နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူရို ခြေစစ်ပွဲတွေကို လွဲချော်မယ့် လေဗာကူဆင် တိုက်စစ်မှူး၊ နာပိုလီ ချန်ပီယံလိဂ် ဖလား ရနိုင်တယ်လို့ ဆိုလိုက်တဲ့ ဖရန့်ဖတ် နည်းပြ (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ယူရို ခြေစစ်ပွဲတွေကို လွဲချော်မယ့် လေဗာကူဆင် တိုက်စစ်မှူး၊ နာပိုလီ ချန်ပီယံလိဂ် ဖလား ရနိုင်တယ်လို့ ဆိုလိုက်တဲ့ ဖရန့်ဖတ် နည်းပြ စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၇ ရက်နေ့ ညနေခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ယူရို ခြေစစ်ပွဲတွေကို လွဲချော်မယ့် လေဗာကူဆင် တိုက်စစ်မှူး 

လေဗာကူဆင် တိုက်စစ်မှူး ပက်ထရစ် ရှစ်ခ်ဟာ ဒဏ်ရာကြောင့် ယူရို-၂၀၂၄ ခြေစစ်ပွဲ အဖွင့် ပွဲစဥ်တွေကို လွဲချော်သွားမယ်လို့ သိရပါတယ်။ အဆိုပါ တိုက်စစ်မှူးဟာ ချက် လက်ရွေးစင် တစ်ယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲ မှာလည်း ပူးတွဲ ဂိုးသွင်း ဘုရင် ဖြစ်တဲ့ အထိ ဂိုးသွင်း ခြေစွမ်းပြနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ချက် လက်ရွေးစင်အသင်းဟာ မတ်လ (၂၄) ရက်နေ့မှာ ပိုလန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲ့ဒီနောက် မတ်လ (၂၇) ရက်နေ့ မှာတော့ မော်လ်ဒိုဗာနဲ့ ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ်။ ချက်ဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲ အုပ်စု အဆင့် အဖြစ် အုပ်စု (E) မှာ ကျရောက်နေပြီး သူ့ရဲ့ အုပ်စု မှာတော့ အယ်လ်ဘေးနီးယား၊ ဖာရိုးကျွန်းစုများ အသင်း တို့လည်း ပါဝင်ပါတယ်။ 

ပက်ထရစ် ရှစ်ခ်ဟာ ပြီးခဲ့တဲ့ ယူရိုမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ထိပ်တန်း အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရဖူးပေမယ့် အခုချိန် အထိ ဘွန်ဒက်စ်လီဂါ မှာပဲ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ 


နာပိုလီ ချန်ပီယံလိဂ် ဖလား ရနိုင်တယ်လို့ ဆိုလိုက်တဲ့ ဖရန့်ဖတ် နည်းပြ

ဖရန့်ဖတ် နည်းပြ အိုလီဗာ ဂလက်စ်နာက နာပိုလီဟာ ချန်ပီယံလိဂ် ဖလားကို ရယူနိုင်စွမ်း ရှိကြောင်း ချီးကျူး ပြောကြားခဲ့ပါတယ်။ 

ဂလက်စ်နာရဲ့ ဖရန့်ဖတ်ဟာ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့်မှာ နာပိုလီနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး နှစ်ကျော့လုံး ရှုံးနိမ့်ကာ နှစ်ကျော့‌ပေါင်း ရလဒ် ကလည်း ၅-၀ အထိ ပြတ်သားခဲ့ပါတယ်။ 

နာပိုလီကို အရေးနိမ့်ခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ နည်းပြ ဂလက်စ်နာက နာပိုလီ ချန်ပီယံလိဂ် ဖလား ရနိုင်တယ်လို့ ပပ် ဂွါဒီယိုလာရဲ့ပြောစကားကို ထောက်ခံကြောင်း၊ နာပိုလီက အခုချိန်မှာ အတောင့်တင်းဆုံး အသင်းတွေထဲ ပါဝင်လာကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒါ့အပြင် ကျွန်တော်တို့ အနေနဲ့ နာပိုလီကို ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ ခံစစ်က ကောင်းမွန်ခဲ့ကြောင်း၊ အခုချိန်မှာ သူတို့က စီးရီးအေ ချန်ပီယံဆုကို ရပြီးသလောက် ဖြစ်ကြောင်းနဲ့ ချန်ပီယံလိဂ် မှာလည်း ပုံစံကောင်း ပြနေကြောင်း ဂလက်စ်နာက ချီးကျူးခဲ့ပါတယ်။ 


နေပဲလ်မှာ ရဲကား ကိုပါ မီးရှို့ပြီး ပြန်လာခဲ့တဲ့ ဖရန့်ဖတ် ပရိသတ်များ

နာပိုလီနဲ့ ဒုတိယအကျော့ အဖြစ် ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆) သင်း အဆင့် ဒုတိယအကျော့ ပွဲစဥ် မတိုင်ခင်မှာ လက်မှတ် မရှိတဲ့ ဖရန့်ဖတ် ပရိသတ်တွေဟာ နေပယ်လ် မြို့တွင်းမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။ 

အင်္ဂလန်၊ အီတလီ၊ ဂျာမနီ ပရိသတ်တွေဟာ သူတို့ အားပေးတဲ့ ကလပ် အသင်းတွေ အခုလိုမျိုး ချန်ပီယံလိဂ် အဝေးကွင်း ကစားရချိန်တိုင်း ပြိုင်ဘက် အသင်းရဲ့ မြို့မှာ ပြဿနာမျိုးစုံ ဖန်တီးလေ့ ရှိကြပါတယ်။ 

ရုပ်သံမှတ်တမ်းတွေရဲ့ ဖော်ပြချက် အရ ဒုတိယအကျော့ အတွက် လက်မှတ် မဝယ်ယူထားတဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ရဲ့ ပရိသတ်တွေဟာ နေပယ်လ် မြို့လယ်ခေါင်မှာ ရဲတွေကို ထိုင်ခုံ၊ ပုလင်း၊ သံတုတ်များနဲ့ ပစ်ပေါက် တိုက်ခိုက်ခဲ့ကြပါတယ်။ 

အနက်ရောင် ဝမ်းဆက်ကို ခေါင်းစွပ် ဝတ်ဆင်ထားတဲ့ အဆိုပါ ပရိသတ်တွေဟာ နေပယ်လ်မြို့ ရဲတပ်ဖွဲ့က ရဲကားတစ်စီး အပါအဝင် လမ်းမှာ ရပ်ထားတဲ့ ကားတွေ ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့သေးကြောင်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်