နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံး မိနစ် သွင်းဂိုးနဲ့ ရှုံးပွဲ မရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြန်တဲ့ လေဗာကူဆင် | ဘွန်ဒက်စ်လီဂါ (ပွဲပြီးသုံးသပ်ချက်)

countdown banner

လေဗာကူဆင် ၂-၂ စတုဂတ်

ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ စတုဂတ်ကို ၂-၂ သရေ ကစားပြီး ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြန်ပါတယ်။ လေဗာကူဆင်ဟာ ၂ ဂိုးပြတ် ရှုံးနေရာ ကနေ ပြန်လာနိုင်ခဲ့ပြီး နောက်ထပ် အံ့အားသင့်စရာ ပွဲစဉ် တစ်ပွဲ အဖြစ် ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လေဗာကူဆင်ဟာ ဒီပွဲပြီးရင် ရိုးမားနဲ့ အရေးကြီးတဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားရမှာ ဖြစ်ပေမယ့် အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။ ဟွာဒက်ကီ၊ တာ့ရ်၊ ကော့ဆူနူ၊ တပ်ဆိုဘာ၊ ပလာစီယို့စ်၊ ဖရင်ပေါင်၊ အန်းဒရစ်ချ်၊ ဂရီမဲလ်ဒို၊ ဟော့ဖ်မန်း၊ အက်ဒ်လီ၊ ရှစ်ခ် တို့နဲ့ ပွဲထွက်ခဲ့တာပါ။ ဇာဘီ အလွန်ဆို အနေနဲ့ ပွဲပယ် ထိထားတဲ့ ချာကာ မပါဝင်ခဲ့ပဲ ဟင်ကပ်ပီ၊ ဝစ်ဇ်၊ ဘိုနီဖေ့စ်၊ စတန်နီဆစ်၊ တယ်လာ တို့ကိုတော့ အရန်ခုံ ပို့ခဲ့ပြီး လိုအပ်မှ ထုတ်သုံးဖို့ ပြင်ဆင်ခဲ့ပါတယ်။ စတုဂတ် ကတော့ နိုင်ပွဲ ရဖို့ လိုအပ်တာကြောင့် အကောင်းဆုံး လူစာရင်းနဲ့ လေဗာကူဆင်ကို ရင်ဆိုင်ခဲ့ပြီး အမှန်တကယ်လည်း ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။ 

နှစ်သင်းစလုံး ပထမပိုင်း မှာ အခွင့်အရေး ကိုယ်စီ ရခဲ့ပေမယ့် သွင်းဂိုး အဖြစ် မပြောင်းလဲ နိုင်ခဲ့လို့ ၀-၀ ရလဒ် ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲပြန်စချိန်မှာတော့ ဧည့်သည် စတုဂတ်က ပိုကောင်းတဲ့ ခြေစွမ်းနဲ့ အတူ လေဗာကူဆင်ကို ဖိအားပေးနိုင်ခဲ့ပြီး ဖူးရစ်ချ်၊ အွန်ဒက်ဗ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လေဗာကူဆင် ကတော့ လေဗာကူဆင်ပဲ ဖြစ်ခဲ့ပြီး နောက်ကနေ လိုက်ကစားပြီး ချေပဂိုးတွေ အရ ယူနိုင်ခဲ့ပါတယ်။ လေဗာကူဆင် အတွက် ပထမချေပဂိုးကို ၆၁ မိနစ်မှာ အက်ဒ်လီက သွင်းယူပေးခဲ့ပြီး ဒုတိယဂိုး ကတော့ ၉၀+၆ မိနစ်မှ ရရှိခဲ့တာ ဖြစ်ပါတယ်။ ပွဲမပြီးသေးသ၍ လေဗာကူဆင် မရှုံးဆိုတဲ့ အတိုင်း ပွဲသိမ်းခရာမှုတ်ခါနီးမှာ နောက်ထပ် တစ်ကြိမ် မရှုံးအောင် အန်းဒရစ်ချ်က ချေပသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်က ရမှတ် ၈၁ မှတ်နဲ့ အဆင့် ၂ နေရာက ဘေယန်မြူးနစ်ကို ၁၂ မှတ် ဆက်လက် ဖြတ်ထားခဲ့ပါတယ်။
ဦးဆောင်ဂိုးတွေ သွင်းပြီးမှ လေဗာကူဆင်နဲ့ သရေတစ်မှတ်စီခွဲယူခဲ့ရတဲ့ စတုဂတ်

လေဗာကူဆင်ဟာ ပြီးခဲ့တဲ့ ပွဲမှာလည်း ဒေါ့မန်ကို ၉၀+၆ မိနစ် အထိ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေရာကနေ နောက်ဆုံး မိနစ် အရောက်မှ ချေပဂိုး သွင်းပြီး မရှုံးအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လေဗာကူဆင် အနေနဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၄၆ ပွဲဆက် မရှုံးတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပြီး ဥရောပမှာ ဘယ်အသင်းမှ မလုပ်ပြနိုင်သေးတဲ့ မှတ်တမ်း တစ်ခုကို ရေးထိုးထားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲပြီးခါနီးမှာ ချေပဂိုး ပေးလိုက်ရလို့ သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ စတုဂတ် အတွက် ကတော့ နစ်နာခဲ့တယ်လို့ ပြောလို့ ရပြီး နာကျင်အချိန်ပို မိနစ်တွေ ပိုပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကလည်း မေးခွန်းထုတ်စရာတော့ ရှိခဲ့ပါတယ်။ စတုဂတ် ကစားသမားတွေနဲ့ ပရိသတ်တွေ အတွက် မကျေနပ်စရာတွေ များခဲ့ပြီး သေချာနေတဲ့ ၃ မှတ် ကနေ ၁ မှတ်သာ ရခဲ့လို့ ဒေါသထွက်ခဲ့ကြရပါတယ်။ 

ပွဲအပြီးမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ လေဗာကူဆင်က ရမှတ် ၈၁ မှတ်နဲ့ အဆင့် ၂ နေရာက ဘေယန်မြူးနစ်ကို ၁၂ မှတ် ဆက်လက် ဖြတ်ထားခဲ့ပါတယ်။ စတုဂတ် ကတော့ ဘေယန်နဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီး ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာက လိုက်ပ်ဇစ်ရဲ့ ၂ မှတ် အကွာနဲ့ ဖိအားပေးခြင်း ခံခဲ့ရပါတယ်။ 

လေဗာကူဆင်ဟာ လာမယ့် မေလ ၃ ရက်နေ့မှာ ရိုးမားနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားရဖို့ ရှိပြီး စတုဂတ် ကတော့ စနေနေ့မှာ ဘေယန်မြူးနစ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်