နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲ မရှိစံချိန်ကို ဆက်ထိန်းဖို့ ကြိုးစားမယ့် လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ (ပွဲကြိုသုံးသပ်ချက်)

countdown banner

လေဗာကူဆင် – စတုဂတ်

အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၃၁ ရဲ့ နောက်ထပ် ပွဲကောင်း တစ်ပွဲ အဖြစ် ရာသီမကုန်ခင် ချန်ပီယံ ဖြစ်ထားတဲ့ အဆင့် ၃ နေရာက စတုဂတ် တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုနဲ့ ချန်ပီယံဘွဲ့ကို ခံယူချင်နေတဲ့ လေဗာကူဆင်ကို စမ်းသပ်ဦးမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

လေဗာကူဆင်က ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ထားပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ ဒေါ့မန်ကို ပွဲမပြီးခင်အထိ အရှုံးမပေးဘူး ဆိုတဲ့ စိတ်ဓာတ် တစ်ခုနဲ့ ကစားရင်း သရေကျခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၄၅ ပွဲဆက် မရှုံးတဲ့ ပထမဦးဆုံး ဥရောပအသင်း ဆိုတဲ့ စံချိန် တစ်ခုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အလွန်ဆို တည်ဆောက်ထားတဲ့ လေဗာကူဆင်ဟာ တကယ့်ကို Monster တစ်ကောင်အလား ခြေစွမ်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ ကြမ်းတမ်းပြနေတာက အားရစရာပါပဲ။ လေဗာကူဆင်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၁၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။

စတုဂတ် ကလည်း ဒီရာသီမှာ အမြင့်ပျံနေခဲ့တယ် ဆိုပေမယ့် အားနည်းချက်နဲ့ အမှားအယွင်း တချို့ ရှိခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ပဲ ကျေနပ်ရတော့မယ့် အသင်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ အမှားအယွင်းမရှိအောင် ကစားပြီး ရမှတ်တွေ ရှာဖွေရဦးမှာ ဖြစ်ပါတယ်။ စတုဂတ်ဟာ တောက်လျောက် နိုင်ပွဲတွေ ဆက်နေခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ ဝါဒါဘရီမင်ကို ရှုံးနိမ့်ခဲ့ပြီး ပုံစံကောင်းရနေမှု ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။ စတုဂတ်ရဲ့ ဒီရာသီ အဝေးကွင်း ရလဒ်တွေကို ပြန်ကြည့်ရင်တော့ ၉ ပွဲနိုင်၊ ၆ ပွဲ ရှုံးပြီး သရေပွဲ လုံးဝ မရှိခဲ့ပါဘူး။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲ ကိုတော့ လေဗာကူဆင် ဘက်က ဂရန်းနစ် ချာကာ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်ဖို့ ရှိပြီး ဘရိုဟာ အီဂလားစီးယက်စ်နဲ့ ဟိုးလ်ဇက်ခ် တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမှာ ဖြစ်ပါတယ်။

စတုဂတ် ဘက်မှာတော့ စတီလာ ပွဲပယ်ထိထားပြီး ဘန်နက်ဒက်တို၊ နာတေး၊ ဗက်ဂ်နိုမန်နဲ့ ဇဂါဒူတို့ ကတော့ ဒဏ်ရာကြောင့် လွဲချော်ကြမှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

လေဗာကူဆင် – ဟွာဒက်ကီ၊ တာ့ရ်၊ ဟင်ကပ်ပီ၊ တပ်ဆိုဘာ၊ ချာကာ၊ အန်းဒရစ်ချ်၊ ဂရီမဲလ်ဒို၊ စတန်နီဆစ်၊ ဖရင်ပေါင်၊ တယ်လာ၊ ဟော့ဖ်မန်း

စတုဂတ် – နူဘယ်၊ အန်တွန်၊ အီတို၊ စတာဂီယူ၊ မီလော့တ်၊ ကာရာဇော၊ စတီလာ၊ လီဝဲလ်လင်း၊ မစ်တဲလ်စတတ်ဒ်၊ အန်ဒက်ဗ်၊ ဂူရက်ဆီ


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၂၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ လေဗာကူဆင်က ၁၆ ကြိမ် အနိုင်ရပြီး သရေ ကတော့ ၆ ကြိမ်၊ စတုဂတ်က တစ်ကြိမ်သာ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါ နောက်ဆုံး ၁၁ ကြိမ် တွေ့ဆုံမှုမှာ လေဗာကူဆင်တို့ စတုဂတ်ကို ရှုံးနိမ့်ထားခြင်း မရှိပဲ ၈ ကြိမ် နိုင်၊ ၃ ကြိမ် သရေကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ လေဗာကူဆင်က ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျခဲ့ပြီး စတုဂတ် ကတော့ ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ လေဗာကူဆင် နိုင်ရင် ၁.၆၃ ဆ၊ စတုဂတ် နိုင်ရင်တော့ ၄.၃၀ ဆ၊ သရေ ဆိုရင်တော့ ၃.၈၈ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ လေဗာကူဆင်က တစ်လုံး တစ်ဝက်စား၊ တစ်လုံး သရေကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ စတုဂတ်တို့ ဘယ်လောက်ကောင်းကောင်း လေဗာကူဆင်ကို မမှီပါဘူး။ လေဗာကူဆင်က အဘက်ဘက်မှာ အမြင့်ဆုံး ရောက်နေတဲ့ အသင်းပါ။ လေဗာကူဆင်ပဲ နိုင်ပွဲ ရသွားပါလိမ့််မယ်။ အပြန်အလှန် သွင်းဂိုး တချို့ မြင်တွေ့ရဦးမှာပါ။

ခန့်မှန်းရလဒ်

လေဗာကူဆင် ၁-၁ စတုဂတ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်