ဩဂုတ်လ ၁၈ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။
ဒေါ့မန် နောက်ခံလူ အတွက် ယူရို (၁၀) သန်း ပေးချေဖို့ ဆန္ဒရှိနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာဟာ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ညာနောက်ခံလူ သောမတ်စ်မူနီယာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဘာစီလိုနာဟာ ဆီဗီလာ နောက်ခံလူ ကွန်ဒေးကို ခေါ်ယူထားပြီး ဖြစ်ပေမယ့် ညာနောက်ခံလူ အသစ် ရှာဖွေနေဆဲ ဖြစ်ပြီး လာလီဂါ ကလပ်ရဲ့ ပစ်မှတ် စာရင်းထဲမှာ မူနီယာလည်း ပါဝင်နေတာ ဖြစ်ပါတယ်။
ဘယ်ဂျီယံ ညာနောက်ခံလူ အတွက် ဘာစီလိုနာတို့ ပြောင်းရွှေ့ကြေး ယူရို (၁၀) သန်းအထိ ပေးချေသွားဖို့ ပြင်ဆင်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
မူနီယာဟာ ဥရောပ ထိပ်တန်းကလပ် ပီအက်စ်ဂျီ မှာလည်း (၄) နှစ်တာ ဖြတ်သန်းခဲ့ပြီး လွန်ခဲ့တဲ့ (၂) နှစ် ကမှ ဒေါ့မန်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားဟာ ဒေါ့မန်အတွက် သွင်းဂိုး (၃) ဂိုး၊ ဂိုးဖန်တီးမှု (၇) ကြိမ် ပြုလုပ်ပေးထားပြီး လက်တလော ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် မူနီယာဟာ လက်ရှိ နွေရာသီမှာ ဒေါ့မန်ကို စွန့်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ဘာစီလိုနာ ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် လာမယ့် ပွဲစဉ်တွေကို လွဲချော်ဖွယ် ရှိနေတဲ့ ဂနာဘရီ

ဆာ့ဂျ် ဂနာဘရီဟာ ဝုဖ်ဘတ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဥ် (၂) မှာ လက်ကောက်ဝတ် ဒဏ်ရာရရှိခဲ့တာကြောင့် လာမယ့် ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေကြောင်း ဘေယန်မြူးနစ်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသက် ၂၇ နှစ် အရွယ် ဂျာမန် လက်ရွေးစင်ဟာ လက်ကောက်ဝတ် ဒဏ်ရာကြောင့် လက်ရှိ အချိန်ထိ အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေမှာ ပူးပေါင်းနိုင်ခြင်း မရှိပဲ တစ်ဦးချင်း သီးသန့် လေ့ကျင့်မှုတွေ ပြုလုပ်နေရတယ်လို့ သိရပါတယ်။
ဂနာဘရီဟာ လက်ရှိ ရာသီ ဘေယန်မြူးနစ် အတွက် ပြိုင်ပွဲစုံ (၃) ပွဲမှာ (၂) ဂိုးသွင်း၊ (၂) ဂိုး ဖန်တီးပေးထားနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဘေယန်မြူးနစ်က လာမယ့် တနင်္ဂနွေနေ့မှာ ဘိုချမ်နဲ့ ကစားရမှာ ဖြစ်ပြီး ဒီပွဲမှာ ဂနာဘရီ ပါဝင်ကစားနိုင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။




ရိုးမားကို ပြောင်းရွှေ့ဖို့ အခွင့်အလမ်း ရှိလာတဲ့ ဒေါ့မန် နောက်ခံလူ
ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ဗဟိုနောက်ခံလူ မန်နျူရယ် အကန်ဂျီကို ရိုးမားက ခေါ်ယူဖို့ စိတ်ဝင်စားလာကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။ အသက် (၂၇) နှစ် အရွယ် ဆွစ်ဇာလန် နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက ဒေါ့မန် အတွက် (၂၅) ပွဲ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။
အကန်ဂျီရဲ့ စာချုပ် သက်တမ်းက လာမယ့် ဇွန်လမှာ ကုန်ဆုံးမှာ ဖြစ်ပြီး ဒေါ့မန်က ဒီကစားသမားကို ရောင်းချဖို့ အတွက် အပြောင်းအရွှေ့ အစပိုင်းမှာ ကတည်းက ကြိုးစားနေခဲ့တာ ဖြစ်ပြီး အာဆင်နယ်၊ အင်တာမီလန် အပါအဝင် ဥရောပထိပ်တန်း အသင်း တချို့ကိုလည်း ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဂျိုဆေး မော်ရင်ဟိုရဲ့ အသင်းက ဗဟိုနောက်ခံလူ တစ်ဦး ရှာဖွေနေပြီး ယူနိုက်တက် နောက်ခံလူတွေ ဖြစ်တဲ့ လင်ဒီလော့ဖ်၊ အဲရစ်ခ် ဘိုင်ယီ တို့ကို ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက် အကန်ဂျီကို ပြောင်းလဲ ပစ်မှတ်ထားလာခဲ့တာပါ။ ဒါပေမယ့်လည်း အာကန်ဂျီ အတွက် ဒေါ့မန် ဘက်က ပြောင်းရွှေ့ကြေးက ယူရိုသန်း (၂၀) အနည်းဆုံး လိုချင်နေလို့ ဒီအချက်က ရိုးမား အတွက် အဟန့်အတား ဖြစ်နေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.