နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၁၃/၈/၂၀၂၂)

နိုင်ပွဲ ဆက်ခဲ့တဲ့ ဒေါ့မန်၊ အသင်းပြောင်းရခြင်း အကြောင်းရင်းကို ပြောပြခဲ့တဲ့ လီဝမ်ဒေါစကီး စတဲ့ သတင်းတွေ အပါအဝင် ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ဒေါ့မန်ကို ဘွန်ဒက်စ်လီဂါ ၉ ပွဲဆက် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ တာဇစ်

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ ရဲ့ အစောဆုံး ပွဲမှာတော့ ဒေါ့မန်တို့ အဝေးကွင်းမှာ ဖရိုင်းဘတ်ကို နောက်ကျဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲ မတိုင်ခင် ဖရိုင်းဘတ် အိမ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲ ဆက်တိုက် ဒေါ့မန်တို့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

ဒေါ့မန် ဘက်က အဒီယီမီ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ဘဲ တိုက်စစ်မှူးသစ် အန်သိုနီ မိုဒက်စ်တေးက အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်လာခဲ့ပါတယ်။ ဖရိုင်းဘတ် အတွက် ဦးဆောင်ဂိုး ကိုတော့ ဂရီဂေါ်ရစ်ချ်က သွင်းယူပေးခဲ့ပါတယ်။

ဖရိုင်းဘတ်တို့ ပွဲကစားချိန် (၇၇) မိနစ် အထိ ဦးဆောင်နိုင်ခဲ့ပေမယ့် (၁၀) မိနစ်အတွင်း (၃) ဂိုး အထိ ပြန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒေါ့မန်အတွက် ဂိုးတွေကို ဂစ်တင်စ်၊ မူကိုကိုနဲ့ ဝုလ်ဖ် တို့က သွင်းယူပေးခဲ့ကြပြီး ဒေါ့မန်တို့ ရာသီ အဖွင့် ၂ ပွဲဆက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။


အသင်းပြောင်းတာ ဟာလန်းနဲ့ မဆိုင်ကြောင်း ရှင်းပြခဲ့တဲ့ လီဝမ်ဒေါစကီး

ဘေယန်မြူးနစ်က ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားခဲ့လို့ အသင်းပြောင်းခဲ့တာ မဟုတ်ကြောင်း ရောဘတ် လီဝမ်ဒေါစကီးက ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

အာလင်း ဟာလန်းကို မန်စီးတီးက မခေါ်ခင် ဘေယန်မြူးနစ်က အရင်ဆုံး စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ လီဝမ်ဒေါစကီး အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ကနေ ထွက်ခွာဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တာကြောင့် ဘေယန်မြူးနစ်ဟာ ဟာလန်းကို ခေါ်ယူဖို့ စီစဉ်ခဲ့တာကြောင့် ဖြစ်နိုင်ကြောင်း ယူဆမှုတွေ ရှိနေခဲ့တာပါ။

စီးရီးအေ
ဂျူဗင်တပ်စ်
ဆာဆူအိုလို
1X2 ဂျူဗင်တပ်စ် @ 1.13
ဂျူဗင်တပ်စ်အာရှ ဟန်းဒီးကပ် -1.25 @ 2.00
ဂိုးပေါ် 3.00 @ 1.86
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒါပေမယ့် လီဝမ်ဒေါစကီးက “ကျွန်တော့် အတွက် ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဘေယန်မြူးနစ်က ဟာလန်းကို ခေါ်ဖို့ ကြိုးစားလို့ ထွက်ခဲ့တာလည်း မဟုတ်ပါဘူး။ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော် အသင်းပြောင်းရတဲ့ အကြောင်းရင်းက အိပ်မက်တွေကို အကောင်အထည် ဖော်ချင်လို့ပါ။” ဆိုပြီး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဟာလန်း ကလည်း လက်ရှိနွေရာသီ အပြောင်းအရွှေ့ မတိုင်ခင် ကတည်းက မန်စီးတီးကို ပေါင် (၅၂) သန်းနဲ့ ပြောင်းရွှေ့ဖို့ စောစောစီးစီး သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။


လာမယ့်နွေရာသီမှာ အန်ကွန်ကူကို ကြိုးစားဖွယ်ရှိတဲ့ ဘေယန်မြူးနစ်

ဘေယန်မြူးနစ်တို့ ဘာစီလိုနာကို ပြောင်းရွှေ့သွားတဲ့ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ လိုက်ပ်ဇစ် တိုက်စစ်မှူး ခရစ္စတိုဖာ အန်ကွန်ကူနဲ့ အစားထိုးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါ လက်ရှိချန်ပီယံ ဘေယန်တို့ လက်ရှိ နွေရာသီမှာ လီဝမ်ဒေါစကီးရဲ့ နေရာကို တိုက်ရိုက် အစားထိုးထားခြင်း မရှိဘဲ လာမယ့် နွေရာသီမှပဲ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်က အစောပိုင်းမှာ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူမယ် ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

လိုက်ပ်ဇစ်တို့ လက်ရှိ အပြောင်းအရွှေ့မှာ ချဲလ်ဆီး ကနေ တီမို ဗာနာကို ပြန်လည် ခေါ်ယူထားခဲ့သလို ဘင်ဂျမင် ဆက်စ်ကို ကလည်း နောက်နှစ် နွေရာသီကျရင် ထပ်မံ ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် ကြယ်ပွင့် အန်ကွန်ကူ တယောက် လာမယ့် (၂၀၂၃) နွေရာသီ အပြောင်းအရွှေ့မှာ သေချာပေါက် အသင်း ကနေ ထွက်ခွာလိမ့်မယ် ဆိုပြီးတော့လည်း သုံးသပ်နေကြပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်