နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ် အတွက် တိုက်စစ်ရော၊ ခံစစ်ရော ကစားနိုင်တယ် ဆိုတဲ့ ကင်မစ်ချ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၆ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ် အတွက် တိုက်စစ်ရော၊ ခံစစ်ရော ကစားနိုင်တယ် ဆိုတဲ့ ကင်မစ်ချ် 

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ ကွင်းလယ် ကစားသမား ဂျော်ရွှာ ကင်မစ်ချ်က သူ့အနေနဲ့ အသင်းရဲ့ နံပါတ် (၆) နေရာ အတွက် အကောင်းဆုံး ကစားပေးနိုင်ကြောင်း ပြောကြားလိုက်ပါတယ်။ နည်းပြ သောမတ်စ် တူချယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းရဲ့ ကွင်းလယ်နေရာ အတွက် အားဖြည့်ဖို့ကို အသည်းအသန် ကြိုးစားခဲ့ပါတယ်။ 

တူချယ် အနေနဲ့ နံပါတ် (၆) နေရာမှာ ကစားနိုင်တဲ့ ကစားသမားသစ်ကို အလိုရှိခဲ့ပြီး ဖူလ်ဟမ် ကွင်းလယ်လူ ယာအို ပေါ်လင်ဟာကို ခေါ်ယူဖို့ ကိစ္စကလည်း နောက်ဆုံး မိနစ်မှ ပျက်ပြယ်ခဲ့ရပါတယ်။ 

ကင်မစ်ချ်ကတော့ ခင်ဗျားတို့လည်း ကျွန်တော့် အမြင်ကို သိထားကြောင်း၊ ဒါနဲ့ ပတ်သက်လို့လည်း အားလုံး ပြောထားပြီး ဖြစ်ကြောင်း၊ ကျွန်တော်က တိုက်စစ်ရော၊ ခံစစ် မှာပါ ကစားနိုင်ပြီး အသင်းအတွက် လိုအပ်တဲ့ ပုံစံအတိုင်း ကစားပေးသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


ကော့ချပ်ကို မခေါ်ယူဖို့ အတွက် ဆန့်ကျင်ခဲ့တဲ့ ဒေါ့မန် နည်းပြ

 ဒေါ့မန် နည်းပြ အီဒင် တာဇစ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ အာမယ်လ် ဘယ်လာ ကော့ချပ်ကို မခေါ်ယူဖို့ အတွက် အသင်း တာဝန်ရှိသူတွေကို တားဆီးခဲ့ကြောင်း သိရှိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဆောက်သမ်တန် နောက်ခံလူ ကော့ချပ်ကို ယူရို (၂) သန်းနဲ့ အငှားခေါ်ယူဖို့ နီးစပ်ခဲ့တာပါ။ 

ဒါပေမယ့် တာဇစ် ကတော့ ဒီကိစ္စကို တားဆီးပိတ်ပင်ခဲ့ပြီး အဲ့ဒါကြောင့်လည်း ဒေါ့မန်တို့ လက်ရှိအချိန်မှာ ဗဟိုနောက်ခံလူ နေရာ အတွက် ကစားသမား (၃) ယောက်နဲ့သာ ခရီးဆက်နေရပါတယ်။ အသင်းတွင်းမှာလည်း တာဇစ်နဲ့ တာဝန်ရှိသူတွေ သဘောထားကွဲလွဲမှုက ပြင်းထန်လာခဲ့ပြီး တာဇစ်ရဲ့ ရာထူး ကလည်း လှုပ်ခတ်လာခဲ့ကြောင်း သိရပါတယ်။ 

တာဇစ်ဟာ ကော့ချပ် အစား တိုက်စစ် နေရာ အတွက် နစ်ကလပ်စ် ဖူလ်ရက်ခ် ကိုသာ ခေါ်ယူဖို့ အတွက် ဆုံးဖြတ်ခဲ့ပြီး တိုက်စစ် နေရာက ဒေါ့မန် အတွက် စိတ်ပူစရာ မလိုတဲ့ အနေအထားမျိုးမှာ အခုလိုမျိုးပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 


ဒေါ့မန် တိုက်စစ်မှူး အတွက် ချိတ်ဆက်ခဲ့တဲ့ လိုက်ပ်ဇစ်

 လိုက်ပ်ဇစ်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘွန်ဒက်စ်လီဂါ ကလပ်အသင်း တစ်သင်းပဲ ဖြစ်တဲ့ ဒေါ့မန်ရဲ့ တိုက်စစ်မှူး ယူဆိုဖာ မူကိုကို,ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

ဒေါ့မန် ကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဝါဒါဘရီမင် တိုက်စစ်မှူး နစ်ကလပ်စ် ဖူလ်ရက်ခ်ကို ခေါ်ယူခဲ့ပြီး မူကိုကို အတွက် ပုံမှန်ပွဲထွက်ခွင့် အတွက် ရုန်းကန်ရမယ့် အနေအထားမျိုးမှာ ရှိခဲ့ပါတယ်။ 

ဒါပေမယ့် ဒေါ့မန် ဘက်ကတော့ မူကိုကိုနဲ့ ဖူလ်ရက်ခ်ကို ကစားသမားချင်း အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးခဲ့ပေမယ့် နောက်ဆုံး မှာတော့ ဝါဒါဘရီမင် ဘက်က တောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေး ယူရို (၁၅) သန်း ကိုသာ ပေးချေခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လိုက်ပ်ဇစ်က မူကိုကို အတွက် ချဉ်းကပ်ခဲ့တာ ဖြစ်ပြီး လာမယ့် ဆောင်းရာသီ ဒါမှမဟုတ် နွေရာသီမှာတော့ မူကိုကို,ကို အရခေါ်ယူဖို့ ကြိုးစားသွားဖွယ် ရှိပါတယ်။ 


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်