နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ သေချာသွားတဲ့ မာနေး (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ သေချာသွားတဲ့ မာနေး

ဘေယန်မြူးနစ် တိုက်စစ် ကစားသမား ဆာဒီယို မာနေးဟာ ဆော်ဒီအာရေဗျ ကလပ် အယ်လ်နာဆာကို ပြောင်းရွှေ့ဖို့ အတွက် သေချာသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင် အတွက် အယ်လ်နာဆာနဲ့ ဘွန်ဒက်စ်လီဂါ ဘီလူးကြီးတို့ အကြား နှုတ်အားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ပါတယ်။

အယ်လ်နာဆာဟာ မာနေး အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀) ဝန်းကျင် ပေးချေရမှာ ဖြစ်ပြီး ဘေယန်မြူးနစ် ကလည်း မာနေး အတွက် ဝယ်ရင်းဈေးရဲ့ ထက်ဝက် ပြန်လည် ရရှိမယ် ဆိုရင် ရောင်းချသွားမှာပါ။

လက်ရှိအချိန်မှာတော့ အယ်လ်နာဆာက ကစားသမားနဲ့ စာချုပ်စာတမ်း ကိစ္စရပ်တွေကို အပြီးသတ်ရဦးမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ဆေးစစ်ဖို့ အတွက် ပြင်ဆင်သွားမှာပါ။ နှစ်သင်းကြား အပြောင်းအရွှေ့ ကိစ္စရပ်တွေကို ရက်ပိုင်း အတွင်း အပြီးသတ်သွားဖို့ ပြင်ဆင်ထားပြီး မာနေး ကတော့ အယ်လ်နာဆာမှာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွဲကစားခွင့်ရတော့မှာလည်း ဖြစ်ပါတယ်။


ဘရန့်ဖို့ဒ် ဂိုးသမားကို ခေါ်ဖို့ စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်ဟာ ဘရန့်ဖို့ဒ် ဂိုးသမား ဒါးဗစ် ရာယာကို ခေါ်ယူနိုင်ဖို့ အတွက် ကနဦး စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဂိုးသမားကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ရာယာက ဘရန့်ဖို့ဒ်မှာပဲ ဆက်ရှိနေဆဲပါ။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ လာမယ့် ဘောလုံးရာသီသစ် အတွက် ဂိုးသမားသစ် တစ်ဦး ရှာဖွေနေပြီး ရာယာကို မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။

ရာယာဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်တည်းသာ ကျန်ရှိတော့ပေမယ့် ဘရန့်ဖို့ဒ် ဘက်ကတော့ ပြောင်းရွှေ့ကြေး ပေါင်သန်း (၄၀) သတ်မှတ်ထားပါတယ်။ ဘေယန်မြူးနစ်ဟာ လာမယ့် ရာသီမှာလည်း အသင်းရဲ့ အဓိက ဂိုးသမား မန်ဝဲလ် နော်အာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုပြဿနာတွေကြောင့် ရုန်းကန်ရဖွယ် ရှိတာကြောင့် ရာယာကို ပြောင်းလဲ ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။


ဘေယန်မြူးနစ် မှာပဲ ဆက်နေမယ်လို့ အတည်ပြုလိုက်တဲ့ ကင်မစ်ချ်

အဆိုပါ ဂျာမနီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ဘွန်ဒက်စ်လီဂါကို စွန့်ခွာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကလည်း စိတ်ဝင်စားခဲ့ပါတယ်။
ဥရောပထိပ်သီးအသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ ကင်မစ်ချ်

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဘေယန်မြူးနစ်ကနေ ထွက်ခွာဖို့ သတင်းထွက်ပေါ်နေတဲ့ ကွင်းလယ်လူ ဂျော်ရွှာ ကင်မစ်ချ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟလာခဲ့ပါတယ်။

အဆိုပါ ဂျာမနီ လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ဘွန်ဒက်စ်လီဂါကို စွန့်ခွာဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပြီး သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကလည်း စိတ်ဝင်စားခဲ့ပါတယ်။ ဘေယန်မြူးနစ် ကတော့ ကစားသမားကို ရောင်းချဖို့ စိတ်ကူးမရှိဘဲ လက်ရှိမှာ ကင်မစ်ချ်က သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကင်မစ်ချ်က လာမယ့်ရာသီမှာလည်း ဘေယန်မြူးနစ် မှာပဲ ဆက်ကစားမှာ ဖြစ်ကြောင်း၊ အခြားသော ဘာအစီအစဉ်မှ မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ်နဲ့ အာဆင်နယ် တို့ကတော့ ကင်မစ်ချ် အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း (၅၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ မျှော်လင့်ချက်တွေ အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်