နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၄/၈/၂၀၂၂)

ဩဂုတ်လ ၁၄ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ လိုက်ပ်ဇစ်နဲ့ လေဗာကူဆင်

ဘွန်ဒက်စ်လီဂါ ပွဲစဥ် ၂ ရဲ့ စနေနေ့ည ပွဲစဥ်တွေ မှာတော့ လိုက်ပ်ဇစ်နဲ့ လေဗာကူဆင်တို့ နိုင်ပွဲ ထပ်မံ ပျောက်ဆုံးခဲ့ပါတယ်။

အဖွင့် ပွဲစဉ်မှာ စတုဂတ်နဲ့ ၁ ဂိုးစီ သရေကျထားတဲ့ လိုက်ပ်ဇစ်ဟာ အိမ်ကွင်းမှာ ကိုလုံးကို ဒုတိယပိုင်း တစ်ပိုင်းလုံး တယောက်လျော့နဲ့ ကစားခဲ့ရပြီး ၂ ဂိုးစီ သရေနဲ့ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီပွဲမှာ တီမို ဗာနာက လိုက်ပ်ဇစ် အတွက် တကျော့ပြန်မှာ ပထမဦးဆုံး ပွဲထွက်ခဲ့ပြီး အသင်း အတွက် ပထမဂိုးကို လှလှပပ သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒေါ့မန်ကို အဝေးကွင်းမှာ ရှုံးခဲ့တဲ့ လေဗာကူဆင် ကတော့ အိမ်ကွင်း မှာလည်း အော့စ်ဘတ်ကို ၁-၂ ရလဒ်နဲ့ ထပ်မံ ရှုံးနိမ့်ပြီး ရာသီအဖွင့် ၂ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ပါတယ်။ တခြား ပွဲစဉ်တွေ မှာတော့ ဟော့ဖန်းဟိမ်းက ဘိုချမ်ကို ၃-၂နဲ့ အနိုင်ရခဲ့ပြီး ဟာသာဘာလင်နဲ့ ဖရန့်ဖတ်၊ ဝါဒါဘရီမင်နဲ့ စတုဂတ် ပွဲတွေ ကတော့ ၁-၁ ရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
စနေနေ့ညရဲ့ နောက်ကျပွဲ မှာတော့ ရှော်လ်ကေးနဲ့ မိုချန်ဂလာဘတ်တို့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး အပြန်အလှန် ဂိုးတွေ သွင်းပြီး ၂-၂ ရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။


ဂျူဗင်တပ်စ် ဘယ်နောက်ခံလူကို အငှားနဲ့ ခေါ်လိုက်တဲ့ ဖရန့်ဖတ်

စီးရီးအေ
တိုရီနို
လာဇီယို
1X2 တိုရီနို @ 3.05
တိုရီနို အာရှ ဟန်းဒီးကပ် +0.25 @ 1.97
ဂိုးပေါ် 2.50 @ 1.88
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘွန်ဒက်စ်လီဂါ ကလပ် ဖရန့်ဖတ် ကတော့ ဂျူဗင်တပ်စ် ဘယ်နောက်ခံလူ လူကာ ပယ်လီဂရီနီကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခဲ့ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ အသက် ၂၃ နှစ် အရွယ် အီတလီ နောက်ခံလူဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ပွဲစဉ် ၁၅ ပွဲ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်က ဖရန့်ဖတ် ကစားသမား ဖိလစ် ကော့စတစ်ကို ခေါ်ယူခဲ့ပြီးနောက် ပယ်လီဂရီနီ အနေနဲ့ ပွဲခွင့်ရဖို့ ရုန်းကန်ရနိုင်တာကြောင့် အခုလိုပဲ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ်။

ပယ်လီဂရီနီဟာ ဘယ်ခြမ်းမှာ တိုက်စစ်၊ ခံစစ် နေရာ မရွေးကစားနိုင်ပြီး နောက်ခံလူ ၃ ဦး ဒါမှမဟုတ် ၄ ဦး ကစားကွက်တွေ မှာလည်း အံဝင်အောင် ကစားနိုင်သူပါတယ်။ ဒီကစားသမားဟာ ရိုးမား အကယ်ဒမီထွက် ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဂျူဗင်တပ်စ်ကို ယူရို ၂၂ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။


ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတဲ့ စတုဂတ် တိုက်စစ်မှူး

ကလက်ဂျစ်ဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကလက်ဂျစ်

စတုဂတ် တိုက်စစ်မှူး ဆာဆာ ကလက်ဂျစ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ လက်တလော ရလဒ် ဆိုးတွေ အောက်မှာ ရုန်းကန်နေရတဲ့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းက အထောင် တိုက်စစ် အတွက် အတွက် အသက် ၂၅ နှစ် အရွယ် သြစတြီးယား လက်ရွေးစင်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

လက်ရှိ အသင်းရဲ့ တိုက်စစ်မှာ မာစီရယ် ဒဏ်ရာရနေတဲ့ အပြင် ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်ဒို ကလည်း အနာဂတ် မသေချာ မရေရာ ဖြစ်နေတာကြောင့်လည်း ကလက်ဂျစ်ကို ရေရှည် အတွက် စဉ်းစားနေတာ ဖြစ်ပါတယ်။ ကလက်ဂျစ်ဟာ လက်ရှိမှာ ဘွန်ဒက်စ်လီဂါ ကလပ်နဲ့ စာချုပ် သက်တမ်း နောက်ဆုံး နှစ်ထဲကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူ ကိုယ်တိုင်က စိန်ခေါ်မှု အသစ်တွေ ရှာဖွေဖို့ အချိန်တန်ပြီလို့ ယူဆပြီး ယူနိုက်တက်ဆီ ပြောင်းရွှေ့လိုနေတာ ဖြစ်ပါတယ်။

ယူနိုက်တက် ကတော့ လက်တလော တစ်သင်းလုံး နီးပါး နေရာစုံ ပြင်ဆင် အားဖြည့်မှုတွေ လိုအပ်နေပြီး မနေ့ညက ဘရန့်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ် မှာလည်း ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့် ရက်သတ္တပတ် အတွင်း အပြောင်းအရွှေ့ ကိစ္စတွေကို အရှိန်မြှင့် လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်