နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၆/၈/၂၀၂၂)

ဩဂုတ်လ ၁၆ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ်ကို ပြောင်းမယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ် အဲလ်အေ ဂလက်ဆီ ကစားသမား ပယ်ချ

အဲလ်အေ ဂလက်ဆီရဲ့ တောင်ပံကစားသမား ကီဗင် ကာဘရယ်ဟာ ဘွန်ဒက်စ်လီဂါ ကလပ် လိုက်ပ်ဇစ်ကို ပြောင်းရွှေ့မယ့် သတင်းတွေ အပေါ် ငြင်းဆန်ပယ်ချလိုက်ကြောင်း သိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ (၂၀၂၁) ကမှ အသင်းနဲ့ (၅) နှစ် သက်တမ်းရှိ စာချုပ် တစ်ရပ်ကို ချုပ်ဆိုထားတာပါ။

လိုက်ပ်ဇစ် ကလည်း ပြီးခဲ့တဲ့ (၂၀၂၁) တည်းက အဆိုပါ ပြင်သစ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပြီး လက်ရှိ နွေရာသီ အပြောင်းအရွှေ့ မှာတော့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အဲလ်အေဂလက်ဆီ ဘက်ကရော၊ ကစားသမား ဘက်ကပါ လိုက်ပ်ဇစ်ကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

ကာဘရယ်ဟာ လျင်မြန်ပြီး နေရာလွတ်တွေကို ဖန်တီးတဲ့ နေရာမှာ ကျွမ်းကျင်တဲ့ ကစားသမား ဖြစ်ပေမယ့် ဆုံးဖြတ်ချက် ချမှတ်တဲ့ နေရာမှာ အားနည်းလွန်းတဲ့ ကစားသမား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီမှာလည်း အသင်း အတွက် (၂၃) ပွဲ ကစားပြီး သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
ဘရိုက်တန်
1X2 ဘရိုက်တန် @ 3.05
ဘရိုက်တန် အာရှ ဟန်းဒီးကပ် 0.00 @ 2.40
ဂိုးပေါ် 2.50 @ 2.04
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လစ်ဗာပူးလ် ဝန်ထမ်း အယောက် (၁၅၀) အတွက် လက်ဆောင် ပေးပို့ခဲ့တဲ့ မာနေး

လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ လစ်ဗာပူး ကနေ ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဆာဒီယို မာနေးဟာ အသင်းဟောင်း လစ်ဗာပူးလ်မှာ ရှိတဲ့ ဝန်ထမ်း အယောက် (၁၅၀) အတွက် လက်ဆောင်တွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

မာနေးဟာ ကွင်းတွင်း ကွင်းပြင် အနေအေးတဲ့ စံပြ ကစားသမား တစ်ယောက် ဖြစ်ပြီး လစ်ဗာပူးလ်နဲ့လည်း အခုချိန်ထိ ဆက်ဆံရေးကောင်းတွေကို တည်ဆောက်ထားဆဲ ဖြစ်ပါတယ်။ အခုချိန် မှာလည်း ဆီနီဂေါ လက်ရွေးစင် အသင်းခေါင်းဆောင်က လစ်ဗာပူးလ် ဝန်ထမ်းအယောက် (၁၅၀) အတွက် ချောကလက်နဲ့ သီးသန့်ပို့စ်ကတ်တွေကို တယောက်ချင်းစီ အတွက် ပေးပို့ခဲ့ကြောင်း ဂျာနယ်လစ် ခရစ္စတီယန် ဖော့ခ်က အတည်ပြုပါတယ်။

မာနေးဟာ လစ်ဗာပူးလ်မှာ (၆) ရာသီကြာ ကစားခဲ့ပြီး အသင်းနဲ့ အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အပါအဝင် ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။


အသင်းဟောင်းရဲ့ လန်ဒန်ဒါဘီပွဲကို လာရောက် အားပေးခဲ့တဲ့ ဗာနာ

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းကမှ ချဲလ်ဆီး ကနေ လိုက်ပ်ဇစ်ကို အပြီးသတ် ပြန်လည် ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး တီမို ဗာနာဟာ တနင်္ဂနွေညက ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ စပါး တို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဥ်ကို လာရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။

ဒီကစားသမားဟာ လိုက်ပ်ဇစ် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ မတောက်ပနိုင်ခဲ့ဘဲ အခုနွေရာသီ အပြောင်းအရွှေ့ မှာတော့ ချဲလ်ဆီးက ဗာနာ အတွက် ခေါ်ယူထားတဲ့ စျေးထက်ဝက် ဝန်းကျင် အရှုံးခံပြီး ပြန်လည် ရောင်းထုတ်ခဲ့တာပါ။

ဗာနာဟာ ပြီးခဲ့တဲ့ စနေညက လိုက်ပ်ဇစ်နဲ့ ဘွန်ဒက်စ်လီဂါ ပွဲဦးထွက် အဖြစ် ပါဝင် ကစားပေးခဲ့ပြီး အသင်း အတွက် သွင်းဂိုး တစ်ဂိုး ကိုလည်း လှလှပပ ကန်သွင်းပေးခဲ့ပါသေးတယ်။ ဗာနာ လာရောက် ကြည့်ရှုခဲ့တဲ့ လန်ဒန် ဒါဘီ ပွဲကတော့ ကွန်တီနဲ့ တူဟယ်လ်တို့ရဲ့ ရန်ပွဲနဲ့ အတူ တော်တော်လေး ကြည့်ကောင်းခဲ့ပြီး ပွဲအပြီးမှာ နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်