နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ်မှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဖိအားများလွန်းတယ်လို့ ဟယ်ရီကိန်းပြော (ဘွန်ဒက်စ်လီဂါ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ်မှာ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ ဖိအားများလွန်းတယ်လို့ ဟယ်ရီကိန်းပြော 

ဘေယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက လက်ရှိအသင်းမှာ ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ဖိအားတွေ များပြားလွန်းကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။ ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ တော့တင်ဟမ်ဟော့စပါး ကနေ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ 

အဆိုပါ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟာ ကစားသမားဘဝ တစ်လျှောက် ဂိုးသွင်းဘုရင်ဆု အပါအဝင် တစ်ကိုယ်တော် အောင်မြင်မှု အများအပြားကို ဆွတ်ခူးထားနိုင်ပေမယ့် အသင်းလိုက် အောင်မြင်မှု ကတော့ နည်းပါးနေဆဲပါ။ 

လက်ရှိအချိန်မှာ ဟယ်ရီကိန်းက ဘေယန်မြူးနစ်မှာ ခင်ဗျားတို့က တစ်ခါတလေ နိုင်ပွဲ ရရှိဖို့ မျှော်လင့်ထားကြောင်း၊ ဘာကြောင့်လဲ ဆိုတော့ သူတို့က နောက်ဆုံး (၁၁) နှစ်၊ (၁၂) နှစ်လောက် ဘွန်ဒက်စ်လီဂါမှာ ချန်ပီယံဖြစ်ခဲ့တာကြောင့် ဖြစ်ကြောင်း၊ ကျွန်တော် လက်ရှိ ဘေယန်မြူးနစ်မှာ ကစားနေတဲ့ ကာလတို အတွင်း ဆုဖလားတွေကို ဆွတ်ခူးနိုင်ဖို့ အတွက် ဖိအားတွေ များပြားလွန်းကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 


ဘေယန်မြူးနစ်နဲ့ ပတ်သက်လို့ စိတ်ကျေနပ်ခဲ့ရကြောင်း ဆွန်းမားပြော 

ဆွမ်မားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါရဲ့ အဓိက ပွဲထွက် ဂိုးသမား ဖြစ်ခဲ့ပြီး လက်ရှိ နွေရာသီ မှာတော့ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။
အခုနွေရာသီမှာ အင်တာမီလန်ကို ပြောင်းရွှေ့ခဲ့တဲ့ ယန်း ဆွမ်မား

လက်ရှိ အင်တာမီလန်ရဲ့ ဂိုးသမား ယန်း ဆွမ်မားက ဘေယန်မြူးနစ်မှာ ကစားသမားဘဝ ကာလတို ဖြတ်သန်းခဲ့ရတဲ့ အပေါ် ကျေနပ်မိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 

ဆွမ်မားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါရဲ့ အဓိက ပွဲထွက် ဂိုးသမား ဖြစ်ခဲ့ပြီး လက်ရှိ နွေရာသီ မှာတော့ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ 

ဆွမ်မားက ကျွန်တော့် အတွက် လုံးဝကို ဆန်းသစ်တဲ့ အတွေ့အကြုံ ဖြစ်ခဲ့ကြောင်း၊ ကျွန်တော့်ရဲ့ ဘေယန်မြူးနစ် ကစားသမား ဘဝက တန်ဖိုးရှိပြီး အောင်မြင်ခဲ့ကြောင်း၊ ကျွန်တော်တို့ ချန်ပီယံလည်း ဖြစ်ခဲ့ပြီး ကျွန်တော်လည်း အတွေ့အကြုံတွေ အများကြီး ရရှိခဲ့ကြောင်း၊ ဘေယန်မြူးနစ်မှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေ အတွက် အရမ်းကို ကျေးဇူးတင်မိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို အံ့အားသင့်ခဲ့မိကြောင်း ဘေယန်မြူးနစ် အားကစား ဒါရိုက်တာသစ် ပြောကြား 

ဘေယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ အသစ် ခရစ္စတိုဖာ ဖရန့်က အသင်းရဲ့ စိတ်ပိုင်းဆိုင်ရာက သူ့ကို အံ့အားသင့်စေခဲ့ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

အသက် (၄၆) နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဖရန့်ဟာ ဆဲလ်ဘာ့ဂ် ကနေ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။ 

ဖရန့်က ဘေယန်မြူးနစ်ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ အမြဲတမ်း အထင်ကြီး လေးစားပြီး အံ့အားသင့်ခဲ့ရကြောင်း၊ ဒီအသင်းက ကမ္ဘာပေါ်မှာ အကြီးမားဆုံး အသင်းတွေထဲက တစ်သင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အသင်းမှာ ကြီးကျယ် ခမ်းနားတဲ့ သမိုင်းကြောင်းရှိပြီး ကျွန်တော့် အတွက်တော့ ဒီလိုအသင်း အတွက် အလုပ်လုပ်ခွင့်ရရှိတာက တကယ်ကို စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်