နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အနာဂတ်မှာ ဘယ်လွန်ဒေါဆုရှင် ဖြစ်ချင်တဲ့ ဟယ်ရီကိန်း | ဘွန်ဒက်စ်လီဂါ

အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်နဲ့ရော နိုင်ငံ့ လက်ရွေးစင် အသင်းနဲ့လည်း ချန်ပီယံဆုတွေ ရယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းက အနာဂတ်မှာ သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ရယူနိုင်မယ်လို့လည်း ယုံကြည်ချက်တွေ ပြင်းထန်နေပါတယ်။

ဟယ်ရီကိန်းက “တစ်နေ့ ကျွန်တော် ဘယ်လွန်ဒေါဆု ရမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရဲ့ စွမ်းဆောင်မှုတွေက ဘယ်လွန်ဒေါ ဆန်ခါတင် စာရင်းမှာ ပါဖို့ ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော် ကစားနေတဲ့ အင်္ဂလန်နဲ့ ဘေယန်မြူးနစ်က ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းတွေပါ။ ကျွန်တော် ခြေစွမ်းပြပြီး ကျွန်တော့် အသင်းတွေက ဆုဖလားကြီးတွေ ရရင် ကျွန်တော်လည်း ဘယ်လွန်ဒေါ ရမှာပါ။” လို့ ပြောဆိုခဲ့ပါတယ်။

ဟယ်ရီကိန်း ကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တာ ကာလ အတွင်း ဥရောပမှာ ခြေစွမ်း တစ်သမတ်တည်း ရှိတဲ့ တိုက်စစ်မှူး တစ်ဦး အဖြစ် သတ်မှတ်လို့ ရသူ ဖြစ်ပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး မှာရော၊ ဘွန်ဒက်စ်လီဂါ မှာပါ ဂိုးသွင်းစံချိန်တွေ တင်ထားနိုင်သူ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ၂၀၁၄/၂၀၁၅ ဘောလုံးရာသီက စလို့ ရာသီတိုင်းမှာ အနည်းဆုံး သွင်းဂိုး ၂၄ ဂိုး အထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကိန်းဟာ စပါး အတွက် ၁၀ ရာသီ အတွင်း ပြိုင်ပွဲစုံ ၄၂၈ ပွဲ ကစားကာ ၂၇၉ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး မှာရော၊ ဘွန်ဒက်စ်လီဂါ မှာပါ ဂိုးသွင်းစံချိန်တွေ တင်ထားနိုင်သူ ဖြစ်ပါတယ်။
ဘယ်လွန်ဒေါဆု ရယူလိုချင်နေတဲ့ ဟယ်ရီကိန်း

ဒါ့အပြင် ကိန်းက ဘေယန်မြူးနစ် မှာလည်း ဂိုးသွင်းခြေ တွေ့နေဆဲ ဖြစ်ပြီးတော့ ၆၆ ပွဲ ကစားထားရာမှာ ၆၅ ဂိုး အထိ သွင်းယူပေးထားပါတယ်။ ကိန်းဟာ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာလည်း ၁၄ ပွဲသာ ကစားထားရသေးပေမယ့် ၁၅ ဂိုး သွင်းယူထားသလို ပြိုင်ပွဲစုံမှာတော့ ၂၁ ပွဲ ကစားကာ ၂၁ ဂိုး သွင်းယူထားပါတယ်။ ကိန်းဟာ တစ်ကိုယ်တော် စွမ်းဆောင်ရည်ကောင်းတွေကြောင့် တစ်ဦးချင်း ဆုတံဆိပ်နဲ့ စံချိန် များစွာ ရယူနိုင်ခဲ့ပေမယ့်လည်း ကစားသမား တလျှောက် လက်ရှိအချိန်ထိ ကလပ် အသင်း၊ နိုင်ငံလက်ရွေးစင် အသင်းတွေနဲ့ ဆုဖလား အောင်မြင်မှု ရယူနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဟယ်ရီကိန်းဟာ ၂၀၂၃ ခုနှစ် နွေရာသီမှာ ဆုဖလား အာမခံချက် ရှိတဲ့ ဘေယန်မြူးနစ်ကို ပေါင်သန်း ၁၀၀နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီဟာ ဘေယန်မြူးနစ် အတွက် ဖလား လက်မဲ့ ဖြစ်ခဲ့ရတာကြောင့် ဟယ်ရီကိန်း တစ်ယောက် ကျိန်စာဆိုးတွေ အောက်ကနေ ရုန်းမထွက်နိုင်ပဲ ဖြစ်နေခဲ့ရပါတယ်။ လက်ရှိမှာ အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဟယ်ရီကိန်းဟာ ဒီရာသီ မှာတော့ ဆုဖလား ရရှိဖို့ အခြေအနေကောင်းနေတာကြောင့် အခုလိုပဲ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကိန်းရဲ့ ဘေယန်မြူးနစ်က လက်ရှိ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ၄ မှတ် ဖြတ် ဦးဆောင်နေပြီး ချန်ပီယံလိဂ် မှာလည်း နောက်တစ်ဆင့် တက်ဖို့ အလားအလာကောင်းနေပါတယ်။ ဒါကြောင့် ဟာရီကိန်းက သူ့ အနေနဲ့ ဆက်လက် ခြေစွမ်းပြနိုင်ပြီးတော့ လာမယ့် နှစ်ပိုင်း အတွင်းမှာ ဘယ်လွန်ဒေါဆု ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်