နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာကို ချိတ်ဆက်နေတဲ့ ဂျူဗင်တပ်စ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၈ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ် ကွင်းလယ်လူကို ချိတ်ဆက်နေတဲ့ ဂျူဗင်တပ်စ် 

ဂျူဗင်တပ်စ်ဟာ ဘေယန်မြူးနစ်မှာ အနာဂတ် မရှိတော့တဲ့ ကွင်းလယ်လူ လီယွန် ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ အတွက် ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ 

အဆိုပါ ဘွန်ဒက်စ်လီဂါ ကွင်းလယ်လူကို ရောင်းထုတ်ဖို့ အသင်း ဘက်ကလည်း ဆန္ဒရှိနေပြီး နည်းပြ သောမတ်စ် တူချယ် ကလည်း သူ့ရဲ့ အနာဂတ် အစီအစဉ်တွေမှာ မပါဝင်ကြောင်း ဂေါ်ရက်ဇ်ကာကို အသိပေးထားပါတယ်။ 

ဂျူဗင်တပ်စ်ဟာ လက်ရှိအချိန်မှာ ဘာစီလိုနာ ကွင်းလယ်လူ ဖရန့်ခ် ကက်ဆီကို ခေါ်ယူဖို့ အတွက်လည်း စိတ်ဝင်စားနေပေမယ့် ဂေါ်ရက်ဇ်ကာက သူတို့ အတွက် လက်တွေ့ကျတဲ့ ပစ်မှတ် ကစားသမား ဖြစ်ပါတယ်။ အဆိုပါ ဂျာမနီ ကွင်းလယ်လူဟာ ဘေယန်မြူးနစ်နဲ့ (၂၀၂၆) ခုနှစ် အထိ စာချုပ် သက်တမ်းရှိနေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၂၀) ဝန်းကျင် အသုံးပြုရနိုင်ပါတယ်။ ဂေါ်ရက်ဇ်ကာကို ခေါ်ယူဖို့ အတွက် မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။ 


လေဗာကူဆင် နောက်ခံလူကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးနေတဲ့ ပဲလေ့စ်

ခရစ္စတယ်ပဲလေ့စ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ရဲ့ ဗဟိုနောက်ခံလူ အိုဒီလွန်ကော့ဆိုနူကို ခေါ်ယူဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။ 

ခရစ္စတယ်ပဲလေ့စ် အနေနဲ့ အဆိုပါ နောက်ခံလူကို ကနဦးအငှားနဲ့ ခေါ်ယူမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ အပြီးသတ် ပြောင်းရွှေ့ကြေး အဖြစ် ပေါင် (၂၄) သန်း ဝန်းကျင် အသုံးပြုရဖွယ် ရှိပြီး နှစ်သင်း အကြားမှာတော့ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ 

ခရစ္စတယ်ပဲလေ့စ်ဟာ သူတို့ရဲ့ ဗဟိုနောက်ခံလူ ဂျိုအာချင် အန်ဒါဆန်ကို နယူးကာဆယ် ယူနိုက်တက်က ခေါ်ယူဖို့ ကြိုးစားနေတာကြောင့် အခုလိုပဲ ခံစစ်ကို အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတာပါ။ ခရစ္စတယ်ပဲလေ့စ် အနေနဲ့ ကော့ဆိုနူ အပြင် ချဲလ်ဆီး နောက်ခံလူ လူးဝစ်ဟော ကိုလည်း အငှားနဲ့ ခေါ်ယူနိုင်ဖို့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ 

အမျိုးသမီးကမ္ဘာ့ဖလား 2023
စပိန်
နယ်သာလန်
1X2 သရေ @ 3.35
စပိန် အာရှ ဟန်းဒီးကပ် -0.50 @ 1.91
ဂိုးပေါ် 2.25 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မူအာနီရဲ့ အပြောင်းအရွှေ့ အတွက် အားကစားဒါရိုက်တာဖွင့်ဟ 

ဖရန့်ဖတ် အားကစားဒါရိုက်တာ မားကပ်စ် ခရောရှေးက အသင်းရဲ့ အဓိက တိုက်စစ် ကစားသမား ရန်ဒဲလ် ကိုလိုမူအာနီရဲ့ အပြောင်းအရွှေ့ကိစ္စတွေ ဘာမှမထူးခြားသေးကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။ 

မူအာနီကို ခေါ်ယူဖို့ အတွက် ပီအက်စ်ဂျီ အပါအဝင် ဥရောပထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေကြပါတယ်။ အသက် (၂၄) နှစ် အရွယ် အဆိုပါ ဘွန်ဒက်စ်လီဂါ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီမှာ အသင်း အတွက် (၂၃) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဥရောပရဲ့ တောက်ပတဲ့ ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပါတယ်။ 

မူအာနီရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ခရော့ရှေးက တစ်ချိန်လုံး ကောလာဟလတွေ ထွက်ပေါ်နေကြောင်း၊ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဒီအသံတွေက ပိုမိုကျယ်လောင်လာကြောင်း၊ ဒါပေမယ့် ဘာမှထူးခြားချက် မရှိသေးဘဲ မူအာနီ အနေနဲ့လည်း ဖရန့်ဖတ်မှာ သက်သောင့်သက်သာ ဖြစ်နေတာကြောင့် ပြောစရာ မရှိသေးကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်