ဘေယန်မြူးနစ် ကတော့ မနေ့က ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ မိန့်ဇ်နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒီပွဲမှာ ဘေယန်က မိန့်ဇ်ကို နောက်ကနေ လိုက်ကစားခဲ့ရပြီးတော့ ဟယ်ရီကိန်းရဲ့ နောက်ကျ ပင်နယ်တီကြောင့်သာ ရှုံးပွဲ မတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒီပွဲမှာ သွင်းဂိုး တစ်ဂိုး ထပ်ရခဲ့တာကြောင့် ၂၀၂၅ ခုနှစ် အတွင်းမှာ ဘေယန်မြူးနစ် အတွက် သွင်းယူနိုင်တဲ့ ဂိုးအရေအတွက် ၅၀ ပြည့်မြောက်ခဲ့ပါတယ်။ ဒါဟာ ကိန်း အတွက် ကစားသမား ဘဝမှာ ပထမဦးဆုံး အကြိမ် စွမ်းဆောင်နိုင်ခြင်း အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်မှာ တော့တင်ဟမ်ဟော့စပါးရဲ့ အဓိက တိုက်စစ်မှူး အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့ပေမယ့် တစ်နှစ် အတွင်း သွင်းဂိုး ၅၀ ပြည့်အောင် သွင်းယူနိုင်ခဲ့ခြင်း မရှိသလို၊ ဘေယန်မြူးနစ် အတွက်လည်း အရင်နှစ်တွေတုန်းက သွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။

ဂျာမန် ထိပ်သီး တို့ဟာ အိမ်ကွင်း အလိုင်းရန့်ဇ် အရီနာမှာ အမှတ်ပေးဇယား အောက်ဆုံး ရောက်နေတဲ့ မိန့်ဇ်ကို အသည်းအသန် ကစားခဲ့ရပြီး မိနစ် ၈၀ ကျော်တဲ့ အထိ ၁-၂နဲ့ ရှုံးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။ ၈၇ မိနစ်မှာတော့ တရစပ် ဖိအားပေးမှုတွေ ကနေ ပင်နယ်တီ ရခဲ့ပြီး ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့လို့ အဖိုးတန် ချေပဂိုး ရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် အနေနဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲ မရှိသေးမှုကို ဆက်ထိန်းနိုင်ခဲ့ပြီး ဟယ်ရီကိန်းရဲ့ သွင်းဂိုးက ဒီရာသီ ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ် အတွက် သွင်းဂိုး ၅၀ ပြည့်လည်း ဖြစ်ခဲ့ပါတယ်။
ဘေယန်မြူးနစ် အနေနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၄ အပြီးမှာပဲ သွင်းဂိုး ၅၁ ဂိုး ရှိလာခဲ့တာကြောင့် အသင်း အတွက် တိုက်စစ် စံချိန်သစ်လည်း ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဘေယန်မြူးနစ်ရဲ့ ဒီရာသီ ဘွန်ဒက်စ်လီဂါ သွင်းဂိုး မှတ်တမ်းဟာ ၅၁ ဂိုးလို့ ဖော်ပြထားပေမယ့် ပြိုင်ဘက် ကစားသမား သွင်းယူတဲ့ OG တစ်ဂိုး ပါဝင်နေတာကြောင့် ဟယ်ရီကိန်းရဲ့ ဂိုးက ဂိုး ၅၀ ပြည့် အဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဟယ်ရီကိန်း ကတော့ ဘေယန်မြူးနစ်ကို စတင် ရောက်ရှိချိန်က စပြီး ပြိုင်ပွဲစုံမှာ ပွဲပေါင်း ၁၂၀ ကစားကာ သွင်းဂိုး ကလည်း ၁၁၄ ဂိုး အထိ ရှိထားသူ ဖြစ်ပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ ရာသီက ၄၆ ပွဲ ကစားပြီးမှ သွင်းဂိုး ၃၈ ဂိုး ရရှိခဲ့ပေမယ့်လည်း ဒီရာသီမှာတော့ ပွဲပေါင်း ၂၉ ပွဲ ကစားပြီးချိန်မှာတင်ပဲ ၃၂ ဂိုး အထိ သွင်းယူထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ကိန်း အနေနဲ့ အခုလို ပုံမှန် ဂိုးသွင်း စွမ်းရည်ကို ဆက်ထိန်းထားနိုင်မယ် ဆိုရင်တော့ ဥရောပ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခြေ ရှိနေသလို စံချိန် မှတ်တမ်းကောင်းတွေလည်း ထပ်တင်နိုင်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။
ဘေယန်မြူးနစ် ကတော့ ဆောင်းရာသီ အားလပ်ရက် မတိုင်ခင် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ဟိုင်ဒန်ဟိမ်းနဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


