နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန်မြူးနစ်ကို မင်းပြေးစမ်းလို့ သတိပေးလိုက်တဲ့ ဒေါ့မန်၊ တူရကီ ငလျင်ဘေး အတွက် ဂျာစီ လှူဒါန်းခဲ့တဲ့ ဂဗာဒီယိုလ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဘေယန်မြူးနစ်ကို မင်းပြေးစမ်းလို့ သတိပေးလိုက်တဲ့ ဒေါ့မန်၊ တူရကီ ငလျင်ဘေး အတွက် ဂျာစီ လှူဒါန်းခဲ့တဲ့ ဂဗာဒီယိုလ် စတဲ့ သတင်းတွေ အပါအဝင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ်ကို မင်းပြေးစမ်းလို့ သတိပေးလိုက်တဲ့ ဒေါ့မန်

ဂျာမန် ဘွန်ဒက်လီဂါ မှာတော့ ဒေါ့မန်တို့ မနေ့ညက နိုင်ပွဲ ရယူကာ အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီ ဖြစ်ပါတယ်။ ဂျူလီယန် ဘရန့်တ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ဒေါ့မန်တို့ ဟော့ဖန်ဟိမ်းကို အနိုင်ရရှိခဲ့ကာ ဘေယန်မြူးနစ်နဲ့ ယူနီယံဘာလင်တို့ မကစားရသေးခင် အမှတ်ပေးဇယားကို ၃ မှတ်ဖြတ် ဦးဆောင်လိုက်တာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
ခရစ္စတယ်ပဲလေ့စ်
1X2 အက်စတန် ဗီလာ @ 2.05
အက်စတန် ဗီလာ အာရှ ဟန်းဒီးကပ် -0.50 @ 2.05
ဂိုးပေါ် 2.25 @ 2.03
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မာကို ရိုက်စ်ရဲ့ အလွတ်တည်ကန်ဘော ကန်ချက်ကို ဂျူလီယန် ဘရန့်တ်က ခေါင်းငုံ့ရှောင်ခဲ့ရာမှာ ဘောလုံးက သူ့ ကျောကုန်းကို ထိမှန်ပြီး လမ်းကြောင်းပြောင်းကာ ဂိုးထဲဝင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ့မန်တို့ နောက်ဆုံး လိဂ်ပွဲ ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး အမှတ်ပေးဖလားကို စိန်ခေါ်နေပြီ ဖြစ်ကာ ဘေယန် ကိုလည်း သတိပေးလိုက်တာ ဖြစ်ပါတယ်။ 

ဒီနေ့ မှာတော့ ဘေယန်က ယူနီယံဘာလင်နဲ့ ကစားရမှာ ဖြစ်လို့ ဒေါ့မန်တို့ အခွင့်အရေးကို အကောင်းဆုံး အသုံးချနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။ အဆိုပါပွဲမှာ သေချာပေါက် တသင်းသင်းက အမှတ်လျော့မှာ ဖြစ်လို့ ဒါက ဒေ့ါမန် အတွက် အမြတ်ထွက်မှာ ဖြစ်ပြီး သူတို့ အတွက် ပြိုင်ဘက် အသင်း တစ်သင်းကို အမှတ် အသာရတော့မှာလည်း ဖြစ်ပါတယ်။ 


အံ့အားသင့်ဖွယ်ရာ ကိန်းဂဏန်း မှတ်တမ်းတွေ ထွက်ပေါ်ခဲ့တဲ့ ဟောဖန်ဟိမ်း-ဒေါ့မန် ပွဲစဉ်

မနေ့က ကစားခဲ့တဲ့ ဟောဖန်ဟိမ်းနဲ့ ဒေါ့မန်ပွဲ မှာတော့ ဧည့်သည် ဒေါ့မန်က ၁-၀ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲကတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အတူ ကြည့်ကောင်းခဲ့ပြီး အကြိတ်အနယ် ဖြစ်ခဲ့သလို ပွဲချိန်တွင်း အချက်အလက် မှတ်တမ်းတွေ ကလည်း မျက်လုံးပြူးလောက်အောင်ကို ရှိနေခဲ့ပါတယ်။ 

