နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လေဗာကူဆင်ကို ဂိုးပြတ် ရှုံးပြီး ချန်ပီယံ မျှော်လင့်ချက် ကုန်ဆုံးသလောက် ရှိသွားတဲ့ ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

countdown banner

ဒေါ့မန် ၂ – ၅ လေဗာကူဆင်

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်က အသင်း နှစ်သင်း ကစားခဲ့တဲ့ ပွဲစဉ် ဖြစ်လို့ အကြိတ်အနယ် ရှိပြီး ကြည့်ကောင်းခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံချိန်တိုင်း အပြန်အလှန် သွင်းဂိုးတွေ မြိုင်ဆိုင်လေ့ရှိတဲ့ အစဉ်အလာကို ဆက်ထိန်းသွားခဲ့ပြီး ခံစစ် အမှားများခဲ့တဲ့ ဒေါ့မန်တို့ အိမ်ကွင်းမှာ ၂-၅ ရလဒ်နဲ့ လေဗာကူဆင်ကို အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒေါ့မန်တို့ အဓိက တိုက်စစ်မှူး အာလင်းဟာလန်း ကလွဲလို့ မယ်လန်၊ ဟာဇက်၊ မာကိုရိုက်စ်၊ ဒါဟွတ်၊ ဘယ်လင်ဂမ်၊ မြူနီယာတို့ ပါဝင်တဲ့ လူစာရင်းနဲ့ ပွဲထွက်ခဲ့ပြီး ခံစစ်ပိုင်း ကတော့ အားနည်းခဲ့ပါတယ်။ ဧည့်သည် လေဗာကူဆင် ဘက်မှာတော့ ပက်ထရစ် ရှစ်ခ်၊ ဖလော်ရီယန် ဝစ်ဇ်၊ ဒီယာဘီ၊ ဂျွန်နသန်တာ့ရ်၊ ဖရင်ပေါင်တို့ ပါဝင်ခဲ့ပြီး တောင့်တင်းတဲ့ လူစာရင်းနဲ့ ရင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်က အနိုင်ရခဲ့တဲ့ လေဗာကူဆင် ကတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာကို အခိုင်အမာ ရယူသွားနိုင်ခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။
ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ လေဗာကူဆင်

ပွဲစကတည်းက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ဦးဆောင်ဂိုး ကိုတော့ ဧည့်သည် လေဗာကူဆင်တို့ စတင် ရရှိသွားခဲ့ပါတယ်။ ပက်ထရစ် ရှစ်ခ်ရဲ့ ကန်ချက်ကို တားဆီးရင်း ကနေ အာကန်ဂျီ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပြီး ပွဲချိန် ၁၆ မိနစ် မှာတော့ ဖရင်ပေါင်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု ကနေ ဒေါ့မန်တို့ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် ၄ မိနစ် အကြာမှာ ဧည့်သည် အသင်း ဦးဆောင်ဂိုး ထပ်ရသွားခဲ့ပြီး ဖလော်ရီယန် ဝစ်ဇ်က ဘယ်လာရာဘီရဲ့ ဖန်တီးပေးမှုကို အကောင်းဆုံး အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် လေဗာကူဆင် အတွက် တတိယ ဦးဆောင်ဂိုးကို ပွဲချိန် ၂၈ မိနစ် မှာ အန်းဒရစ်ချ်က အလွတ်တည်ကန်ဘော ကတစ်ဆင့် ကန်သွင်းသွားခဲ့လို့ ပထမပိုင်း အပြီးမှာ ၁-၃ ရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။

ဒုတိယပိုင်း မှာတော့ မာကိုရို့စ် အနေနဲ့ ရေနာ၊ မူကိုကို၊ ဝုဖ်၊ တစ်ဂတ်စ် တို့ကို ထည့်ပြီး တိုက်စစ် မြှင့်ခဲ့ပေမယ့် ချေပဂိုး မရတဲ့ အပြင် လေဗာကူဆင်ရဲ့ တန်ပြန် တိုက်စစ်ကို မထိန်းနိုင်ခဲ့လို့ ဂိုးတွေ ထပ်ပေးခဲ့ရပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ ဂျွန်နသန် တာ့ရ်က လှလှပပ ကန်သွင်းပြီး လေးဂိုးမြောက် သွင်းဂိုးကို ရယူပေးခဲ့သလို ၈၇ မိနစ် မှာ‌ မူဆာ ဒီယာဘီက ငါးဂိုးမြောက် သွင်းဂိုးကို ဧည့်သည် အသင်း အတွက် ရယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီး မှာတော့ ဒေါ့မန်တို့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့လို့ ၂-၅ ရလဒ်နဲ့ ပြီးဆုံးသွားပြီး လေဗာကူဆင်တို့ အဝေးကွင်းမှာ ဂိုးပြတ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ဟာလန်း မပါတဲ့ ပွဲဆိုရင် ရုန်းကန်ရလေ့ ရှိတဲ့ ဒေါ့မန် ကတော့ ဒီနေ့ပွဲ မှာလည်း တိုက်စစ် အဆုံးသတ် တော်‌တော်လေး ညံ့ခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု အသာစီး ရခဲ့ပြီး ဂိုးပေါက် ခြိမ်းခြောက်မှုလည်း ပိုလုပ်နိုင်ခဲ့ပေမယ့် Final Third ကစားပုံ လိုအပ်ချက်တွေ ရှိခဲ့လို့ သွင်းဂိုးတွေ မရခဲ့တာ ဖြစ်ပါတယ်။ အဆိုးဆုံးက နောက်ခံလူတွေ ဖြစ်တဲ့ အာကန်ဂျီ၊ ဇာဂါဒူနဲ့ ဂိုးသမား ကိုဘယ် တို့ အမှားများခဲ့တာ ဖြစ်ပါတယ်။ လေဗာကူဆင် ကတော့ အခွင့်အရေး ရရင် ရသလို ဒေါ့မန် ခံစစ်ကို အကောင်းဆုံး ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးပေါက် ကန်ချက် ၁၀ ကြိမ်မှာ ၇ ကြိမ် ဂိုးပေါက်တည့်ပြီး သွင်းဂိုး ၅ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲ အရှုူံးကြောင့် ဒေါ့မန်တို့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက ဘေယန်မြူးနစ်နဲ့ ၉ မှတ် အထိ ကွာဟသွားခဲ့လို့ အမှတ်ပေး ချန်ပီယံဆု မျှော်လင့်ချက် ကုန်သလောက် ဖြစ်သွားခဲ့ပါတယ်။ တစ်ဖက်က အနိုင်ရခဲ့တဲ့ လေဗာကူဆင် ကတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာကို အခိုင်အမာ ရယူသွားနိုင်ခဲ့ပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဒေါ့မန်တို့ လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ယူအွန်းဘာလင်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၂ ကစားရမှာ ဖြစ်ပြီး လေဗာကူဆင် ကတော့ စတုဂတ်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်