ဟယ်ရီ ကိန်း ကတော့ ဘေယန်မြူးနစ်ရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း ရောဘတ် လီဝမ်ဒေါစကီး တင်ထားတဲ့ ဘွန်ဒက်စ်လီဂါ သွင်းဂိုး စံချိန်ကို ချိုးဖျက်ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အင်္ဂလန် တိုက်စစ်မှူး ကတော့ ဘေယန်မြူးနစ်ကို ရောက်ရှိချိန်ကတည်းက သွင်းဂိုး စံချိန်ကောင်းတွေ ဆက်တိုက် ရယူနေသူ ဖြစ်ပါတယ်။
ကိန်းက ဒီရာသီ မှာလည်း သူ့ရဲ့ ဂိုးသွင်း ခြေစွမ်းကောင်းတွေကို ဆက်လက် ပြသနေပြီးတော့ ဘွန်ဒက်စ်လီဂါ ၁၄ ပွဲ ကစားပြီးချိန်မှာ ၁၈ ဂိုး အထိ သွင်းယူထားပါတယ်။ ဒါ့အပြင် ကိန်းက ဂျာမန် ပြည်တွင်းမှာ ဂိုးတွေ သွင်းနေရုံတင် မကပဲ ချန်ပီယံလိဂ် မှာလည်း ၆ ပွဲ ကစားကာ ၅ ဂိုး သွင်းယူထားပါတယ်။ ဒါကြောင့် ဘေယန်မြူးနစ် ဂန္ထဝင် ကစားသမားဟောင်းကြီး မာရီယို ဘတ်စ်လာက ဟယ်ရီ ကိန်း အနေနဲ့ ရောဘတ် လီဝမ်ဒေါစကီး တင်ရှိခဲ့တဲ့ တစ်ရာသီ အတွင်း ဘွန်ဒက်စ်လီဂါ သွင်းဂိုး အများဆုံး စံချိန်ကို ချိုးဖျက်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။
ပိုလန်သား တိုက်စစ်မှူးကြီးက ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ဘွန်ဒက်စ်လီဂါမှာ အံ့အားသင့်စရာ ကောင်းလောက်အောင်ကို သွင်းဂိုး ၄၁ ဂိုး အထိ ရရှိခဲ့ပြီး ပြိုင်ပွဲ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး အဖြစ် စံချိန်တင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟယ်ရီ ကိန်းက ဘေယန်မြူးနစ် ကစားသမား ဘ၀ ပွဲဦးထွက် ရာသီမှာတင်ပဲ လီဝမ်ဒေါစကီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ နီးစပ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ရာသီတုန်းက ၃၂ ပွဲ ကစားကာ ၃၆ ဂိုး အထိ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီရာသီတုန်းက ဟယ်ရီ ကိန်းက ဒဏ်ရာ ပြဿနာတွေကြောင့် ပွဲစဉ် တချို့ကို လွဲချော်ခဲ့ပြီး ဒီရာသီ မှာတော့ လီဝမ်ဒေါစကီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့ မျှော်လင့်ချက်တွေ အားကောင်းနေတာ ဖြစ်ပါတယ်။ ဟယ်ရီ ကိန်းဟာ ဘေယန်မြူးနစ်နဲ့ ပွဲဦးထွက်ရာသီ ဘွန်ဒက်စ်လီဂါမှာ ၃၆ ဂိုး၊ ပြီးခဲ့တဲ့ရာသီမှာ ၂၆ ဂိုး အထိ သွင်းခဲ့ပြီး သွင်းဂိုး အများဆုံးဆုကို ၂ ရာသီ ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဒီလို စံချိန်ကောင်းတွေ တင်နိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီးတော့ Sky Sports နဲ့ အင်တာဗျူးမှာ ဟယ်ရီကိန်းက “လီဝမ်ဒေါစကီးရဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့က ဖြစ်နိုင်ခြေ ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ အထူးသဖြင့် ဒီရာသီအစပိုင်းမှာပဲ ကျွန်တော် ပြသနေတဲ့ ခြေစွမ်းအရ ပိုပြီး ဖြစ်နိုင်ခြေ ရှိနေပါတယ်။ ရာသီပြီးဆုံးဖို့ ကလည်း အများကြီး ကျန်နေပါသေးတယ်။ လက်ရှိ ခြေစွမ်း အတိုင်း နောက်ထပ် ၄ လ၊ ၅ လလောက် အထိ ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။”
“ဘောလုံး လောကမှာ အခက်အခဲဆုံးက တည်ငြိမ်တဲ့ ခြေစွမ်းကို အချိန်အကြာကြီး ဆက်ထိန်းထားနိုင်ဖို့ပါပဲ။ လီဝမ်ဒေါစကီးရဲ့ စံချိန်က မယုံနိုင်စရာ ဖြစ်ပြီး အဲဒီစံချိန်ကို ချိုးဖျက်ဖို့ ကလည်း ခက်ခဲမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်က ရည်မှန်းချက်တွေ ထားရှိရတာကို ကြိုက်နှစ်သက်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ဟယ်ရီ ကိန်းရဲ့ ဘေယန်မြူးနစ် ကတော့ လက်ရှိ ရာသီ ဘွန်ဒက်စ်လီဂါမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ တစ်သင်းတည်းသော အသင်း အဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်း ဦးဆောင်တဲ့ တိုက်စစ်က ၁၄ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၅၁ ဂိုး အထိ ရရှိထားကာ ပေးဂိုး ကတော့ ၁၁ ဂိုးသာ ရှိထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


