နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဘေယန် နည်းပြဟောင်း (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၃ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ ဘေယန် နည်းပြဟောင်း

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ရဲ့ နည်းပြဟောင်း ဂျူလီယန် နေဂဲလ်စ်မန်းဟာ ဂျာမနီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အတွက် ရေပန်းစားနေကြောင်း သိရပါတယ်။ ဘေဘီ မော်ရင်ဟိုလို့ အမည်ပြောင်ရထားတဲ့ အဆိုပါ နည်းပြဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အတွင်းက ဘေယန်မြူးနစ် ကနေ အံ့အားသင့်ဖွယ် အထုတ်ခံခဲ့ရတာပါ။

အဲ့ဒီနောက်ပိုင်း နေဂဲလ်စ်မန်းက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားခဲ့သေးပေမယ့် လက်ရှိအချိန်ထိတော့ အသင်းလက်မဲ့ ဖြစ်နေဆဲပါ။ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ဟာ ဟန်ဆီ ဖလစ်ခ်ကို ရာထူး ကနေ ထုတ်ပယ်ပြီးနောက် နည်းပြသစ် ရှာဖွေနေပြီး နေဂဲလ်စ်မန်းက ထိပ်ဆုံး ကနေ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

နေဂဲလ်စ်မန်းဟာ ဂျာမန် ဘောလုံးလောက အကြောင်းကို ကောင်းကောင်း သိရှိထားသူ တစ်ယောက် ဖြစ်နေတာကြောင့်လည်း ဂျာမနီတို့ သူ့ကိုသာ နည်းပြအဖြစ် ခန့်အပ်ဖွယ် ရှိကြောင်း ယုံကြည်ထားကြပါတယ်။ ဒီလိုမျိုး သတင်းတွေ ထွက်နေခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိတော့ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်နဲ့ နေဂဲလ်စ်မန်း တို့အကြား ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိသေးကြောင်းလည်း သိရပါတယ်။


ယူရို အတွက် မတွေးသေးဘဲ ဘေယန်မြူးနစ် အတွက်ပဲ အာရုံစိုက်ထားတဲ့ ဟယ်ရီကိန်း

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ ယူရို – ၂၀၂၄ အတွက် မစဉ်းစားသေးဘဲ ဘေယန်မြူးနစ် အတွက်သာ အာရုံစိုက်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်ကို ရောက်ရှိလာခဲ့တဲ့ ဟယ်ရီကိန်းဟာ အသင်း အတွက်လည်း ဂိုးသွင်း ခြေစွမ်းပြထားပြီး ဖြစ်ပါတယ်။

အင်္ဂလန် လက်ရွေးစင်ဟာ ယူရို – ၂၀၂၄ ခြေစစ်ပွဲကို အောင်မြင်ဖို့ သေချာသလောက် ရှိနေပေမယ့် အဆိုပါပြိုင်ပွဲကြီး အတွက် မတွေးတောသေးကြောင်း ဟယ်ရီကိန်းက ဖွင့်ဟခဲ့တာပါ။

ဟယ်ရီကိန်းက လက်ရှိမှာတော့ ဘေယန်မြူးနစ် အတွက်ပဲ အာရုံစိုက်ထားပြီး နိုင်ပွဲတွေ ရရှိအောင် ကြိုးစားနေကြောင်း၊ အရင်ဆုံး ယူရို – ၂၀၂၄ ခြေစစ်ပွဲ အောင်မြင်ဖို့ လိုအပ်ကြောင်း၊ လက်ရှိမှာ အများကြီး မတွေးသေးဘဲ လာမယ့်နွေရာသီမှာ ဂျာမနီနဲ့ ပိုမို အသားကျသွားမှသာ ယူရိုပြိုင်ပွဲ အတွက် စဉ်းစားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


ပွဲကစားခွင့်ရမယ့် အခွင့်အရေးကို စောင့်ဆိုင်းသွားမှာ ဖြစ်ကြောင်း ဒီလစ်ဂျ် ဖွင့်ဟ

ဘေယန်မြူးနစ် နောက်ခံလူ မားသီးယပ်စ် ဒီလစ်ဂျ်ဟာ ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့် အတွက် ရုန်းကန်နေရပေမယ့် အခွင့်အရေး ရလာမယ့် အချိန်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဒီလစ်ဂျ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဘေယန်မြူးနစ်ရဲ့ အဓိက ဗဟိုနောက်ခံလူ တစ်ယောက်ပါ။ လက်ရှိရာသီ မှာတော့ ကင်မင်ဂျေး ရောက်ရှိလာမှုနဲ့အတူ နည်းပြ သောမတ်စ် တူချယ်က ကင်မင်ဂျေးနဲ့ ဒါယော့တ် အူပါမီကာနို တို့ကိုသာ အသင်းရဲ့ အဓိက ဗဟိုနောက်ခံလူတွေ အဖြစ် တွဲဖက် အသုံးပြုနေပါတယ်။

ဒီလစ်ဂျ် ကတော့ ကင်မင်ဂျေးက ပြီးခဲ့တဲ့ရာသီက စီးရီးအေမှာ အကောင်းဆုံး ဖြစ်ခဲ့သလို အူပါမီကာနို ကလည်း ပြင်သစ် လက်ရွေးစင် ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော် ပွဲတိုင်းနီးပါး ကစားခဲ့ပြီး နယ်သာလန် လက်ရွေးစင်နဲ့လည်း ကောင်းမွန်တဲ့ အချိန်ကို ပိုင်ဆိုင်ခဲ့ကြောင်း၊ အရေးကြီး ပွဲတွေ လာဖို့ ရှိသေးပြီး ကျွန်တော့် အတွက် ပွဲကစားခွင့် ရလာမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်