နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဟိုးနက်စ်နဲ့ အတူ အမြင့်ပျံနေတဲ့ စတုဂတ် (ဘွန်ဒက်စ်လီဂါ)

countdown banner

“နည်းပြ ဆဘက်ရှန် ဟိုးနက်စ်က အသင်း အတွက် မှန်ကန်တဲ့ ချဉ်းကပ်မှု တစ်ခုကို လျင်လျင်မြန်မြန်နဲ့ ရှာဖွေနိုင်ပါလိမ့်မယ်” လို့ စတုဂတ် အားကစား ဒါရိုက်တာ ဝိုလ်ဂီမတ်ချ်က ပြီးခဲ့တဲ့ ဧပြီလတုန်းက ပြောကြားခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက စတုဂတ်တို့ ဘွန်ဒက်စ်လီဂါ ကနေ တန်းဆင်းရမလိုတောင် ဖြစ်ခဲ့တာပါ။ 

ဘယ်လောက် အထိ ဆိုးရွားခဲ့လဲ ဆိုရင် တန်းမဆင်းရရေး အတွက် ပလေးအော့ဖ်တောင် ကန်ခဲ့ရပြီး နိုင်ခဲ့တာကြောင့်သာ အခုရာသီ ဘွန်ဒက်စ်လီဂါမှာ ဆက်ရှိနေခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ ပုံစံက မနှစ်ကနဲ့ မတူတော့ပါဘူး။ ဒီနေရာမှာ ဖြတ်ပြောစရာ ရှိတာက ဆဘက်ရှန် ဟိုးနက်စ် ဆိုတာက ဘေယန်မြူးနစ်ရဲ့ နာမည်ကျော် ကစားသမားဟောင်းကြီး အူလီ ဟိုးနက်စ်နဲ့ တူတော်မောင် တော်စပ်ပါတယ်။ နောက်တစ်ချက်က ဆဘက်ရှန်ဟာ ကစားသမား ဘဝမှာ သိပ်ပြီး ဖြစ်ဖြစ်မြောက်မြောက် မရှိခဲ့ပေမယ့် နည်းပြ ဘဝ မှာတော့ လိုက်ပ်ဇစ်၊ ဘေယန်မြူးနစ် လူငယ်အသင်းတွေမှာ ဖြတ်သန်းခဲ့သူပါ။ နောက်ပြီး သူဟာ ဟော့ဖန်ဟိမ်း ထွက် နည်းပြ တစ်ဦး ဖြစ်နေတ်ကြောင့်လည်း လျှော့တွက်လို့ မရတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဟိုးနက်စ်ရဲ့ စတုဂတ်က ဘွန်ဒက်စ်လီဂါ (၇) ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ (၆) ပွဲ၊ ရှုံးပွဲ (၁) ပွဲနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာကို ရောက်ရှိနေပါပြီ။ ဒီလိုမျိုး စတုဂတ်က မနှစ်က တန်းမဆင်းရရေး ပလေးအော့ဖ် ကန်ခဲ့ရတဲ့ အသင်းဆိုရင်တောင် ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ 

ယူအီးအက်ဖ်အေ ယူရို 2024
ဟန်ဂေရီ
ဆားဘီးယား
1X2 သရေ (Draw) @ 3.15
ဂိုးပေါ် 2.25 @ 1.95
ဂိုးပေါင်း 2-3 @ 1.81
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့် သူတို့ ဒီရာသီမှာ တော်တော်လေးကို ပုံစံကောင်းပြနေခဲ့တာပါ။ ဘေယန်မြူးနစ်လို အသင်းမျိုးကိုတောင် ကျော်တက်နိုင်ခဲ့ပြီး ဇယားထိပ်ဆုံးက လေဗာကူဆင်ကို တစ်မှတ်အကွာနဲ့ ဖိအားပေးနေပါတယ်။ ဘိုချမ်နဲ့ ဖရိုင်းဘတ်ကို ၅ ဂိုးပြတ်၊ လိုက်ပ်ဇစ်ကို ၅-၁ ဂိုးနဲ့ နိုင်ခဲ့တဲ့ ပွဲတွေ အပါအဝင် ဒီရာသီ အစောပိုင်းမှာ ၅ ပွဲဆက် နိုင်ပွဲ ရယူထားပြီး ဒါက (၂၀၁၀) ခုနှစ် နောက်ပိုင်း သူတို့ အတွက် အကောင်းဆုံး မှတ်တမ်း တစ်ခု ဖြစ်ခဲ့ပါတယ်။ 

မာရီယို ဂိုးမက်ဇ်၊ ခီဒီရာတို့ ရှိခဲ့စဉ် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဖလားကို ဆွတ်ခူးခဲ့ဖူးတဲ့ (၂၀၀၆-၀၇) ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အဖြစ် ပွဲစဉ် (၃) အပြီးမှာ ကတည်းက ထိပ်ဆုံး လေးသင်း စာရင်းထဲ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါက တစ်ချိန်က စတုဂတ်ကို ပရိသတ်တွေ ပြန်လည် အမှတ်ရနေအောင် စွမ်းဆောင်ပြထားတာပါ။ 

“စတုဂတ်တို့ ကစားနေပုံက ခင်ဗျားရဲ့ နှလုံးသားကိုတောင် ပြုံးပျော်စေပါလိမ့်မယ်။ အခု ကျွန်တော် စတုဂတ်ရဲ့ ပွဲတွေကို ကြည့်ရတာ ပျော်ရွှင်ရပြီး သူတို့က ကောင်းမွန်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်” လို့ ဘေယန်မြူးနစ်ရဲ့ အမှုဆောင် ဥက္ကဌ အူလီဟိုးနက်စ် ကတောင် ချီးကျူးထားရပါတယ်။ 

အခုချိန်မှာ စတုဂတ်တို့ ဘာတွေ ဆက်လုပ်နိုင်မလဲ၊ ဒီရာသီကို ဘယ်လို ရှေ့ဆက်ပြသွားမလဲ ပြောဖို့က စောပါသေးတယ်။ ရာသီအစ Beginner Luck လည်း ဖြစ်ကောင်း ဖြစ်နိုင်သလို တစ်ဖက်မှာလည်း သူတို့ စွမ်းဆောင်ထားသမျှကို လေးစားဖို့ လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရာသီမှာ တန်းမဆင်းရရေး နောက်ဆုံး အချိန်အထိ ကျော်လွန် ရုန်းကန်ထားတဲ့ အသင်း တစ်သင်း အခုလိုမျိုး ရာသီအစောပိုင်းမှာ လျင်လျင်မြန်မြန် ပြောင်းလဲပြီး အမြင့်ပျံပြနေတာက ချီးကျူးရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ရာသီကုန်မှ အဖြေထွက်တာမို့လို့ မဖြစ်မနေတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်