ပိုနီကြောင်း၊ အနာဂတ်ကို ဆွေးနွေးဖို့ အချိန်မရှိကြောင်းနဲ့ အခုချိန်က ချန်ပီယံဆု အတွက် တိုက်ပွဲဝင်နေရချိန် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.