နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲ မရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner

လေဗာကူဆင် ၂-၁ အော့စ်ဘတ်

ရာသီမကုန်ခင်မှာပဲ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားတဲ့ လေဗာကူဆင် ကတော့ ရာသီပိတ်ပွဲ အထိ ရှုံးပွဲ မရှိအောင် ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာလည်း ဇာဘီ အလွန်ဆိုရဲ့ အသင်းက အမှားအယွင်း မရှိအောင် ကစားနိုင်ခဲ့ပြီး အော့စ်ဘတ်ကို ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဒီနေ့ ပွဲမှာတော့ ချာကာ၊ ဝစ်ဇ်၊ ရှစ်ခ်၊ ဟင်ကပ်ပီ တို့ကို အရန်ခုံ ပို့ထားခဲ့ပြီး တိုက်စစ်မှာ ဘိုနီဖေ့စ်၊ တောင်ပံနဲ့ ကွင်းလယ်မှာ အက်ဒ်လီ၊ ဟော့ဖ်မန်း၊ ကွင်းလယ်မှာ အန်းဒရစ်ချ်၊ ပလာစီယို့စ်၊ ဖရင်မ်ပေါင်၊ ဂရီမဲလ်ဒို၊ ခံစစ်မှာ တာ့ရ်၊ ကော့ဆူနူ၊ တပ်ဆိုဘာ၊ ဂိုးမှာတော့ ဟွာဒက်ကီပဲ ပွဲထွက်လာခဲ့ပါတယ်။ အော့စ်ဘတ် ကလည်း ရာသီပိတ်ပွဲအထိ ဒဏ်ရာရ ကစားသမားတွေ များပြားနေဆဲ ဖြစ်တာကြောင့် တတ်နိုင်သမျှ အတောင့်တင်းဆုံး အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး လေဗာကူဆင်ရဲ့ ရှုံးပွဲ မရှိဆိုတဲ့ စံချိန်ကို တားဆီးဖို့ ကြိုးပမ်းခဲ့ပါတယ်။

လေဗာကူဆင် ကတော့ လေဗာကူဆင်ပဲ ဖြစ်ခဲ့ပြီး ရာသီပိတ်ပွဲ အထိ အရှုံး ဆိုတဲ့ အရာနဲ့ မျက်နှာချင်းတောင် မဆိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ လေဗာကူဆင်တို့ သွင်းဂိုးတွေ အများကြီး မရခဲ့ပေမယ့် ဘောလုံး ကိုင်ကစားပြီး ပြိုင်ဘက် လှုပ်မရအောင် အပြည့်အဝ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ လေဗာကူဆင်တို့ ဘောလုံး ပိုင်ဆိုင်မှု ၆၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ဦးဆောင်ဂိုး ၂ ဂိုးလည်း စောစောစီးစီး ရခဲ့ပါတယ်။ လေဗာကူဆင် အတွက် သွင်းဂိုးတွေကို ၁၂ မိနစ်မှာ ဘိုနီဖေ့စ်နဲ့ ၂၇ မိနစ်မှာ အန်းဒရစ်ချ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဘိုနီဖေ့စ်ရဲ့ သွင်းဂိုးဟာ အော့စ်ဘတ် ဂိုးသမားရဲ့ အမှားကြောင့် ရခဲ့တာ ဖြစ်ပြီး ဒုတိယ ဂိုး ကတော့ ကွင်းလယ်လူ အန်းဒရစ်ချ်ရဲ့ လှပတဲ့ နောက်ပေါက် ကန်ချက်ကြောင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ အော့စ်ဘတ် အတွက် တစ်လုံးတည်းသော ချေပဂိုးကို ကူမားက ပွဲချိန် ၆၂ မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဘွန်ဒက်စ်လီဂါရဲ့ အသင်းကြီး တစ်သင်း ဖြစ်ခဲ့ပေမယ့် ဒုတိယ အဖြစ်နဲ့ပဲ အမြင့်ဆုံး အောင်မြင်မှု ရခဲ့တာပါ။ လေဗာကူဆင် အနေနဲ့ Neverkusen လို့ အမြဲတမ်း လှောင်ပြောင်ခံခဲ့ရတာကို Winnerkusen အဖြစ် ချေဖျက်ပြသွားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဇာဘီ အလွန်ဆို လက်ထက်မှာတော့ လေဗာကူဆင်တို့ သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် အဖြစ် ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့သလို Bonus အနေနဲ့ ရှုံးပွဲ မရှိ စံချိန်ကိုပါ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ သမိုင်းမှာလည်း လေဗာကူဆင်ဟာ ပထမဦးဆုံး အကြိမ် အဖြစ် ရှုံးပွဲမရှိ ချန်ပီယံ ဖြစ်ခဲ့တာပါ။ လေဗာကူဆင်ရဲ့ ဒီရာသီ ခရီးက ဘွန်ဒက်စ်လီဂါ တစ်ခုတည်းနဲ့ မပြီးသေးပါဘူး။ ပိုကယ်ဖလားမှာ ကိုင်ဇန်စလော့တန်နဲ့ ဗိုလ်လုပွဲ၊ ယူရိုပါလိဂ်မှာ အတ္တလန္တာနဲ့ ဗိုလ်လုပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။

အကယ်၍ ဒီလက်ကျန် ၂ ပွဲကိုသာ လေဗာကူဆင်တို့ အနိုင်ကန်နိုင်ခဲ့ပြီ ဆိုရင်တော့ ပြိုင်ပွဲစုံ ရှုံးပွဲ မရှိဆိုတဲ့ စံချိန်နဲ့ အတူ ဖလား ၃ လုံး ချန်ပီယံ အဖြစ်ပါ အောင်ပွဲခံနိုင်တော့မှာ ဖြစ်ပါတယ်။လေဗာကူဆင် အတွက် ပိုကယ်ဖလားဟာ မခက်ခဲပေမယ့် အတ္တလန္တာနဲ့ ကစားရမယ့် ယူရိုပါလိဂ် ကတော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့်လည်း အမြင့်ဆုံး စိတ်ဓာတ်၊ အကောင်းဆုံး ခြေစွမ်း စုဖွဲ့မှုနဲ့ တစ်ပွဲပြီး တစ်ပွဲ ကျော်ဖြတ်ပြနေတဲ့ လေဗာကူဆင်တို့ ပြိုင်ဘက်တိုင်းကို အကောင်းဆုံး ရင်ဆိုင်နိုင်မယ် ဆိုတာ ယုံကြည်လို့ ရပါတယ်။ ယုံကြည်ထားသလိုပဲ ဇာဘီ အလွန်ဆို ဦးဆောင်တဲ့ လေဗာကူဆင်တို့ အမြင့်ဆုံး အောင်မြင်မှုတွေ ရယူသွားနိုင်မလား ဆိုတာတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်