နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူချယ် ဝေဖန်တာ မဆန်းတဲ့ ဘေယန်မြူးနစ်ရဲ့ မယောင်ရာဆီလူး လုပ်ရပ် (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် ကတော့ ဝါရင့် နောက်ခံလူဟောင်း ဖြစ်တဲ့ ဂျရုန်းမ် ဘိုတန်ကို ပြန်လည် ခေါ်ယူဖို့ လုပ်ဆောင်နေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းတွေကို ကြားတော့ တူချယ် တစ်ယောက် ကိုယ့်အသင်းကိုယ် သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား ဝေဖန်ခဲ့တာ မဆန်းဘူးလို့တောင် တွေးမိသွားပါတယ်။ တကယ်ဆို ဘွန်ဒက်စ်လီဂါ ထိပ်သီး ကလပ်က အစဉ်အလာကြီးသလို ရည်မှန်းချက်လည်း ကြီးမားတဲ့ အသင်းပါ။ ပြည်တွင်းမှာပဲ ဝါးလုံးခေါင်းထဲ လသာနေတဲ့ အသင်းမျိုး မဟုတ်ဘဲ ဥရောပမှာပါ လူရိုသေ၊ ရှင်ရိုသေ ရပ်တည်နေတဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုးတွေ လှေနံဓားထစ် လျှောက်လုပ်နေတာ ကတော့ ရုပ်ပေါက်တယ်လို့ပဲ ဆိုရပါမယ်။

ပြောရရင် မန်ချက်စတာယူနိုက်တက်တို့ ပြီးခဲ့တဲ့ နွေရာသီမှာ ဂျွန်နီ အီဗန်စ်ကို ပြန်ခေါ်လိုက်သလိုမျိုးပါပဲ။ ဘယ်နေရာမှာ သွားသုံးမလဲ ဆိုတော့လည်း ရေရေရာရာ မပြောနိုင်ပါဘူး။ တကယ် အားကိုးလို့ ရလား ဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ဘီလူးကြီးတို့ အုပ်စု ကတော့ ရှေးရိုးစွဲ စာအုပ်ကြီး အတိုင်း လုပ်ကိုင်ရတာ တော်တော်လေး သဘောတွေ့ပုံရပါတယ်။
ဗဟိုခံစစ်နေရာမှာ ဒီလစ်ဂျ်ကို အသုံးမပြုချင်တဲ့ တူချယ်

သေချာတာ ကတော့ အသင်းမှာ ကစားသမား တစ်ယောက် ထပ်တိုးသွားတယ်၊ Squad Depth မြင့်သွားတယ်ပေါ့။ ဒါပေမယ့် အရေအတွက် တိုးလာတာပဲ ရှိပြီး အရည်အချင်း တိုးတက်လာတာမျိုးတော့ မဟုတ်ပါဘူး။ တူချယ်က ဒီလစ်ဂျ်ကို လုံးဝမကြိုက်တာ သေချာပါတယ်။ ဒါပေမယ့် အရေးကြီးတဲ့နောက်တန်း အတွက် ဘိုတန်လို အိုမင်းနေတဲ့ ကစားသမားကို ပြန်ခေါ်တာ ကတော့ အမှားတစ်ခုလို့ပဲ မြင်ပါတယ်။

အခုချိန်မှာတော့ တူချယ် တစ်ယောက် ဒီပလိုမေစီအရ ဘာဘာညာညာ လျှောက်ရောင်းကောင်း ရောင်းရင် ရောင်းမှာပါ။ ဒါပေမယ့် ဘိုတန်က သူ့အတွက် လိုအပ်တဲ့ ကစားသမားမျိုး မဟုတ်ဘဲ အသင်း ကတော့ ဝါရင့်ကစားသမားကြီး၊ အသင်းရဲ့ ကစားသမားဟောင်းကြီး၊ လူငယ်တွေကို တွဲခေါ်ပေးနိုင်မယ့် ကစားသမားကြီး ဆိုပြီး အထင်ကြီးနေပုံ ရပါတယ်။ တူချယ် အတွက် ပြီးခဲ့တဲ့ နွေရာသီမှာ ဟယ်ရီကိန်းကို ခေါ်ပေးရုံနဲ့ ဘာမှမလုံလောက်ခဲ့ပါဘူး။ ဖူလ်ဟမ် ကွင်းလယ်လူ ပါလ်ဟင်ဟာကို ခေါ်ယူဖို့ လုပ်ပြီးမှ နောက်ဆုံး အချိန်မှာ ပျက်ခဲ့ရတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ဒေါ့မွန်
အေစီမီလန်
1X2 ဒေါ့မွန် @ 2.41
ဂိုးအောက် 2.50 @ 2.13
ဂိုးပေါင်း 2-3 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဗဟိုနောက်ခံလူ အင်အားက တောင့်တင်းမှုမရှိဘူး။ အဲ့ဒါကြောင့်လည်း သတင်းစာရှင်းလင်းပွဲမှာ တူဟယ်လ်က ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့တာပါ။ ဒါပေမယ့် အသင်းတွင်း အစည်းအဝေး လုပ်ပြီးတဲ့နောက်မှာတော့ တူဟယ်လ်ကို လက်လွတ်စပယ် မပြောဆိုဖို့ သတိပေးလိုက်ပါတယ်။ ဒီလို သတိပေးလိုက်လို့ အသင်း လုပ်ပုံက ဟုတ်လား ဆိုရင်လည်း မဟုတ်ပြန်ပါဘူး။ ဘိုတန်ကို ခေါ်လိုက်တာက ရေတို အတွက်လည်း မကိုက်ညီသလို ရေရှည်အတွက် ဆိုလည်း ဝေလာဝေးပါပဲ။ ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ဘီလူးကြီးတို့ အုပ်စု ကတော့ ရှေးရိုးစွဲ စာအုပ်ကြီး အတိုင်း လုပ်ကိုင်ရတာ တော်တော်လေး သဘောတွေ့ပုံရပါတယ်။

ဒီတော့ တူချယ် အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး လာမယ့် အပြောင်းအရွှေ့တွေမှာ ကစားသမားသစ် ခေါ်ဖို့ အဟန့်အတား ဖြစ်နိုင်တယ်။ အသင်းမှာ မလိုအပ်တဲ့ ကစားသမားတွေ ပိုလျှံနေမယ် ဒါမျိုးပြဿနာတွေနဲ့ ရင်ဆိုင်ရမှာပါ။ ဒီတစ်ခါတော့ တူချယ် မလွန်ဘူး ထင်ပါတယ်၊ ဘေယန်မြူးနစ်လို အသင်းမျိုးက အခုလိုမျိုး ရေတို ကုထုံးနဲ့ လွယ်လင့်တကူ ဖြေရှင်းတာမျိုးက ဆိုးရွားတဲ့ လုပ်ဆောင်မှုလို့ပဲ ထပ်ပြောရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်