နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချာကာကို ခေါ်ယူနိုင်တော့မယ့် လေဗာကူဆင်၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ပစ်မှတ်ထားလာပြန်တဲ့ ရီးရဲလ်မက်ဒရစ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

countdown banner

ချာကာကို ခေါ်ယူနိုင်တော့မယ့် လေဗာကူဆင်၊ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ပစ်မှတ်ထားလာပြန်တဲ့ ရီးရဲလ်မက်ဒရစ် စတဲ့ သတင်းတွေ အပါအဝင် မေလ ၁၇ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချာကာကို ခေါ်ယူနိုင်တော့မယ့် လေဗာကူဆင်

ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ အာဆင်နယ် ကွင်းလယ်လူ ဂရန်းနစ် ချာကာကို လာမယ့် နွေရာသီမှာ ခေါ်ယူနိုင်ဖို့ တော်တော်လေး နီးစပ်နေပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဆွစ်ဇာလန် ကွင်းလယ်လူဟာ လက်ရှိအချိန်ထိ အာဆင်နယ်နဲ့ စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မရှိသေးဘဲ လေဗာကူဆင်က ဒီကွင်းလယ်လူကို ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လေဗာကူဆင်က ကစားသမားနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်သလို ချာကာ အတွက် ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်း ပေးချေဖို့ အတွက်လည်း ပြင်ဆင်ထားတယ်လို့ သတင်းအရင်းမြစ်တွေက ဆိုနေပါတယ်။

လက်ရှိအထိတော့ နှစ်သင်း အကြား ဆွေးနွေးမှုတွေ မရှိသေးပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့ စတင်တာနဲ့ ချာကာ တစ်ယောက် ဂျာမန်မြေကို ပြောင်းရွှေ့နိုင်ချေ ရှိပါတယ်။ လေဗာကူဆင်နည်းပြ ဇာဘီ အလွန်ဆို ကလည်း ထိပ်တန်း ခေါင်းဆောင် တစ်ယောက် အဖြစ် ချာကာကို အလိုရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။


ဒေါ့မန် နောက်ခံလူကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အက်သလက်တီကို

စပိန် လာလီဂါ ကလပ် အက်သလက်တီကိုမက်ဒရစ်ဟာ လာမယ့်နွေရာသီမှာ ဒေါ့မန်ရဲ့ ဘယ်နောက်ခံလူ ရာဖေးလ် ဂွါရဲရိုးကို ခေါ်ယူဖို့ အတွက် ပြင်ဆင်နေကြောင်း သိရပါတယ်။

ဂွါရဲရိုးဟာ လာမယ့် နွေရာသီမှာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ အစီအစဥ် မရှိသေးပါဘူး။ အဲ့ဒါကြောင့်လည်း အက်သလက်တီကိုက ဒီကစားသမားကို ခေါ်ယူဖို့ ကြိုးစားလာတာ ဖြစ်ပြီး လာမယ့် နွေရာသီမှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။

ဂွါရဲရိုးဟာ ဒီရာသီမှာ ဒေါ့မန် ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲတွေရဲ့ (၇၅) ရာခိုင်နှုန်းကို ပါဝင် ကစားပေးခဲ့ပြီး အသင်း အတွက် (၃) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်ပေးထားနိုင်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက်လည်း နိုင်ငံတကာ ပွဲပေါင်း (၆၃) ပွဲ အထိ ကစားပေးထားတဲ့ ဝါရင့်နောက်ခံလူ တစ်ယောက် ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့ အက်သလက်တီကို နည်းပြ ဒီယေဂို ဆီမြွန်နီ ကလည်း စိတ်အားထက်သန်နေပါတယ်။


အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ပစ်မှတ်ထားလာပြန်တဲ့ ရီးရဲလ်မက်ဒရစ်

အဆိုပါ ကနေဒါ လက်ရွေးစင် ကစားသမားဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းရဲ့ အဓိက ကြယ်ပွင့် တစ်ယောက် အဖြစ် သတ်မှတ်ခံထားရပြီး ရီးရဲလ်မက်ဒရစ် ကလည်း အရင်ကတည်းက ဒီကစားသမားကို စိတ်ဝင်စားခဲ့တာပါ။
ခံစစ် ဘယ်အစွန် နေရာ အတွက် ကစားသမား လိုအပ်ချက်ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာ ဘေယန်မြူးနစ်ရဲ့ ဘယ်အစွန် ခံစစ် ကစားသမား အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ကနေဒါ လက်ရွေးစင် ကစားသမားဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်းရဲ့ အဓိက ကြယ်ပွင့် တစ်ယောက် အဖြစ် သတ်မှတ်ခံထားရပြီး ရီးရဲလ်မက်ဒရစ် ကလည်း အရင်ကတည်းက ဒီကစားသမားကို စိတ်ဝင်စားခဲ့တာပါ။

ကစားသမားရဲ့ စာချုပ်သက်တမ်း ကလည်း လာမယ့် (၂၀၂၅) ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ဘေယန်မြူးနစ် အနေနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်ဘူး ဆိုရင် လာမယ့် ဘောလုံးရာသီ အကုန်မှာ ပြောင်းရွှေ့ကြေး နည်းနည်းနဲ့ လက်လွှတ်ရနိုင်ပါတယ်။ ဒေးဗီးစ်ကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ် အပြင် နည်းပြ ပပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီး ကလည်း စိတ်ဝင်စားနေပြီး ထိပ်သီး နှစ်သင်းက ဒီကစားသမား အတွက် အပြိုင် ဖြစ်လာနိုင်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်