နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒေါ့မန် ဂိုးသမားကို အပြိုင် စောင့်ကြည့်နေတဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်၊ ဒေါ့မန်ရဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်မှုကို‌ ပေါက်ကွဲနေတဲ့ ဘယ်လင်ဟမ် (ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ)

ဒေါ့မန် ဂိုးသမားကို အပြိုင် စောင့်ကြည့်နေတဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်၊ ဒေါ့မန်ရဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်မှုကို‌ ပေါက်ကွဲနေတဲ့ ဘယ်လင်ဟမ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၃ ရက်နေ့ရဲ့ ဘွန်ဒက်စ်လီဂါ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဒေါ့မန် ဂိုးသမားကို ချဲလ်ဆီးနဲ့ ယူနိုက်တက် အပြိုင် စောင့်ကြည့်နေ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ဂိုးသမား ဂရီဂေါ် ကိုဘယ်လ်ကို ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်တို့ အပြိုင် စောင့်ကြည့်နေကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ 

ဒီရာသီမှာ ကိုဘယ်လ် ပြသနေတဲ့ လက်စွမ်းတွေက သူ့ကို ဥရောပထိပ်တန်း အသင်းတွေရဲ့ စိတ်ဝင်စားမှု ရရှိလာအောင် ကူညီပေးခဲ့တယ် လို့လည်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေပါတယ်။ 

ချဲလ်ဆီးဟာ ကိုဘယ်လ်ကို အသင်းရဲ့ ဂိုးသမား အက်ဒွါ မန်ဒီရဲ့ နေရာမှာ အစားထိုးဖို့ ရေရှည် ပစ်မှတ်ထားနေသလို ယူနိုက်တက် ကလည်း ဒင်းန် ဟန်ဒါဆန်ကို ရောင်းချပြီးနောက် ကိုဘယ်လ်ကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ 

ဒေါ့မန်နဲ့ ကိုဘယ်လ် တို့ရဲ့ စာချုပ်သက်တမ်း ကတော့ (၂၀၂၆) နွေရာသီ အထိ ကျန်ရှိနေပြီး အသင်း ဘက်ကလည်း သူတို့ရဲ့ ကြယ်ပွင့် ဂိုးသမားကို ရောင်းချဖို့ အလျင်လိုနေတာမျိုး မရှိဘူးလို့ သိရှိရပါတယ်။ 

ကိုဘယ်လ်ဟာ ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီကမှ ဘွန်ဒက်စ်လီဂါ ကလပ် အသင်း တစ်သင်းပဲ ဖြစ်တဲ့ စတုဂတ် ကနေ ဒေါ့မန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး လက်ရှိအချိန် မှာတော့ ဥရောပ ထိပ်တန်း အသင်းကြီးတွေရဲ့ စောင့်ကြည့် စာရင်းထဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။ 


ဒေါ့မန်ရဲ့ ပြောင်းရွှေ့ကြေး သတ်မှတ်မှုကို‌ ပေါက်ကွဲနေတဲ့ ဘယ်လင်ဟမ်

အင်္ဂလန်နဲ့ ဒေါ့မန် ကွင်းလယ်လူ ဂျူ့ဒ် ဘယ်လင်ဟမ်ဟာ သူ့အတွက် အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး အပေါ် ဒေါသ ပေါက်ကွဲနေကြောင်း သိရှိရပါတယ်။ 

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အသက် (၁၉) နှစ် အရွယ် ကွင်းလယ် ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း (၁၀၀) သတ်မှတ်ထားပြီး ဒီပမာဏက သူ့ကို ခေါ်ယူလိုတဲ့ ဥရောပ ထိပ်တန်း အသင်းတွေကို လက်တွန့်စေပါတယ်။
ဥရောပ ထိပ်တန်း ကလပ် အများစုက ခေါ်ယူဖို့ ပစ်မှတ်ထားခံနေရတဲ့ ဘယ်လင်ဂမ်

ဘွန်ဒက်စ်လီဂါ ကလပ်ဟာ အသက် (၁၉) နှစ် အရွယ် ကွင်းလယ် ကြယ်ပွင့် အတွက် ပြောင်းရွှေ့ကြေး အနည်းဆုံး ပေါင်သန်း (၁၀၀) သတ်မှတ်ထားပြီး ဒီပမာဏက သူ့ကို ခေါ်ယူလိုတဲ့ ဥရောပ ထိပ်တန်း အသင်းတွေကို လက်တွန့်စေပါတယ်။ 

မန်စီးတီး အကယ်ဒမီထွက် ကစားသမား တစ်ယောက် ဖြစ်တဲ့ ဘယ်လင်ဟမ်ကို ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားလာမှာပါ။ 

ကစားသမား ကိုယ်တိုင်ကလည်း စိန်ခေါ်မှု အသစ် အတွက် ဥရောပ ထိပ်တန်း အသင်း တစ်သင်းကို ပြောင်းရွှေ့လိုနေပေမယ့် အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး အပေါ် စိတ်ပျက်နေကြောင်း သတင်းတွေက‌ ဖော်ပြနေပါတယ်။ 

ပရီးမီးယား လိဂ်
လီဗာပူးလ်
မန်ချက်စတာ ယူနိုက်တက်
1X2 သရေ @ 3.45
လီဗာပူးလ် စီးတီး အာရှ ဟန်းဒီးကပ် -0.25 @ 2.11
ဂိုးပေါ် 2.75 @ 1.83
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ်မှာ ကစားဖို့ ပစ်မှတ်ထားကြောင်း ဂီဗာဒီယိုလ် ဖွင့်ဟ

ချဲလ်ဆီးက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ် နောက်ခံလူ ဂျော့စ်ကို ဂဗာဒီယိုလ်က ပရီးမီးယားလိဂ်မှာ ကစားခွင့် ရရှိဖို့က ကစားသမား ဘဝ အတွက် ပစ်မှတ် တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပါတယ်။ 

အဆိုပါ ခရိုအေးရှား ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ (၂၀၂၂) ကာတာ ကမ္ဘာ့ဖလား မှာလည်း လက်ရွေးစင် အသင်း အတွက် ခြေစွမ်းပြခဲ့ပြီး ချဲလ်ဆီး ကလည်း ဂဗာဒီယိုလ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီတည်းက စိတ်ဝင်စားခဲ့တာပါ။ 

ဒါပေမယ့် ဘွန်ဒက်စ်လီဂါ ကလပ် ဘက်ကတော့ သူတို့ရဲ့ အဓိက ဗဟိုနောက်ခံလူကို ရောင်းချဖို့ စိတ်ကူး မရှိဘဲ အသင်းမှာ ဆက်ထိန်းထားလိုပါတယ်။ 

ဂဗာဒီယိုလ် ကတော့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ပရီးမီးယားလိဂ်မှာ ကစားခွင့် ရဖို့ ပစ်မှတ်နဲ့ ပတ်သက်လို့ ဖွင့်ဟခဲ့ပြီး ထိပ်တန်း အသင်းကြီးတွေက စိတ်ဝင်စားနေတဲ့ အကြောင်းကို အေးဂျင့် ဖြစ်သူက အသိပေးထားကြောင်းလည်း ပြောကြားသွားခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်