နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှုံးပွဲ မရှိ ချန်ပီယံ ဖြစ်ဖို့ ၂ ပွဲသာ လိုတော့တဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner

ဖရန့်ဖတ် ၁-၅ လေဗာကူဆင်

လေဗာကူဆင် ကတော့ မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာ ဖရန့်ဖတ်ကို အဝေးကွင်းမှာ ၁-၅ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပြန်ပါတယ်။ ပထမအကျော့တုန်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရထားတဲ့ လေဗာကူဆင်ဟာ ဖရန့်ဖတ်ကို နောက်ထပ် တစ်ကြိမ် အပြတ်အသတ် ကစားပြီး အနိုင်ရခဲ့တာ ဖြစ်သလို ရှုံးပွဲ မရှိ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့လည်း တဖြည်းဖြည်း နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ဖရန့်ဖတ်ဟာ ဒီနေ့ပွဲမှာ တောင့်တင်းတဲ့ လူစာရင်းနဲ့ ရင်ဆိုင်သွားခဲ့ပြီး ထရပ်၊ ကော့ချ်၊ ပါချို၊ တူတာ၊ အန်ကွန်ကူ၊ ဆက်ခ်ဟီရီ၊ ဂေါ့ဇီ၊ ချိုင်ဘီ၊ အီဘင်ဘီ၊ မာမို့ရှ်၊ အက်ကီတီကီ တို့နဲ့ ပွဲထွက်လာခဲ့တာပါ။ ဇာဘီ အလွန်ဆို ကတော့ ဒီပွဲ ပြီးရင် ရိုးမားနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ကန်ရဦးမှာ ဖြစ်လို့ ဟင်ကပ်ပီ၊ ဘိုနီဖေ့စ်၊ တာ့ရ်၊ ဖရင်ပေါင် တို့ကို အရန်ခုံ ပို့ထားခဲ့ပါတယ်။ တိုက်စစ်မှာ ပက်ထရစ် ရှစ်ခ်ကို အထောင်ထားပြီး ဟိုးလ်ဇက်ခ်၊ ဟော့ဖ်မန်းတို့နဲ့ ဝန်းရံစေခဲ့ပါတယ်။ ကွင်းလယ်မှာတော့ ချာကာ၊ ပလာစီယို့စ် အတွဲနဲ့ အတူ တောင်ပံ နှစ်ဖက်မှာ အာသာနဲ့ တယ်လာကို သုံးခဲ့ပါတယ်။ ကွင်းလယ်လူ အန်းဒရစ်ချ် ကိုတော့ ခံစစ် ပို့ခဲ့ပြီး ကော့ဆူနူ၊ တပ်ဆိုဘာ၊ ဟွာဒက်ကီ တို့နဲ့ ပွဲထွက်ခဲ့တာ ဖြစ်ပါတယ်။

ဖရန့်ဖတ် ကတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်ရှိနေခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တော့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။
ဖရန့်ဖတ်ကို နှစ်ကျော့စလုံး ဂိုးပြတ် အနိုင်ကစားခဲ့တဲ့ လေဗာကူဆင်

လေဗာကူဆင် အတွက် အဖွင့်ဂိုးကို ဂရန်းနစ် ချာကာက သူ့ရဲ့ Trademark ဖြစ်တဲ့ ရော့ကတ် ကန်ချက်နဲ့ သွင်းယူပေးခဲ့ပြီး ပွဲချိန် ၃၂ မိနစ် မှာတော့ အက်ကီတီကီက ဖရန့်ဖတ် အတွက် ပြန်လည် ချေပပေးခဲ့ပါတယ်။ အဲ့နောက် ပထမပိုင်း ပြီးခါနီးမှာ ပက်ထရစ်ရှစ်ခ်က နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့လို့ ၁-၂ ရလဒ်နဲ့ ပထမပိုင်း ပြီးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ လေဗာကူဆင်တို့ သွင်းဂိုး ၃ ဂိုး ထပ်ရခဲ့ပြီး ဖရင်ပေါင်၊ ပလာစီယို့စ်နဲ့ ဘိုနီဖေ့စ် တို့က ပင်နယ်တီ ကနေ တဆင့် သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဒီနေ့ပွဲမှာ ဘောလုံး ပိုင်ဆိုင်မှုနဲ့ အခြားသော အချက်အလက်တွေအရ အသာရခဲ့ပေမယ့် ဂိုးပေါက် ခြိမ်းခြောက်မှုမှာတော့ ဖရန့်ဖတ်က သာခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆုံးသတ်ပိုင်း အားနည်းခဲ့တဲ့ ဖရန့်ဖတ်တို့ အဆုံးသတ်ပိုင်း အားနည်းခဲ့သလို ခံစစ်ပိုင်း ကလည်း ယို့ယွင်းမှု များစွာ ရှိခဲ့တာကြောင့် လေဗာကူဆင်ကို ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင်ဟာ တစ်ပွဲလုံးမှာ ဂိုးပေါက် ကန်ချက် ၉ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ၇ ကြိမ် ဂိုးပေါက် တည့်ရာမှာ ၅ ဂိုး ရခဲ့တာ ဖြစ်ပါတယ်။ 

လေဗာကူဆင်ဟာ နိုင်ပွဲနဲ့ အတူ ဘွန်ဒက်စ်လီဂါ အပါအဝင် ၄၈ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် ၂ ပွဲမှာသာ မရှုံးအောင် ကစားနိုင်ခဲ့ရင်တော့ ရှုံးပွဲ မရှိ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်လာတော့မှာပါ။ ဖရန့်ဖတ် ကတော့ ဘွန်ဒက်စ်လီဂါ  အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်ရှိနေခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရဖို့တော့ အခြေအနေကောင်းနေဆဲ ဖြစ်ပါတယ်။

ဖရန့်ဖတ်ဟာ မေလ ၁၁ ရက်နေ့မှာ မိုချန်ဂလာဘတ်နဲ့ ကစားရဖို့ ရှိပြီး လေဗာကူဆင် ကတော့ ၉ ရက်နေ့မှာ ရိုးမားနဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်