ဒီပွဲမှာ နှစ်ဖက် အသင်းပေါင်း ထောင့်ကန်ဘော အရေအတွက်ဟာ ၂၃ ကြိမ် အထိ ရှိခဲ့ပြီး ပျမ်းမျှ ၁၀ ကြိမ်သာ ရှိမှုရဲ့ ၂ ဆတောင် ဖြစ်ခဲ့တာပါ။ ဒ့ါအပြင် ဂိုးပေါက် ကန်သွင်းချက်ဟာလည်း ၃၆ ကြိမ် အထိ ရှိခဲ့တာပါ။ ဒါပေမယ့်လည်း သွင်းဂိုး ကတော့ ၁ ဂိုးတည်းသာ ရှိခဲ့ပြီး ဒီထက်မက ဂိုးတွေရသင့်ခဲ့ပါလျက်နဲ့ အဆုံးသတ်ပိုင်း မသေချာမှုတွေ ကိုပါ မြင်တွေ့ခဲ့ရပါတယ်။

ဒေါ့မန် ကတော့ ပြိုင်ပွဲစုံ ၉ ပွဲ ဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဒါဟာ သူတို့ အသင်း သမိုင်းတစ်လျှောက်မှာ ပြက္ခဒိန် တစ်နှစ် အတွင်း ပထမဆုံး အကြိမ် ၉ ပွဲဆက် အနိုင်ရမှု ဖြစ်လာခဲ့ပါတယ်။ အဆိုပါ ၉ ပွဲထဲမှာ ၅ ပွဲ အထိက ပြိုင်ဘက်က တစ်ဂိုးအသာနဲ့သာ အနိုင်ရခဲ့တာ ဖြစ်ပြီး ဒေါ့မန်ဟာ တည်ကန်ဘောတွေ ကနေ ဒီရာသီမှာ ၈ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပါတယ်။ 


တူရကီ ငလျင်ဘေး အတွက် ဂျာစီ လှူဒါန်းခဲ့တဲ့ ဂဗာဒီယိုလ်

ဘွန်ဒက်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ နောက်ခံလူ ဂျော့စ်ကို ဂဗာဒီယိုလ်ဟာ မနေ့က သူ့ရဲ့ လိုက်ပ်ဇစ် ဂျာစီကို တူရကီ ငလျင်ဘေးမှာ ကူညီပေးတဲ့ အနေနဲ့ လှူဒါန်းသွားခဲ့ပါတယ်။
တူရကီ ငလျင်ဘေး အတွက် ဂျာစီ လှူဒါန်းခဲ့တဲ့ ဂဗာဒီယိုလ်

ဘွန်ဒက်လီဂါ ကလပ် လိုက်ပ်ဇစ်ရဲ့ နောက်ခံလူ ဂျော့စ်ကို ဂဗာဒီယိုလ်ဟာ မနေ့က သူ့ရဲ့ လိုက်ပ်ဇစ် ဂျာစီကို တူရကီ ငလျင်ဘေးမှာ ကူညီပေးတဲ့ အနေနဲ့ လှူဒါန်းသွားခဲ့ပါတယ်။ ခရိုအေးရှား နောက်ခံလူ ကတော့ လက်ရှိမှာ နာမည် ကျော်ကြားနေပြီ ဖြစ်ပြီး လာမယ့် ရာသီမှာ အသင်းကြီး တသင်းကို ရောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

“ ကျေးဇူးတင်ပါတယ်၊ ဂဗာဒီယိုလ်” လို့ တူရကီသံအမတ် ဖြစ်သူ ကလည်း သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ အဆိုပါ ဂျာစီကို လေလံတင် ရောင်းချမှာ ဖြစ်ပြီး ရရှိမယ့် ငွေကြေးကို ငလျင်ဘေးမှာ ကူညီသွားမှာလည်း ဖြစ်ပါတယ်။ ခရိုအေးရှားနိုင်ငံ၊ ဇာဂရက်မြို့က တူရကီ သံရုံးကို ပေးပို့ခဲ့တာလို့လည်း သိရပါတယ်။

အသက် ၂၁ နှစ် အရွယ် ဂဗာဒီယိုလ်ဟာ လိုက်ပ်ဇစ် အတွက် ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ မန်ချက်စတာစီးတီး ဘက်ကို ဂိုးသွင်းယူခဲ့သူ ဖြစ်ပါတယ်။ ခရိုအေးရှားနဲ့ အတူ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား မှာလည်း ခြေစွမ်းပြခဲ့ပြီး တတိယ နေရာကို ရရှိခဲ့ပြီး ထင်ပေါ် ကျော်ကြားလာခဲ့သူလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်