ယူနိုက်တက်ကို ပြောင်းရွှေ့ချင်ခဲ့ဖူးတဲ့ လီဝမ်ဒေါစကီး၊ ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေတဲ့ တူချယ် စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ့မန်မှာတုန်းက ယူနိုက်တက်ကို ပြောင်းရွှေ့ချင်ခဲ့တယ် ဆိုတဲ့ လီဝမ်ဒေါစကီး
ဘာစီလိုနာ တိုက်စစ်မှူး ရော်ဘတ် လီဝမ်ဒေါစကီးက သူ့အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်မှာတုန်းက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေချင်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက်က လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ အရင်ကတည်းက စိတ်ဝင်စားခဲ့ပြီး ကစားသမား ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အသက် (၃၄) နှစ် ရှိပြီ ဖြစ်တဲ့ လီဝမ်ဒေါစကီး အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီမှာ ဘွန်ဒက်စ်လီဂါကို စွန့်ခွာပြီး စပိန် ထိပ်သီး ကလပ် ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့ပါတယ်။
လီဝမ်ဒေါစကီး ကလည်း သောမက်စ် တူချယ်က ဘေယန်မြူးနစ်ကို အောင်မြင်မှုတွေ ယူဆောင်ပေးလာနိုင်ကြောင်း၊ ဒေါ့မန်မှာ ကစားတုန်းက ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခဲ့ကြောင်းနဲ့ ဒေါ့မန် ဘက်က အပြောင်းအရွှေ့ကို တားဆီး ပိတ်ပင်ခဲ့ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဘေယန်နဲ့ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်လိုက်တဲ့ ဟာဗက်ဇ်
ချဲလ်ဆီးရဲ့ တိုက်စစ် ကစားသမား ကိုင် ဟာဗက်ဇ်ဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ် ဘေယန်မြူးနစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ အပေါ် ငြင်းဆန်သွားခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ ဟာဗက်ဇ်က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း (၂) နှစ် ကျန်ရှိနေသေးကြောင်း၊ ၂ နှစ် တစ်ခါ ၃ နှစ် တစ်ခါ အိမ်ပြောင်းဖို့ စိတ်ကူးမရှိကြောင်း၊ သူနဲ့ သူ့ချစ်သူက လန်ဒန်မှာ အဆင်ပြေနေကြောင်း၊ ချဲလ်ဆီးကို ချစ်မြတ်နိုးပြီး အသင်း ကလည်း အခုချိန်မှာ ချန်ပီယံလိဂ် ကစားနေရကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဆက်လက်ပြီးတော့လည်း သူတို့ အနေနဲ့ နောက်ထပ် တစ်ကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိဖို့ မျှော်လင့်ထားကြောင်း၊ ဘာတွေ ဆက်ဖြစ်လာမယ် ဆိုတာကို မသိကြောင်း၊ နွေရာသီမှာ ဖြစ်မယ့် အရာတွေကို မသိရသေးကြောင်း ပြောကြားသွားခဲ့ပါတယ်။
ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ခေါ်ယူချင်နေတဲ့ တူချယ်
ဘေယန်မြူးနစ် နည်းပြ သောမက်စ် တူချယ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ ကာလမှာ တိုက်စစ်မှူးသစ် တစ်ဦး ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။
ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းက စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ဖို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး တူချယ် ကိုယ်တိုင် ကတော့ နာပိုလီ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို မျက်စိကျနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘေယန်တို့ ဘွန်ဒက်စ်လီဂါ ပြိုင်ဘက် ကလပ် ဖရန့်ဖတ်ရဲ့ လူငယ် တိုက်စစ်မှူး ရန်ဒဲလ် ကိုလို မူအာနီကို ခေါ်ယူဖို့ အတွက်လည်း သတင်းတွေက ဖော်ပြနေပါတယ်။
လက်ရှိ အသင်းရဲ့ တိုက်စစ်မှာ သောမတ်စ် မူလာနဲ့ မူစီယာလာတို့ ရှိနေသည့် တိုင်အောင် တူချယ်က ရေရှည် အတွက် အလားအလာ ရှိတဲ့ တိုက်စစ်မှူး တစ်ဦး အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် အနေနဲ့ လာမယ့် နွေရာသီမှာ တိုက်စစ်ပိုင်း အတွက် ကြီးကြီးမားမား အင်အား ဖြည့်တင်းသွားဖွယ် ရှိပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.