ဩဂုတ်လ ၂၃ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားတဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လက်ထိဘော ဖြစ်ကြောင်း ဒိုင်လူကြီးကို လှမ်းပြခဲ့တဲ့ မာနေး
ဘိုချမ်ကို ဘေယန်မြူးနစ်က ၇ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ်မှာ ဆာဒီယို မာနေးက သူသွင်းယူခဲ့တဲ့ ဂိုးဟာ လက်နဲ့ ထိခဲ့တယ်လို့ ကွင်းလယ်ဒိုင်ကို အမူအယာနဲ့ ပြသခဲ့ပါတယ်။ မာနေး ဂိုးသွင်းခဲ့စဉ်မှာ လက်နဲ့ထိခဲ့တာ ဖြစ်ပြီး VAR နဲ့ ပြန်မကြည့်ခင်မှာပဲ ဆီနီဂေါ တိုက်စစ်မှူးက ကွင်းလယ်ဒိုင်ကို အကြောင်းကြားခဲ့ကာ VAR ကလည်း လက်ထိဘော အဖြစ် သတ်မှတ်ပြီး ဂိုးမပေးခဲ့ပါဘူး။
မာနေး ကတော့ ဒီလုပ်ရပ် အတွက် ချီးကျူးခံနေရပြီး သူ့ရဲ့ အပြုအမူဟာ အားကစားသမား တစ်ယောက် ပီသခဲ့တယ်လို့ အမွှမ်းတင်ခံခဲ့ရပါတယ်။ အဆိုပါ ပွဲမှာတော့ မာနေးက ၂ ဂိုး အထိ သွင်းယူခဲ့ပြီး လက်နဲ့ထိခဲ့တဲ့ ဂိုးရပြီး ၁ မိနစ်ခွဲ အကြာမှာပဲ သူ့အတွက် ဂိုးသွင်းယူနိုင်ခဲ့ကာ စေတနာ အကျိုးပေးခဲ့တယ်လို့ပဲ ဆိုရပါမယ်။ မာနေး အတွက်တော့ စုတ်ရော၊ လာဘ်ပါ ဝင်ခဲ့တဲ့ ပွဲဖြစ်ပြီး ပရိသတ်တွေက သူ့ကို ပိုပြီး အချစ်တိုးနေခဲ့ပါတယ်။
ဒီရာသီမှာမှ ဘေယန်မြူးနစ်ကို ပြောင်းရွှေ့လာခဲ့တဲ့ မာနေးက အသင်းသစ်မှာ ခြေစွမ်းနေပြီး ပွဲတိုင်းနီးပါး ဂိုးသွင်းနိုင်နေတာ ဖြစ်ပါတယ်။ အခုအခါ မှာလည်း ဂိုးသွင်းနိုင်ခဲ့ပေမယ့် လက်ထိတာ ဒါမှမဟုတ် ပြစ်ဒဏ်ဘော ဖြစ်ခဲ့တယ် ဆိုပြီး ဝန်ခံပြောကြားခဲ့တဲ့ ကစားသမားတွေ ထဲက တစ်ဦး အဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ကာ သူ့ရဲ့ ထင်ပေါ် ကျော်ကြားမှု ပုံရိပ်ကို ပိုပြီး မြှင့်တင်နိုင်ခဲ့ပါတယ်။
လာမယ့် ရာသီမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပစ်မှတ် ဖြစ်လာမယ့် ဘယ်လင်ဂမ်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဂမ်ကို လာမယ့် ရာသီမှာ ခေါ်ယူမယ့် ထိပ်တန်း ပစ်မှတ် တစ်ခု အဖြစ် လာလီဂါ ထိပ်သီး အသင်းကြီး ရီးရဲလ်မက်ဒရစ်က သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အင်္ဂလန် ကြယ်ပွင့်ဟာ ဒေါ့မန်မှာ ခြေစွမ်းပြနေပေမယ့်လည်း အသင်းနဲ့ အတူ အောင်မြင်မှု ရဖို့တော့ အာမခံချက် နည်းနေသူ ဖြစ်ပါတယ်။
အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ် ကနေ ဒေါ့မန် ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းပြနေခဲ့တာလည်း ဖြစ်ပါတယ်။ မိုဒရစ်နဲ့ တိုနီ ခရူးစ် တို့ရဲ့ အသက်အရွယ် ရလာမှုကြောင့် ကွင်းလယ် တိုက်စစ်ပိုင်း အတွက် သွေးသစ်လောင်းဖို့ လိုအပ်နေချိန်မှာ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဂမ်ကို အဓိက ပစ်မှတ်အဖြစ် ယူဆခဲ့ပြီး စောင့်ကြည့်နေပြီလို့ ယူဆရပါတယ်။
ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကလည်း ဘယ်လင်ဂမ်ကို စိတ်ဝင်စားနေကာ ဒီရာသီ မှာတောင် ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိအချိန် အထိတော့ တစ်စုံတရာ ကမ်းလှမ်းထားတာမျိုး မရှိသေးဘဲ တကယ်လို့ ခေါ်ယူဖို့ ကြိုးစားခဲ့မယ် ဆိုရင်လည်း ရီးရဲယ်မက်ဒရစ်နဲ့ ထိပ်တိုက် ရင်ဆိုင်ကာ ခေါ်ယူရဖို့ ရှိနေပါတယ်။
လီဝမ်ဒေါစကီး မွေးနေ့ အတွက် မမေ့မလျော့ဘဲ ဆုတောင်းပေးခဲ့တဲ့ ဘေယန်မြူးနစ်




ဒီရာသီမှာမှ ဘာစီလိုနာကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူးဟောင်း ရောဘတ် လီဝမ်ဒေါစကီးရဲ့ ၃၄ နှစ် ပြည့် မွေးနေ့ကို ဘေယန်မြူးနစ်က အမှတ်တရ ဆုမွန်ကောင်း တောင်းပေးခဲ့တာပါ။ ပိုလန် တိုက်စစ်မှူးဟာ နှစ်အတန်ကြာ ကစားခဲ့တဲ့ ဘေယန်ကို စွန့်ခွာပြီး စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ ဘာစီလိုနာကို ပြောင်းရွှေ့ကာ လက်ရှိ မှာတော့ လာလီဂါ သွင်းဂိုး ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာ လီဝန်ဒေါစကီးက ဆိုစီဒက် အသင်းဘက်ကို ၂ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြခဲ့ပါတယ်။ ဘေယန် ကလည်း သူတို့ တိုက်စစ်မှူးဟောင်း မွေးနေ့ အတွက် လူမှုကွန်ရက် ကနေ ဆုတောင်းပေးခဲ့ပြီး အမှတ်ရနေဆဲလို့ ဖော်ပြခဲ့သလို သူတို့ကြားမှာ အေးအေးချမ်းချမ်းနဲ့ လမ်းခွဲခဲ့တယ် ဆိုတာ ကိုလည်း သိသာစေခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေမှာ လီဝမ်ဒေါစကီးက ဘေယန်မြူးနစ်ရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်ခဲ့ပြီး ဘွန်ဒက်လီဂါ ရွှေဖိနပ်ဆု ကိုလည်း ၇ ကြိမ် အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘေယန်မြူးနစ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား အပါအဝင် အောင်မြင်မှု အများအပြား ရယူနိုင်ခဲ့ပြီးနောက်မှာ နယ်မြေသစ်မှာ စွန့်စားခန်း အသစ်တွေ ဖွင့်ဖို့ အတွက် ဆုံးဖြတ်ခဲ့ပြီး အသင်းပြောင်းရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.